Friday, February 28, 2025

ထိုင်းနှင့်စင်ကာပူပူးပေါင်း၍ ကမ္ဘာ့အဆင့် ဟက်ကာတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့

ကမ္ဘာတစ်ဝန်း hack လုပ်မှု ၇၅ ခုထက်မနည်း ပြုလုပ်ခဲ့သည်ဟု ယူဆရသော အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖေဖော်ဝါရီ ၂၆...

ထရန်စ်ဂျန်ဒါ(Transgender)ဝန်ထမ်းများကို အမေရိကန်စစ်တပ်မှ ထုတ်ပယ်မည်

ပင်တဂွန်မှ ယခု သီတင်းပတ် ဆုံးဖြတ်ချက်မှတ်တမ်းအရ ထရန်စ်ဂျန်ဒါ(Transgender)ဝန်ထမ်းများကို စစ်တပ်မှ ထုတ်ပယ်မည်ဟု သိရသည်။ ယင်းသည် ထရန်စ်ဂျန်ဒါဝန်ထမ်းများအား စစ်တပ်တွင် ပါဝင်ခွင့် သို့မဟုတ်...

ချောက်မြို့၌ ဉာဏ်တော်(၈၁)ပေရှိ စွယ်တော်မြတ်စေတီတော်တည်ထားကိုးကွယ်မည်

မကွေးတိုင်း၊ ချောက်မြို့၊ အမှတ်(၅)ရပ်ကွက်၌ ဘာသာ သာသနာထွန်းကားနိုင်ရေး၊ သက်ကြီးရွယ်အိုများအပူရှောင်နားနေနိုင်ရေးတို့အတွက် ရည်ရွယ်၍ ဉာဏ်တော်(၈၁)ပေရှိ စွယ်တော်မြတ်စေတီတော်အား တည်ထားကိုးကွယ်တော်မူသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တည်ထားကိုးကွယ်တော်မူရန် ပထမအကြိမ်အလှူတော်‌ငွေပေးအပ်ပွဲအခမ်းအနားအား...

အာဆီယံဆက်သွယ်ရေးအလုပ်ရုံဆွေးနွေးပွဲကိုအိမ်ရှင်အဖြစ် လက်ခံကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ မြန်မာနိုင်ငံသည် “အစိုးရဆက်သွယ်မှုကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်ခြင်း” အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင် ဗုဒ္ဓဟူးနေ့ကအိမ်ရှင်အဖြစ်လက်ခံကျင်းပ ပြုလုပ်ခဲ့ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ ပထမနေ့ ဆွေးနွေးမှုတွင်...
HomeNewsLocal Newsအင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ယခင်နှစ်က...

အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ယခင်နှစ်က မတွေ့ရှိခဲ့သည့် ရေပျော်မျိုးစိတ်(၄)မျိုးကို ယခုနှစ်တွင် ပြန်လည်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ် ဒေသများတွင် ယခင်နှစ်က မတွေ့ရှိခဲ့သည့် ဒုံးမြီးကွက်ငှက် (၃)ကောင်၊ ဘဲကျားလေး (၁၃ ဝ)ကောင်၊ အမောက်ပါတစ်တီးတူး (၁၀)ကောင်နှင့် ဂေါ်ပြားနှုတ်သီးပုံဘဲ (၃၀)ကောင်စသည့် ရေပျော်မျိုးစိတ်(၄)မျိုးကိုပါ ယခုနှစ်တွင် ပြန်လည်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဇန်နဝါရီလအတွင်း အာရှရေပျော်ငှက်စာရင်း ကောက်ယူရာ၌လည်း ရှားပါးဆောင်းခိုရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း(၄၆)မျိုး၊ ကောင်ရေ (၂၀၂၀၇)ကောင်ကို စာရင်းကောက်ယူနိုင်ခဲ့ကြောင်း အင်းတော်ကြီး ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အင်းတော်ကြီးအိုင်သို့ နှစ်စဉ်ဆောင်းရာသီ ပွင့်လင်းရာသီသို့ ရောက်ရှိလာတိုင်း အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဆောင်းခိုငှက်မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ်များ ကျင်လည်ကျက်စားလျက်ရှိကြကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလအတွင်း အာရှရေပျော်ငှက်စာရင်း ကောက်ယူချက်များအရ ရှားပါးဆောင်းခိုရေပျော်ငှက်မျိုးစိတ် (၂၈)မျိုး၊ ကောင်ရေ (၁၆၂၁၅)ကောင်နှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ် (၁၈)မျိုး၊ ကောင်ရေ (၃၉၉၂)ကောင် စုစုပေါင်းကောင်ရေ (၂၀၂၀၇)ကောင်ကို အင်းတော်ကြီးအိုင်၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် အင်းတော်ချောင်းတလျှောက် ချောင်းဘေးဝဲ/ယာနှင့် ဆက်စပ်ရေဝပ်ဒေသများရှိ ကိုင်းတောများအတွင်းသို့ တာဝန်ရှိသူများက အဖွဲ့များခွဲ၍ စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငှက်မျိုးစိတ်များသည် ဇန်နဝါရီလအတွင်း တွေ့ရှိရသည့် ရှားပါးဆောင်းခို ရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ်များသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ငှက်မျိုးစိတ်(၁)မျိုးနှင့် ကောင်ရေ(၁၂၀၀)ကျော် လျော့နည်းတွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းငှက်မျိုးစိတ်များ အများဆုံးကျက်စားလေ့ရှိသည့် ငှက်စာရင်းကောက် လမ်းကြောင်းတစ်ခုဖြစ်သော အင်းတော်ချောင်းအတွင်း စက်လှေဖြင့် ငှက်စာရင်းများ ကောက်ယူရာ၌ ရေမှော်နှင့် ဒိုက်များ ပိတ်မိနေခြင်းကြောင့် သွားလာရာတွင် အခက်အခဲများရှိနေခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ရာသီဥတုအခြေအနေနှင့် အချို့နေရာများတွင် ကိုင်းတောများ ထူထပ်နေခြင်းတို့ကြောင့် ငှက်မျိုးစိတ်များကို မြင်တွေ့နိုင်ရန်နှင့် အကောင်ရေများ ရေတွက်ရာတွင် ခက်ခဲသဖြင့် ငှက်မျိုးစိတ်နှင့် အကောင်ရေများ မှတ်တမ်းတင်ရာ၌ အနည်းငယ် တိမ်းစောင်းမှုများလည်းရှိကြောင်း သိရသည်။

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ အများဆုံးတွေ့ရှိရသည့် ရှားပါးဆောင်းခို ရေပျော်ငှက်မျိုးစိတ်များမှာ ကြိုးကြာခေါင်းမဲ (၄၂၉၄)ကောင်၊ ဘဲဖြူနက် (၃၅၄၀) ကောင်၊ ရေကြက်ဒုံ (၂၈၄၀)ကောင်၊ စင်ရော်ခေါင်းညို (၉၃၅) ကောင်၊ ခရုစုပ်အနက် (၉၂၄)ကောင်၊ ပို့ချဘဲ (၆၅၀)ကောင်၊ တောငန်း (၆၅၀)ကောင်၊ အော်ရော (၆၅၀)ကောင်၊ ဘဲနီစပ် (၅၂၀)ကောင်၊ စင်ရော်ခေါင်းမဲ (၃၂၅)ကောင်နှင့် ဘဲမဲ (၂၁၄)ကောင်စသည်တို့ ပေါများစွာတွေ့ရှိရကြောင်း သိရသည်။ 

အဆိုပါ ရေပျော်ငှက်မျိုးစိတ်များ စာရင်းကောက်ယူခြင်းကို အင်းတော်ကြီးအိုင်၏ အရှေ့ဘက် လမ်းကြောင်း၊ အနောက်ဘက်လမ်းကြောင်း၊ အင်းတော်ချောင်း တလျှောက် ချောင်းဘေးဝဲ/ယာနှင့် ဆက်စပ်ရေဝပ်ဒေသများရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းနှင့်စင်ကာပူပူးပေါင်း၍ ကမ္ဘာ့အဆင့် ဟက်ကာတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့

ကမ္ဘာတစ်ဝန်း hack လုပ်မှု ၇၅ ခုထက်မနည်း ပြုလုပ်ခဲ့သည်ဟု ယူဆရသော အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖေဖော်ဝါရီ ၂၆ ရက်က ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည်။ စင်ကာပူ ရဲတပ်ဖွဲ့(SPF) နှင့် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့တို့သည် နယ်စပ်ဖြတ်ကျော် စစ်ဆင်‌ရေး တစ်ခုကိုပြုလုပ်ခဲ့ပြီးနောက် ၎င်းကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖေဖော်ဝါရီ ၂၇ ရက်က ထုတ်ပြန်ချက်တွက် SPF က ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးမှုများတွင် ကူညီခဲ့သည့် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Group-IB က အဆိုပါအမျိုးသားသည် အာရှ-ပစိဖိတ်ဒေသတစ်ဝန်းတွင် ၆၅ ခုအပါအဝင်...

ထရန်စ်ဂျန်ဒါ(Transgender)ဝန်ထမ်းများကို အမေရိကန်စစ်တပ်မှ ထုတ်ပယ်မည်

ပင်တဂွန်မှ ယခု သီတင်းပတ် ဆုံးဖြတ်ချက်မှတ်တမ်းအရ ထရန်စ်ဂျန်ဒါ(Transgender)ဝန်ထမ်းများကို စစ်တပ်မှ ထုတ်ပယ်မည်ဟု သိရသည်။ ယင်းသည် ထရန်စ်ဂျန်ဒါဝန်ထမ်းများအား စစ်တပ်တွင် ပါဝင်ခွင့် သို့မဟုတ် တာဝန်ထမ်းဆောင်ခွင့်များကို ပိတ်ပင်လိုက်ခြင်း ဖြစ်ပြီး၊ အဆိုပါမှတ်တမ်းကိုလည်း ဗုဒ္ဓဟူးနေ့တွင် တရားရုံးသို့ တင်သွင်းခဲ့ပြီးဖြစ်သည်။ ဤဆုံးဖြတ်ချက်သည် သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမသက်တမ်းအတွင်း ထရန်စ်ဂျန်ဒါဝန်ထမ်းများအပေါ် ထားရှိခဲ့သော ကန့်သတ်ချက်များထက်ပင် ပိုမိုတင်းကျပ်လာခြင်းဖြစ်ပြီး၊ ထရမ့်ကို ထောက်ခံသူများကပင် ယခင်က မကြုံဖူးသော လုပ်ရပ်ဟု ဆိုကြသည်။ ထရမ့်သည် လွန်ခဲ့သောလကပင်လျှင် ထရန်စ်ဂျန်ဒါစစ်သားများကို ဦးတည်သည့် အုပ်ချုပ်ရေးအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ "ထရန်စ်ဂျန်ဒါစစ်သားများသည်...

ချောက်မြို့၌ ဉာဏ်တော်(၈၁)ပေရှိ စွယ်တော်မြတ်စေတီတော်တည်ထားကိုးကွယ်မည်

မကွေးတိုင်း၊ ချောက်မြို့၊ အမှတ်(၅)ရပ်ကွက်၌ ဘာသာ သာသနာထွန်းကားနိုင်ရေး၊ သက်ကြီးရွယ်အိုများအပူရှောင်နားနေနိုင်ရေးတို့အတွက် ရည်ရွယ်၍ ဉာဏ်တော်(၈၁)ပေရှိ စွယ်တော်မြတ်စေတီတော်အား တည်ထားကိုးကွယ်တော်မူသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တည်ထားကိုးကွယ်တော်မူရန် ပထမအကြိမ်အလှူတော်‌ငွေပေးအပ်ပွဲအခမ်းအနားအား ဖေဖော်ဝါရီ ၂၇ ရက်နံနက် ၁၀ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ချောက်မြို့စွယ်တော်မြတ်စေတီတော်တည်ဆောက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် မကွေးတိုင်းဝန်ကြီးချုပ်မှ ချောက်မြို့သည်ကမ္ဘာတွင် အပူဆုံးမြို့အဖြစ်စံချိန်တင်ခံခဲ့ရသည့်မြို့ဖြစ်၍ ဘာသာ သာသနာ ထွန်းကားနိုင်ရေးနှင့် သက်ကြီးရွယ်အိုများအပူရှောင်နားနေနိုင်ရေးတို့အတွက် စွယ်တော်မြတ်စေတီတော်အား တည်ထားကိုးကွယ်ရန်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မြေနေရာပြုပြင်ထားရှိမှု ရာနှုန်းပြည့်ပြီးစီးပြီဟု ပြောသည်။ ထို့ပြင် စွယ်တော်မြတ်စေတီတော်မြတ်ကြီးတည်ထားကိုးကွယ်တော်မူနိုင်ရန် တိုင်းအစိုးရအဖွဲ့အနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071