Saturday, December 14, 2024

ဆွမ်းဦးပုညရှင် စေတီလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူတော်ငွေပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူတော်ငွေပေးအပ်ပွဲကို ဒီဇင်ဘာလ (၁၂) ရက်၊ နံနက်ပိုင်းက စေတီတော်ကြီးရှိ ပုညရှင်သာသနာ့ဗိမာန်တော်ကြီးတွင်ကျင်းပသည်။ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ...

(၈) လအတွင်း ကိုရီးယားနိုင်ငံသို့ EPS...

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ မှ နိုဝင်ဘာလအထိ လုပ်သား (၅၈၅၀) ဦးစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ...

မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှု လျော့ကျလာ

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ပြီးခဲ့သည့်နှစ်ထက် လျော့ကျလာခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး(UNODC)၏ အစီရင်ခံစာ ဖော်ပြချက်အရ သိရသည်။ ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၌...

ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ ကုန်ထုတ်လုပ်ငန်း အောင်မြင်သူများအား...

၂၀၂၄ ခုနှစ် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအ သုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း...
HomeNewsLocal Newsအစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အော...

အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အော င်မြင်တော်မူသော သံဃာတော်များနှင့် သီလရှင်များအား စူဠဘွဲ့နှင်းသဘင် အခမ်းအနားဖြင့် စာအောင်ဆုချီးမြှင့်မည်

မော်လမြိုင်မြို့နယ်၊ စာဖြေဌာနတွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များနှင့် သီလရှင်များအား ဒီဇင်ဘာ လအတွင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် စာအောင်ဆုချီးမြှင့်ပေးရန် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ စည် ကားသိုက်မြိုက်စွာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စူဠဘွဲနှင်းသဘင်အခမ်းအနား အောင်မြင်စွာကျ င်းပနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်၊ (၄၂)ကြိမ်မြောက် စူဠဘွဲ့ နှင်းသဘင်အခမ်းအနား ကျင်းပရေးဦးစီး ကော်မတီနာယ က၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက စာမေးပွဲ အောင်မြင်တော်မူသော စာအောင်သံဃာတော်များနှင့် သီလ ရှင်များအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စူဠဘွဲနှင်းသဘင်အခမ်းအနားဖြင့် စာအောင်ဆုချီးမြှင့်ခြင်း ကျင်းပဆောင်ရွက်နိုင်ရန် ယခုနှစ်တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအ နားကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

မော်လမြိုင်စာဖြေဌာနမှ ဓမ္မာစရိယစာအောင် သံဃာတော် (၁၉၂) ပါး၊ သီလရှင်(၂)ပါး စုစုပေါင်း (၁၃၁)ပါးနှင့် ပထမ ပြန်စာအောင် သံဃာတော်(၈၀၇)ပါး၊ သီလရှင်(၆၄)ပါး၊ စုစု ပေါင်း (၈၇၁)ပါး၊ နိကာယ်စာအောင် သံဃာတော်(၅၅)ပါး၊ သီလရှင်(၁)ပါး၊ စုစုပေါင်း (၅၆)ပါး၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် ရေးဖြေ(၂)ပုံအောင် ဆ ရာတော်(၁)ပါး အပါအဝင် စာအောင်သံဃာတော်နှင့် သီလ ရှင်စုစုပေါင်း (၁၀၅၉)ပါး စာအောင်မြင်ခဲ့ကြောင်း သိရသ ည်။

ထို့ကြောင့် စာအောင်ဆုများကို စူဠဘွဲနှင်းသဘင် အခမ်းအ နားဖြင့် မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာ န်တော်ကြီး၌ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသ ည်။

အဆိုပါ (၄၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကျင်းပရေးဦးစီးကော် မတီနှင့် လုပ်ငန်းကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းတာဝ န်ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆွမ်းဦးပုညရှင် စေတီလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူတော်ငွေပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူတော်ငွေပေးအပ်ပွဲကို ဒီဇင်ဘာလ (၁၂) ရက်၊ နံနက်ပိုင်းက စေတီတော်ကြီးရှိ ပုညရှင်သာသနာ့ဗိမာန်တော်ကြီးတွင်ကျင်းပသည်။ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်နိုင်ရန်အတွက် ငှက်ပျောဖူးတော်မှ ပထမပဉ္စယံအထိ (၉)လက်မပတ်လည် ကြေးပြားအချပ်ရေပေါင်း (၂၂၇၀၀)ချပ်ခန့်နှင့် (၂) လက်မ ပတ်လည်ရွှေဆိုင်း (၆၀၀၀) ကျော် အသုံးပြုကာ ငွေကျပ်သိန်းပေါင်း (၂၀၀၀၀)ကျော်အကုန်အကျခံကာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အခမ်းအနားတွင် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များကပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်ချီးမြင့်တော်မူကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊...

(၈) လအတွင်း ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သား (၅၈၀၀) ကျော်စေလွှတ်ထား

တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ မှ နိုဝင်ဘာလအထိ လုပ်သား (၅၈၅၀) ဦးစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရသည်။ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လုပ်သားများ စေလွှတ်ပေးလျက်ရှိရာ ကုန်ထုတ်လုပ်ငန်းကဏ္ဍအတွက် အများဆုံးစေလွှတ်ထားကြောင်း သိရသည်။ ယခု ၂၀၂၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား (၁၁၀၀၀) ခန့် စေလွှတ်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့်...

မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှု လျော့ကျလာ

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ပြီးခဲ့သည့်နှစ်ထက် လျော့ကျလာခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး နှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး(UNODC)၏ အစီရင်ခံစာ ဖော်ပြချက်အရ သိရသည်။ ထုတ်ပြန်ချက်တွင် ၂၀၂၃ ခုနှစ်၌ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းအများဆုံး ထုတ်လုပ်သည့်နိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး ဘိန်းဖြူနှင့် မူးယစ်ဆေးဝါး တန်ချိန် (၁၀၈၀) ထုတ်လုပ်ခဲ့ကြောင်း ဖော်ပြသည်။ သိူ့သော် ယခုနှစ်တွင် ဘိန်းဖြူထုတ်လုပ်မှု လျော့ကျလာခဲ့ပြီး ဘိန်းဖြူတန်ချိန် (၉၉၅) တန်သာ ထုတ်လုပ်ခဲ့ကြောင်း အစီရင်ခံစာတွငိလည်း ဖော်ပြထားသည်။ မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကို ရှမ်းပြည်နယ်ရှိ နေရာအများအပြားမှာ စိုက်ပျိုး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071