အပူပိုင်းမုန်တိုင်း”မူလန်” သြဂုတ် ၁၁ ရက်(မနက် ဖြန်)တွင် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ လေပွေလှိုင်းအဖြစ်ရောက်ရှိနိုင်ဟု မိုးဇလခန့်မှန်း
တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း“မူလန်”သည် အနောက်-အ နောက်မြောက်ဘက်သို့ ရွေ့လျားကာ သြဂုတ် ၁၁ ရက်(မနက်ဖြန်)တွင် ဗီယက်နမ်နိုင်ငံအထက်ပိုင်းကမ်းခြေအားဖြတ်ကျော်၍ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ လေပွေလှိုင်းအဖြစ်ရောက်ရှိနိုင် သည်ဟု မြန်မာနိုင်ငံ၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထားသည်။
မိုးဇလမှ သြဂုတ် ၁၀ ရက်(ယနေ့)မွန်း လွဲ ၂ နာရီတွင် ထူးခြားမိုးလေဝသအခြေအနေသတင်းအ မှတ်စဉ်(၀၁/၂၀၂၂)အရ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အပူပိုငိးမုန်တိုငိး”မူလန်”၏ အရှိန်ကြောင့် သြဂုတ် ၁၁ ရက်မှ ၁၄ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည် တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးဇလကခန့်မှန်းထားသည်။
အလားတူ ဒေသအလိုက်နှင့်နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူလေပြင်းတိုက်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည်ဟု မိုးဇလ၏ခန့်မှန်းချက်အရ သိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။
ထို့ကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူ များအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများအနေဖြင့် ရေကြီး၊ရေလျှံမှုများအား ကြိုတင်သတိပြုနေထိုင်ကာ ပြည်တွင်းရေကြောင်းသွားလာရေးနှင့်လေကြောင်းပျံသန်းရေးအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ရန် မိုးဇလက အသိပေးနှိုးဆော်ခဲ့သည်။