အင်အားရစ်(ချ်)တာစကေး 7.7 အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်လှုပ်ရှားခဲ့သော်လည်း မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ပုဂံဘုရားများတွင် ကြီးမားသည့် ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့ ပြောဆိုချက်အရ သိရသည်။
“ ကျွန်တော်တို့ မီးသတ်အဖွဲ့တွေ စိုးရိမ်ကြီးစွာနဲ့ ကူညီ/ ကယ်ဆယ်ရေးတွေ လိုအပ်ရင် ဆောင်ရွက်ပေးဖို့ လှည့်ပတ်စစ်ဆေးဆောင်ရွက်ခဲ့ကြပါတယ်။ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှု မရှိခဲ့တာ တကယ်ကို ကံကောင်းလှပါတယ်။ သာသနာ့နယ်မြေ ပုဂံမြေ။”ဟု ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့က ပြောဆိုထားသည်။
ယမန်နေ့ မတ်(၂၈) ရက်၊ အင်အားရစ်(ချ်)တာစကေး ရ ဒသမ ရ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ နေရာများကို အရေးပေါ် အခြေနေအဖြစ် ကြေညာထားသည်။
“ေ-သဆုံး ထိခိုက် ပျက်စီးမှုများတဲ့ အရပ်ဒေသက ပြည်သူတွေလည်း ထိခိုက်မှုအနည်းဆုံးဖြစ်ပါစေ။ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေလည်းများစွာရရှိနိုင်ပါစေ။ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသော မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးလည်း ဘေးကင်းကြပါစေ။”ဟုလည်း ဆက်လက်ပြောဆိုထားသည်။
လက်ရှိ ငလျင်ဒဏ်သင့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့များ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် နိုင်ငံတကာအဖွဲ့အစည်း အသီးသီးမှလည်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။