Monday, January 6, 2025

တောင်ငူမြို့တွင် နေရပ်မပြန်နိုင်ဘဲ ခိုလှုံနေရသည့် စစ်ရှောင်...

တောင်ငူမြို့တွင် နေရပ်မပြန်နိုင်ဘဲ ခိုလှုံနေရသည့် စစ်ရှောင် (၁၀၀၀)ကျော်မှာ လက်ရှိအချိန်၌ စားဝတ်နေရေးအတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရပ်တည်နေကြရကြောင်း ‌ဒေသခံစစ်ရှောင်အရေးဆောင်ရွက်ပေးခဲ့သူ သတင်းရင်းမြစ်တစ်ဦးက ‌ပြောသည်။ အဆိုပါ စစ်ရှောင်များမှာ...

စတုတ္ထအကြိမ်မြောက် CNPC Youth Short-Video...

CNPC ကုမ္ပဏီမှ ဦးစီးကျင်းပသော စတုတ္ထအကြိမ်မြောက် CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲ ကို ၂၀၂၃ ခုနှစ်...

ယူကရိန်းကို အကူအညီမပေးသည့်အတွက် အနောက်နိုင်ငံများကို ဆိုးရွားသောအသုံးအနှုန်းဖြင့်...

သူ့အမြင်အရတော့ အနောက်နိုင်ငံတွေက မော်စကိုကို ပိတ်ဆို့အရေးယူမှုတွေနဲ့ လက်နက်ထောက်ပံ့မှုတွေနဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မတိုင်ခင်ကတည်းက မော်စကိုကို ခြိမ်းခြောက်ဖို့ ကြိုးပမ်းရမှာ...

မိုဒီထံမှဒေါ်လာ၂၀,၀၀၀တန်စိန်တစ်ပွင့်ဘိုင်ဒင်ကတော်လက်ဆောင်ရခဲ့

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်မိသားစုသည် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရပ်ခြားခေါင်းဆောင်များထံမှ ဒေါ်လာသောင်းချီ၍တန်ဖိုးရှိသော လက်ဆောင်ပဏ္ဍာများ ကို ရရှိခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်သော စာရင်းအင်းတစ်ခုအရသိရသည်။ ယင်းလက်ဆောင်များထဲတွင်...
HomeNewsLocal Newsအင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား (၁၀၀၀)...

အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား (၁၀၀၀) ဝန်းကျင် ပြန်လွတ်

ယနေ့ ဇန်နဝါရီ (၄) ရက်တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသူအကျဉ်းသား (၆၀၀၀) ဝန်းကျင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသူ အကျဉ်းသား (၁၀၀၀) ဝန်းကျင် ပြန်လွတ်ရန်ရှိကြောင်း ပြန်လည်လွတ်မြောက်လာသူအချို့၏ ပြောကြားချက်အရ သိရသည်။

လက်ရှိအချိန်ထိ အကျဉ်းသား (၈၀၀) ကျော် ပြန်လည် လွတ်မြောက်လာပြီဖြစ်ပြီး (၂၀၀) ဝန်းကျင် ပြန်လွတ်လာရန် ကျန်ရှိနေသေးကြောင်း ယနေ့နံနက်ပိုင်း လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသည့် အကျဉ်းသားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

လက်ရှိအချိန်ထိ ပြန်လွတ်လာသူများထဲတွင် အမျိုးသား (၄၁၀) ကျော် ၊ အမျိုးသမီး (၄၀၀) ဝန်းကျင် ပါဝင်ပြီး သရုပ်ဆောင် သင်ဇာဝင့်ကျော်လည်း ပြန်လည်ပါရှိလာသည်ကို တွေ့ရသည်။

အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသူများအနက် သရုပ်ဆောင်ဆောင် ရဲတိုက်၊ အဆိုတော်ဗျူဟာ ၊ မော်ဒယ် နန်းမွေစံတို့ အပါအဝင် ကျန်အထင်ကရ ပုဂ္ဂိုလ်များ ပြန်လွတ်လာသည်ကို မ‌တွေ့ရပေ။

ထို့ပြင် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ သတင်းစာဆရာ စည်သူအောင်မြင့် ၊ ကိုဂျိမ်းတို့အပါအဝင် ဝါရင့် နိုင်ငံရေးသမားများ၊ သတင်းစာဆရာများ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်သည်။

ယနေ့ နစက ဥက္ကဋ္ဌ၏ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသည့် အကျဉ်းသား (၅၈၀၀) ကျော်ထဲတွင် နိုင်ငံရေး အကျဉ်းသား (၆၀၀) ဝန်းကျင်ပြန်လွတ်လာကြောင်းသိရပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်‌ ဦးခက်အောင်လည်း ပြန်လွတ်လာသည်ကို တွေ့ရသည်။

ဓာတ်ပုံ – ပေါ်ပြူလာနယူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ငူမြို့တွင် နေရပ်မပြန်နိုင်ဘဲ ခိုလှုံနေရသည့် စစ်ရှောင် (၁၀၀၀)ကျော် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရပ်တည်နေဟုဆို

တောင်ငူမြို့တွင် နေရပ်မပြန်နိုင်ဘဲ ခိုလှုံနေရသည့် စစ်ရှောင် (၁၀၀၀)ကျော်မှာ လက်ရှိအချိန်၌ စားဝတ်နေရေးအတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရပ်တည်နေကြရကြောင်း ‌ဒေသခံစစ်ရှောင်အရေးဆောင်ရွက်ပေးခဲ့သူ သတင်းရင်းမြစ်တစ်ဦးက ‌ပြောသည်။ အဆိုပါ စစ်ရှောင်များမှာ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ကျေးရွာများအတွင်းနေထိုင်သူများဖြစ်ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း တိုက်ပွဲများကြောင့် တောင်ငူမြို့ပေါ်သို့ စစ်ရှောင်လာကြသူများဖြစ်ကြောင်း ဆိုသည်။ "သူတို့ တောင်ငူမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာပဲ ခိုလှုံနေကြတာပေါ့။ အချို့ကလည်း ကိုယ်ရပ်ကိုယ့်ရွာပြန်ကုန်ကြပြီ။ လုံးဝပြန်လို့ မရတော့တဲ့ ကျေးရွာက သူတွေကတော့ ဘုန်းကြီးကျောင်းတွေမှာနေတဲ့သူရှိတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ်နေတဲ့သူရှိတယ်။ အားလုံးက နီးစပ်ရာအလုပ်တွေဝင်လုပ်ပြီး ရပ်တည်နေကြပါတယ်။ အခုတိုက်ပွဲကတော့ မကြာခဏဖြစ်နေတာလောက်ဘဲရှိပါတယ်...

စတုတ္ထအကြိမ်မြောက် CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲ ကျင်းပပြီးစီး

CNPC ကုမ္ပဏီမှ ဦးစီးကျင်းပသော စတုတ္ထအကြိမ်မြောက် CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲ ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့မှ စတင်၍ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကျင်းပခဲ့ရာ ယခုအခါ ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။ CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲကို ၂၀၂၀ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲဝင်သူများသည် လူငယ်တို့၏ ချစ်ခြင်းမေတ္တာ၊ သူငယ်ချင်း၊ သံယောဇဉ်၊ စိတ်ဓာတ်ခွန်အား...

ယူကရိန်းကို အကူအညီမပေးသည့်အတွက် အနောက်နိုင်ငံများကို ဆိုးရွားသောအသုံးအနှုန်းဖြင့် ဇလန်းစကီး အပြစ်တင်

သူ့အမြင်အရတော့ အနောက်နိုင်ငံတွေက မော်စကိုကို ပိတ်ဆို့အရေးယူမှုတွေနဲ့ လက်နက်ထောက်ပံ့မှုတွေနဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မတိုင်ခင်ကတည်းက မော်စကိုကို ခြိမ်းခြောက်ဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ အမေရိကန် သတင်းထောက် Lex Fridman နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အနောက်နိုင်ငံမိတ်ဆွေများများ အကြောင်း ပြောကြားရာ၌ ယူကရိန်းသမ္မတ ဇလန်းစကီးက ဆိုးရွားသောအသုံးအနှုန်းဖြင့် ပြစ်တင်ပြောဆိုခဲ့သည်။ အမေရိကန် သတင်းထောက် Lex Fridman အကြံပြုထားသည့်အတိုင်း အင်တာဗျူးတစ်ခုလုံးကို ရုရှားဘာသာဖြင့်ဖြေကြားခဲ့ခြင်းမဟုတ်သော်လည်း အနောက်နိုင်ငံမိတ်ဆွေများအကြောင်း ပြောကြားရာတွင်မူ ရုရှားဘာသာစကားဖြင့် ဆိုးရွားသော အသုံးအနှုန်းများကို အကြိမ်များစွာ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ သူဖြစ်စေချင်သည်မှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071