ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)ရှိ နမ့်ပန်းခရိုင်အား တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့၏ ပြင်ပချစ်ကြည်ရေးအဖွဲ့ဝင်များ နိုဝင်ဘာ တတိယပတ်ကလာရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
ကျင်းဟုန်မြို့၏ ပြင်ပချစ်ကြည်ရေးအဖွဲ့ခေါင်း ဆောင် မစ္စတာအိုက်ဝမ့် ဦးဆောင်သည့်အဖွဲ့ဝင်များမှ နမ့်ပန်းခရိုင်သို့ (၃)ရက်ကြာလာရောက်ခဲ့ကြပြီး အထူးဒေသ(၄)၏ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အနာဂတ်တွင် ကဏ္ဍအသီးသီး၌ အ ပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြသည်။
ထို့အတူ စိုက်ပျိုးရေးလုပ်ငန်း၊ နည်းပညာ၊ စျေးကွက်အတွင်းရောင်းချရေး၊ ယဉ်ကျေးမှုအမွေ အနှစ်လက်ဆင့်ကမ်းဆက်ခံခြင်းတို့ကိုလည်းဆွေးနွေးခဲ့ကြပြီး နှစ်ဖက်လုံး၏ လူနေမှုပုံစံ၊ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းတို့၌ အပြန်အ လှန်ချိတ်ဆက်မှုကို မြှင့်တင်ခဲ့ကြသည်။
ထို့ပြင် ကျင်းဟုန်မြို့၏ ပြင်ပချစ်ကြည်ရေးအဖွဲ့သည် ဖားလုံဒိုင်နယ်၊ ဖါးလုံကျေးရွာနှင့် လိုယော်ကျေးရွာတို့၌ ယခင်က လှူဒါန်းပေးထားသည့် လမ်းဘေးဓာတ်တိုင်နှင့် ပိုးသတ်မီးသီးအသုံးပြုမှုတို့ကိုကြည့်ရှု၍ အနာဂတ်တွင်လည်း လှူဒါန်းပေးခြင်းများ ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ပြီး အထူးဒေသ(၄)ရှိ ကျေးရွာများလျှပ်စစ် မီးရရှိရေးကို ကူညီဖြေရှင်းပေးသွားမည်ဟု ပြောကြားခဲ့သည်။