Sunday, December 22, 2024

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ...

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော်...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅...

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ...

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း...
HomeInternationalအပြုသဘောဆောင်သော အိန္ဒိယ-ပါကစ္စတန်ဆက်ဆံရေးအတွက် အမေရိကန်တွန်းအားပေး

အပြုသဘောဆောင်သော အိန္ဒိယ-ပါကစ္စတန်ဆက်ဆံရေးအတွက် အမေရိကန်တွန်းအားပေး

အပြုသဘောဆောင်သော အိန္ဒိယ-ပါကစ္စတန်ဆက်ဆံရေးအတွက် အမေရိကန်တွန်းအားပေး

နူးဒေလီ၊စက်တင်ဘာ ၂၇

အိမ်နီးချင်းအိန္ဒိယနိုင်ငံနှင့် စိတ်ချယုံကြည်ရသော ဆက်ဆံရေးကိုဖော်ဆောင်ရန် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က စက်တင်ဘာ ၂၆ ရက် နှောင်းပိုင်းကပြောကြားခဲ့သည်။

ပါကစ္စတန်ရေတပ်အတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်များရရှိရန် ကန် ဒေါ်လာသန်း ၄၅၀ ခန့် ထောက်ပံ့ရေး အစီအစဉ်ကို အိန္ဒိယကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများက ကန့်ကွက်ခဲ့ပြီးနောက် ဘလင်ကန်၏မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဒီကနေ့ ကျွန်တော်တို့ရဲ့ဆွေးနွေးမှုမှာ အိန္ဒိယနဲ့အတူ ယုံကြည်စိတ်ချရတဲ့ ဆက်ဆံရေးကို စီမံခန့်ခွဲခြင်းရဲ့အရေးပါပုံကို ဆွေးနွေးခဲ့ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး Bilawal Bhutto-Zardari နှင့် တွေ့ဆုံအပြီးတွင် ဘလင်ကန်ကပြောကြားခဲ့သည်။

F-16 သဘောတူညီချက်နှင့်ပတ်သက်၍ မေးမြန်းရာတွင် အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ထ်ပရိုက်စ်က အမေရိကန်သည် အိန္ဒိယ၊ပါကစ္စတန်နှစ်ဖက်စလုံးနှင့် သီးခြားလွတ်လပ်သော ဆက်ဆံရေးရှိသည်ဟု ပြောကြားခဲ့သည်။

“အိန္ဒိယနဲ့ကျွန်တော်တို့ ဆက်ဆံရေးက သူ့ဟာသူရပ်တည်‌နေပြီး ပါကစ္စတန်နဲ့ ဆက်ဆံရေးကလည်း သူ့ဟာသူရပ်တည်နေတာပါပဲ” ဟု ပရိုက်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “အိမ်နီးနားချင်းတွေ အတတ်နိုင်ဆုံးအနေအထားအထိ အပြုသဘောဆောင်တဲ့ ဆက်ဆံရေးရှိဖို့ ကျွန်တော်တို့လည်း တတ်နိုင်သမျှလုပ်ပေးချင်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

နျူလက်နက်ကိုင်ဆောင်ထားသော အိန္ဒိယနှင့် ပါကစ္စတန်တို့သည် မွတ်စလင်အများစုနေထိုင်ရာ ဟိမဝန္တာရှိ ကက်ရ်ှမီးယားဒေသနှင့်ပတ်သက်၍ စစ်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့သည်။

အိန္ဒိယသည် ၂၀၁၉ ခုနှစ်က ၎င်း၏ F – 16 တိုက်လေယာဉ်အား ပါကစ္စတန်ကပစ်ချခဲ့သဖြင့် ပါကစ္စတန်လေယာဉ်ကိုလည်း ပြန်လည်ပစ်ချခဲ့သည်ဟု ဆိုခဲ့သည်။သို့သော် ပါကစ္စတန်ကမူ ၎င်း၏လေယာဉ်သည် တစ်ခါမှအပစ်ချမခံရဖူးကြောင်း ပြောကြားခဲ့သည်။

၁၉၄၇ ခုနှစ်တွင် ဗြိတိသျှလက်‌ေအာက် အိန္ဒိယ မှခွဲထွက်၍ ဖွဲ့စည်းထားသော နိုင်ငံနှစ်ခုအကြား လူအချင်းချင်း ပေါင်းသင်းထိတွေ့ဆက်ဆံမှုသည် ၂၀၁၉ ခုနှစ်ကတိုက်ပွဲများအပြီးတွင် မရှိသလောက်နီးပါးဖြစ်ခဲ့ရသည်။

Source -Reuters/yb

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ ရွှေ့ခိုင်း

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော် မဲလ်ဘုန်း၏ အနောက်ဘက် ၂၄၁ ကီလိုမီတာခန့်နှင့် လူဦးရေ ၄၉၅ ဦးရှိသည့် Halls Gap ကဲ့သို့ ကျေးလက်မြို့လေးများအပါဝင် Grampians အမျိုးသားဥယျာဉ်အနီး ဧရိယာများအတွက် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “အန္တရာယ်အရမ်းများတဲ့ အခြေအနေမရောက်ခင် အလုံခြုံဆုံးနေရာကို ချက်ချင်းထွက်ခွာပါ” ဟု ဗစ်တိုးရီးယားပြည်နယ် အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောဆိုခဲ့သည်။ မီးလောင်ပြင်များအနက်တစ်ခုသည် အင်္ဂါနေ့က မိုးကြိုးပစ်မှုများကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး တစ်ညလုံး...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း ရုံးပိတ်ရက်ရှည် (၄) ကြိမ်ရရှိစေရန် ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေး

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်သည့် ရုံးဖွင့်ရက်များကို အနီးစပ်ဆုံး စနေနေ့တစ်ရက်စီဖြင့် အစားထိုးရုံးပိတ်ရက်များအဖြစ် ပြန်လည် သတ်မှတ်ထားကြောင်းလည်း သိရသည်။ ပထမရုံးပိတ်ရက်ရှည်တွင် ပိတ်ရက် ၅ ရက်ရှိမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက် (ကရင်နှစ်သစ်ကူးနေ့)နှင့် လာမည့်...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲမှ ထွက်ခွာရ

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၅)ဂိုးပြတ်ဖြင့် ရှူံးနိမ့်ခဲ့ရသည်။ ယနေ့ ပွဲစဉ်အတွင်း ပထမပိုင်းပွဲပြီးချိန်အထိ နှစ်ဘက်အသင်း သွင်းဂိုးမရရှိဘဲ ဒုတိယပိုင်း ပွဲချိန်၌ ဗီယက်နမ်အသင်း က (၅)ဂိုး သွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗီယက်နမ်အသင်းသည် ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စုအဆင့်မှသာ အိမ်ပြန်ခဲ့ရခြင်းဖြစ်သည်။ အာဆီယံ မစ်ဆူဘီရှီဖလား ပြိုင်ပွဲအုပ်စု (ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ် (၄)မှတ်ဖြင့် အုပ်စုတွင်းထိပ်ဆုံးနေရာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071