အမရပူရမှ NLDပါတီစည်းရုံးရေးမှူးကိုဇော်ကြီး အသတ်ခံရ
မန္တလေးမြို့၊အမရပူရမြို့နယ်၊မှန်တန်းကွက်သစ်ရပ်၊ကပ်ကျော်ဘုရားအနီး တာဘောင်လမ်းတွင် မေလ၂ ရက်နေ့နံနက်၅နာရီခွဲက သေဆုံးနေသော အမည်မသိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
“သေဆုံးနေတဲ့သူက NLDပါတီစည်းရုံးရေးမှူးကိုဇော်ကြီးလို့သိရတယ်။အလောင်းမှာလည်း သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး(MDY)ဆိုတဲ့ လည်ဆွဲချိတ်ထားတာတွေ့ရတယ်´´ဟု ဒေသခံတစ်ဦးကပြောသည်။
ဖြစ်စဉ်မှာအမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေး ရွာနှင့် မှန်းတန်းကွက်သစ် ကပ်ကျော်ဘုရားကြား တာဘောင်လမ်းတွင် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိကြောင်းသတင်းအရ ရှမ်းကလေးကျွန်းကျေးရွာဥက္ကဌ အဖွဲ့နှင့် သွားယောက်ကြည့်ရှု စစ်ဆေးခဲ့ရာ တာဘောင်ဘေးတွင် အမျိုးသားတစ်ဦး(စိစစ်ဆဲ)အား လက်နောက်ပြန် ကြိုးတုပ်လျက် လည်ပင်းနှင့် ဝဲ ယာ နံ ထိုးသွင်းဒဏ်ရာ တစ်ချက်စီဖြင့်သေဆုံးလျက်တွေ့ရှိရကြောင်း၊ သေဆုံးသူလည်ပင်းတွင် သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး (MDY) စာသားပါအနီရောင် လည်ဆွဲ ကဒ်တစ်ခုနှင့် အတူ တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။