ထပ်ဆင့် အကယ်ဒမီ သီဟတင်စိုး ကွယ်လွန်သွားပြီးနောက်သမီးဖြစ်သူ စံပယ်ဖူးငုံဦးကို တာဝန်ယူစောင့်ရှောက်ပေးသွားမယ်လို့ ညီမဖြစ်သူ ခင်စံပယ်ဦးက သူမအသုံးပြုတဲ့ လူမှုကွန်ယက်စာမျက်နှာကနေအသိပေးလာပါတယ်။
သီဟတင်စိုးရဲ့ဇနီး အကယ်ဒမီ သရုပ်ဆောင် ဇင်မာဦး က ၂၀၂၁ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့က အဆုတ် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီးနောက်သမီးဖြစ်သူကို ခေါ်ယူစောင့်ရှောက်ပေးထားတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ခင်စံပယ်ဦး က “ကိုညာဆုံးတာ၄လမပြည့်သေးဘူးကိုကြီးရေ
အကိုတွေထဲမှာသဘောအကောင်းဆုံး မဇင်မာမဆုံးခင်ကသမီးကိုကလေးတွေကိုအပ်သွားတယ်။အမေ့ ကိုလည်းသမီးကနေတဆင့်တောင်းပန်ကန်တော့သွားတယ်။အမေကကိုကြီးတို့ကိုခွင့်လွတ်ပါတယ်တဲ့။သမီးလေး စပယ်ဖူးငုံဦးကိုမဇင်မာမရှိတော့ကတည်းကသမီးတို့အိမ်မှာပဲနေတာအခုတော့သူ့သမီးလေးကိုစိတ်ချထားသွားခဲ့ပြီ။ကလေး၂ယောက်ကိုသမီးတို့အတတ်နိုင်ဆုံးစောင့်ရှောက်ပါ့မယ်ကိုကြီးရေ၊အေးချမ်းတဲ့ဘုံဘဝကိုစိတ်ဖြောင့်ဖြောင့်နဲ့သွားပါနော်”လို့ ရင်ဖွင့်ရေးသားထားတာတွေ့ရပါတယ်။
ထပ်ဆင့် အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုး (အသက် ၅၇နှစ်)က ဖေဖော်ဝါရီလ (၂၁) ရက်နေ့၊ နေ့လည် (၁၂) နာရီခန့်တွင် နှလုံးရောဂါနဲ့ သင်္ကန်းကျွန်း စံပြဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။
သီဟတင်စိုး ဟာ ‘ငရဲသား’ ဇာတ်ကား နဲ့ အကောင်းဆုံး ဒါရိုက်တာဆု ၊ အကောင်းဆုံး သရုပ်ဆောင်ဆုများကို ရရှိခဲ့သူဖြစ်ပြီး နှလုံးခွဲစိတ်ကုသထားရသူတစ်ဦးလည်းဖြစ်ပါတယ်။