ပေကျင်း၊နိုဝင်ဘာ ၂၀
ယခုလအစောပိုင်းက အင်အားကြီးနိုင်ငံနှစ်နိုင်ငံ၏ ခေါင်းဆောင်များတွေ့ဆုံပြီးနောက် ယခုတစ်ပတ်အတွင်းကမ္ဘောဒီးယား၌ကျင်းပမည့် ဒေသတွင်းလုံခြုံရေးဖိုရမ်ပြင်ပ၌ အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံရန်လမ်းဖွင့်ထားကြောင်း တရုတ်နိုင်ငံအစိုးရကပြောကြားခဲ့သည်။
တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး ဝေ့ဖွန်ဟီးနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်လွိုက်တို့သည် အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်းလည်း သီးခြားအတည်ပြုချက်များထုတ်ပြန်ထားကြသည်။
တနင်္ဂနွေနေ့ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်၌ မိမိတို့အနေဖြင့် အမေရိကနှင့် တွေ့ဆုံဆွေးနွေး အမြင်ချင်းဖလှယ်ရန်အတွက် ပွင့်လင်းသောသဘောထားရှိသည်ဟုလည်း ထည့်သွင်းပြောကြားထားသည်။
ယခုတွေ့ဆုံမှုသည် အမေရိကန်အောက်လွှတ်တော်ဥက္ကဌနန်စီပေလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ဩဂုတ်လမှစ၍ ပုံမှန်တွေ့ဆုံဆွေးနွေးမှုများကို တရုတ်နိုင်ငံဘက်မှ ဖျက်သိမ်းလိုက်ပြီးနောက် နှစ်နိုင်ငံအကြားပထမဆုံးသော အဆင့်မြင့်စစ်ရေးဖလှယ်မှုဆွေးနွေးပွဲဖြစ်လာမည်ဟုလည်း သိရှိရသည်။
Source : Reuters