မော်စကို၊ဒီဇင်ဘာ ၁၇
အနောက်အုပ်စုက ရုရှားကို ရန်စကာ အန္တရာယ်မျဉ်းဆီသို့တွန်းပို့နေသဖြင့် မော်စကိုအနေဖြင့် တုန့်ပြန်ရန်မှတပါး ရွေးချယ်စရာမရှိတော့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးတစ်ခု၌ ရုရှားသမ္မတကပြောကြားခဲ့သည်။
အနောက်အုပ်စုက ရုရှား သည် အန္တရာယ်ရှိသည် ဟုဆိုကာ မလိုအပ်ပဲ ၎င်းတို့၏ပြည်သူများကို အထိတ်တလန့်ဖြစ်အောင်လုပ်ဆောင်နေပြီး ရုရှားအပါအဝင် ၎င်းတို့နှင့်အဆင်မပြေသည့်နိုင်ငံများကို ပေါင်းစပ်စစ်ပွဲများဆင်နွှဲကာ ထိန်းချုပ်ရေး မူဝါဒကို ဖေါ်ဆောင်နေသည်ဟုလည်းဆိုခဲ့သည်။
နေတိုးအဖွဲ့သည် စစ်ရေးအသုံးစရိတ်ကို တိုးမြှင့် သုံးစွဲ နေပြီး ရုရှားနယ်စပ်အနီးတွင် တိုက်ခိုက်ရေးအဖွဲ့များကိုဖြန့်ကျက်ကာ ဥရောပရှိအမေရိကတပ်ဖွဲ့ဝင်အရေအတွက်ကိုတိုးမြှင့်ခဲ့ပြီး ယခုအခါ တပ်ဖွဲ့ဝင်အင်အားသည် စုစုပေါင်း ၁၀၀,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ၎င်းကထောက်ပြခဲ့သည်။
ဆက်လက်၍အဆိုပါအုပ်စု သည် အာရှ – ပစိဖိတ်ဒေသအထိပါ ၎င်းတို့၏တည်ရှိမှုကို အားကောင်းအောင်လုပ်ဆောင်လျက်ရှိပြီး အမေရိကသည်လည်း အရှေ့တိုင်းသို့ခြေဆန့်နိုင်ရန်အတွက် ကီလိုမီတာ ၅,၅၀၀ အထိရောက်နိုင်သည့် တိကျစွာ ပစ်ခတ်နိုင်သော မြေပြင်အခြေစိုက်လက်-နက်များကို ဆက်လက်တိုးမြှင့်လုပ်ဆောင်နေပါက ရုရှားအနေဖြင့်လည်း နျူသဘောတူညီချက်ကို ချိုးဖောက်ရလိမ့်မည်ဟုလည်းဆိုခဲ့သည်။
ထို့ကြောင့် တစ်ချိန်တည်းမှာပင် ရုရှားစစ်တပ်နှင့် ရေတပ်တို့က ခေတ်မီတိုးတက်လျက်ရှိပြီး နိုင်ငံ၏ မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့များ၏ ၉၅ ရာခိုင်နှုန်းသည်လည်း ယခုအခါ ခေတ်မီလက်-နက်များတပ်ဆင်ထားပြီးဖြစ်ကာ မကြာမီကာလအတွင်း နိုင်ငံ၌ Oreshnik တာလတ်ပစ်ဒုံးကျည်စနစ်သစ်များကိုပါ အမြောက်အမြားထုတ်လုပ်မည်ဟုလည်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ