ပါရီ၊မတ် ၁၄
ယခု ရက်သတ္တပတ်အစောပိုင်းက ဆော်ဒီအာရေဗျ၌ အမေရိကနှင့်ယူကရိန်းတို့တွေ့ဆုံစဉ် ချမှတ်ခဲ့သည့် ရက် ၃၀ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကိုရုရှားဘက်ကလည်းလက်ခံပေးစေလိုကြောင်း ပြင်သစ်သမ္မတအမန်နူရယ်မက်ခရွန်က သမ္မတပူတင်ကို တိုက်တွန်းခဲ့သည်ဟုသိရသည်။
ပြင်သစ်သမ္မတကမူ ၎င်း၏လူမှုကွန်ရက်၌ ၎င်းအနေဖြင့် ယူကရိန်းသမ္မတဇယ်လန်းစကီးနှင့်သာမက ဗြိတိန်ဝန်ကြီးချုပ် ကဲစတာမာတို့နှင့်လည်း သီးခြားစီတွေ့ဆုံစကားပြောပြီးပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ၎င်းကပင် ဆက်လက်၍ ယူကရိန်းအတွက်အထောက်အပံ့များအားကောင်းစေရန်အပါအဝင် ခိုင်မာပြီးရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးမျိုးရရှိစေရေးအတွက်ရည်ရွယ်ပြီး အစီအစဉ်များပြုလုပ်ဆွေးနွေးရန်အတွက်လည်း ဗီဒီယိုကွန်ဖရင့်တစ်ခုကို ပြုလုပ်ဦးမည်ဖြစ်သည်ဟုလည်းေပြာကြားခဲ့သည်။
ယူကရိန်းသည် ဆော်ဒီအာရေဗျ၌ အမေရိကကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကဘက်ကချမှတ်ပေးခဲ့သည့် ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကို လက်ခံခဲ့သည်ဟုသိရသည်။
ဥရောပနိုင်ငံများပါဝင်မှုမရှိဘဲပြုလုပ်ခဲ့သည့် အဆိုပါဆွေးနွေးပွဲတွင် အမေရိကဘက်က ယူကရိန်းအတွက် လုံခြုံရေးဆိုင်ရာအကူအညီများအတွက် ကတိကဝတ်အသစ်များပြန်လည်ပြုလုပ်နိုင်ခဲ့သည်ဟုလည်းသိရသည်။
Source : ရှင်းဟွာ