Wednesday, April 23, 2025

ထိုင်းကပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်ကွယ်လွန်သည့်အတွက်ဝမ်းနည်း

ထိုင်းနိုင်ငံတစ်ဝန်းရှိ ဘာသာရေးခေါင်းဆောင်များ နှင့်အစိုးရ အဖွဲ့ဝင်များသည် အီစတာတနင်္လာနေ့တွင် ကွယ်လွန်ခဲ့သော အသက် (၈၈) နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်မှုအတွက် ဝမ်းနည်းပူဆွေးမှုကို...

လားရှိုးတွင် မေ(၁)ရက်မှစတင်၍ ဌာနဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ဖွယ်ရှိဟုဆို

ရှမ်း/မြောက် လားရှိုးမြို့တွင် လာမည့် မေ(၁)ရက်မှစတင်၍ ဌာနဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ဖွယ်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ တပ်မတော်က လားရှိုးမြို့သို့ ဝင်ရောက်လာပြီး တပ်နေရာချထားမှုများကို စတင်...

ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးများ...

Sky News ၏ သတင်းအရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို လန်ဒန်သို့ မလာရောက်တော့သည့်အတွက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးများ ဗုဒ္ဓဟူးနေ့တွင်...

ချင်းမိုင်ကိုယူနက်စကိုကမ္ဘာ့သမိုင်းဝင်အမွေအနှစ်မြို့တော်စာရင်းဝင်ရန် ထိုင်းကြိုးပမ်း

မြောက်ပိုင်းမြို့တော်၏ နှစ် ၇၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ချင်းမိုင်ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ၂၀၂၆ ခုနှစ်တွင် အစိုးရက အမည်စာရင်းတင်သွင်းရန် စီစဉ်ထားသည်။ ချင်းမိုင်သည်...
HomeNewsLocal Newsအင်းဝ - ပင်းယ...

အင်းဝ – ပင်းယ ရှေးဟောင်းနယ်မြေအတွင်း ပြိုကျသွားခဲ့သည့် စေတီများအနက် ရှေးဟောင်း နှစ်ထပ်စေတီများ တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝ-ပင်းယ ရှေးဟောင်းနယ်မြေအတွင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သော ဘုရား၊ စေတီ၊ ပုထိုးများအနက် မူလစေတီကို ငုံ၍ တည်ခဲ့သော နှစ်ထပ်စေတီများ တွေ့ရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန(မန္တလေးဌာနခွဲ)ထံမှ သိရသည်။

အဆိုပါ ရှေးဟောင်းနယ်မြေအတွင်း ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုစာရင်းကောက်ယူစာရင်းပြုစုရာမှ ရှေးဟောင်းစေတီအချို့သည် နှစ်ထပ်စေတီဖြစ်နေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထို နှစ်ထပ်စေတီများမှာ သောတာပန်ဘုရားအနီးမှ အမှတ် (၉၃) စေတီတစ်ဆူ၊ဒေါ်ဂျမ်းဘုရားစုအတွင်း အမှတ် (၃၁၆) နှင့် (၃၁၈) စေတီ၊ အမှတ် (၂၁) ကြေးနီမုဌောစေတီ၊ မြသိန်းတန်ဘုရားအနီးမှ ကိုစံငွေယာခင်းအနီး (၁) ဆူ၊ မင်္ဂလာရပ်မှ ဦးထွန်းနိုင်ယာခင်းအနီး (၂) ဆူ၊ ရှင်ပင်ခရေသီးစေတီ၊ ပုလိပ်ဘုရားစု၊ အင်ရောင်ဘုရားစု စသည်တို့ ဖြစ်ဖြစ်ကြောင်းသိရသည်။

၂၀၂၅ ခုနှစ်၊ မတ် (၂၈) ရက်က အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိငလျင် လှုပ်ရှားခဲ့ရာ မန္တလေး၊ အင်းဝ၊ အမရပူရမြို့နယ်တို့တွင် လူနေအိမ်များနှင့် ရှေးဟောင်းအဆောက်အအုံများ ပျက်စီးမှုရှိခဲ့ပြီး အင်းဝ-ပင်းယ ရှေးဟောင်းဇုန်တွင် မှတ်တမ်းတင်ထားသည့် ရှေးဟောင်းအဆာက်အအုံ (၉၆၀) ရှိရာ (၇၀) ရာနှုန်းခန့် ပျက်စီးခဲ့ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းကပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်ကွယ်လွန်သည့်အတွက်ဝမ်းနည်း

ထိုင်းနိုင်ငံတစ်ဝန်းရှိ ဘာသာရေးခေါင်းဆောင်များ နှင့်အစိုးရ အဖွဲ့ဝင်များသည် အီစတာတနင်္လာနေ့တွင် ကွယ်လွန်ခဲ့သော အသက် (၈၈) နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်မှုအတွက် ဝမ်းနည်းပူဆွေးမှုကို ဖေါ်ပြခဲ့ကြသည်။ ထိုင်းအစိုးရကနိုင်ငံတော်အလံများကို တိုင်တစ်ဝက်ထားပြီး သုံးရက်ကြာ လွှင့်ထူရန် အမိန့်ထုတ်ထားသည်။ ထိုင်းနိုင်ငံ၏ ဗုဒ္ဓဘာသာ သာသနာပိုင်ချုပ် ဆရာတော်ကြီး စုံဒက်ဖရအရီယဝံ့သဂတနာနာသည် 2025 ခုနှစ် ဧပြီလ (22) ရက်နေ့တွင် ဝတ်ရာဇဗုပ်ပစ် သသိမဟာသိမာရံ ဘုရားကျောင်းက ဩဘာစာ ထုတ်ပြန်ခဲ့သည်။ ထိုချီးကျူးသြဘာစာတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းနှင့် ၂၀၁၉...

လားရှိုးတွင် မေ(၁)ရက်မှစတင်၍ ဌာနဆိုင်ရာကိစ္စရပ်များဆောင်ရွက်နိုင်ဖွယ်ရှိဟုဆို

ရှမ်း/မြောက် လားရှိုးမြို့တွင် လာမည့် မေ(၁)ရက်မှစတင်၍ ဌာနဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ဖွယ်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ တပ်မတော်က လားရှိုးမြို့သို့ ဝင်ရောက်လာပြီး တပ်နေရာချထားမှုများကို စတင် လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ၊ လက်ရှိတွင် လားရှိုး -သိန္ဒီ သွားလမ်းပိုင်းတစ်ဖက်‌တွင် လုံခြုံရေးတာဝန်များရယူထားသည်ဟုဆိုသည်။ "ဒီလကုန်ပိုင်းလောက် တောင်ကြီးဘက်က ဌာနဆိုင်နဲ့မိသားစုတွေပြန်ဝင်လာမယ်လို့တော့ သိရတယ်။ အခုကတော့ မြို့မှာအေးဆေးပါပဲ။ တပ်(မြန်မာတပ်မတော်)ဘက်တော့ လုံခြုံရေးယူသင့်တဲ့နေရာတွေ ယူနေပါတယ်"ဟု ၎င်းက ဆိုသည်။ ယခု ဧပြီလကုန်ပိုင်းတွင် အဓိကဌာနဆိုင်ရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊ လူမှုကြီးကြပ်ရေးဦးစီး ဌာနတို့ ဦးဆုံးဝင်ရောက်လာနိုင်ဖွယ်ရှိသည်ဟုလည် ၎င်းက ဖြည့်စွက်ပြောကြားသည်။ ယမန်နေ့ နံနက်ပိုင်းအချိန်တွင်...

ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးများ လန်ဒန်တွင် စီစဉ်ထားသည့် အစည်းအဝေးကို ရွှေ့ဆိုင်း

Sky News ၏ သတင်းအရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို လန်ဒန်သို့ မလာရောက်တော့သည့်အတွက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးများ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ အဆိုပါသတင်းဌာန၏ဖော်ပြချက်အရ ယခုအစား နိုင်ငံ ၅ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများအကြား ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ Sky News ၏မှတ်ချက်အရ လန်ဒန်သို့ ရောက်ရှိလာဦးမည်ဖြစ်သော ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrey Sibiga သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy နှင့် နှစ်နိုင်ငံဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071