ငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ နယ်၊ အင်းလေးဒေသတွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ကာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပြီး တာဝန်ရှိသူများက ကေလာကျေးရွာတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ကူညီမှုများပြုလုပ်ပေးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ပေးလျက်ရှိရာ သက်ဆိုင်ရာဆေးရုံနှင့် ယာယီကယ်ဆယ်ရေးစခန်းတို့၌ လျှပ်စစ်မီးပြန် လည်ရရှိရန် ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီ ယာရုံးမှ ဝန်ထမ်းများကဆောင်ရွက်ခဲ့ကြသဖြင့် ဧပြီ ၆ ရက်၊ ည ၇ နာရီ ၁၀ မိနစ်တွင် ကေလာဘုန်းတော်ကြီးကျောင်းနှင့် ယာယီဆေးရုံတို့အား လျှပ်စစ်ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။