Sunday, January 19, 2025

အီရန်ကမြေအောက်ရေတပ်စခန်းကို ထုတ်ဖော်ပြသ

တေရန်၊ဇန်နဝါရီ ၁၉ အီရန်နိုင်ငံ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ရေတပ်သည် တိုက်ခိုက်ရေးရေယာဉ်များ အများအပြားထားရှိနိုင်သော မြေအောက်‌ေရတပ်အခြေစိုက်စခန်းတစ်ခုကို ထုတ်ဖော်ပြသလိုက်ကြောင်း IRGC ၏ တရားဝင်သတင်းထုတ်ပြန်ချက် Sepah...

ခြေတုလက်တု ပြုပြင်ရန်ှနှင့် အသစ်ပြုလုပ်ရန် လိုအပ်သူ...

ပဲခူးတိုင်း၊ တောင်ငူမြို့အပါအဝင် ရေတာရှည်နှင့် ဆွာမြို့နယ်တို့ရှိ ခြေတုလက်တု ပြုပြင်ရန်နှင့် အသစ်ပြုလုပ်ရန်လိုအပ်သူ (၂၀၀)ခန့်ကို နယ်လှည့်လုပ်ဆောင်ပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းထံမှ သိရသည်။ နယ်လှည့်ဆောင်ရွက်ပေးမှုအား...

ထိုင်း – မြန်မာ နှစ်နိုင်ငံ...

လတ်တလောရေပန်းအစားဆုံးဖြစ်နေသည့် ထိုင်း - မြန်မာ နယ်စပ်က အွန်လိုင်းငွေလိ--မ်ဂိုဏ်များကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်နှိမ်နှင်းသွားရန် သဘောတူခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ဖော်ပြလာသည်။ ဇန်နဝါရီ (၁၇) ရက်က...

(၅)ကြိမ်မြောက် သွားရောက်ခေါ်ယူခဲ့သည့် ဗန်းမော်ဒေသခံစစ်ရှောင် (၆၈)...

ဗန်းမော်မြို့တိုက်ပွဲများကြောင့် ရွေကူမြို့သို့ ရောက်ရှိခိုလှုံနေသည့် ဒေသခံစစ်ရှောင် (၆၈) ဦးကို (၅)ကြိမ်မြောက် အဖြစ်သွားရောက်ခေါ်ယူရာ ယနေ့ဇန်နဝါရီ (၁၉)ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိမည်ကြောင်း မြေပြင်ကူညီကယ်ဆယ်နေသည့်...
HomeInternationalအမေရိကန်တွင် TikTok သုံးမရတော့

အမေရိကန်တွင် TikTok သုံးမရတော့

TikTok ကိုပိုင်ဆိုင်သည့် ByteDance ကုမ္ပဏီက ၎င်းတို့၏ဝန်ဆောင်မှုများကို “ခေတ္တရပ်ဆိုင်း‌ကြောင်း” ကြေညာပြီးနောက် အမေရိကန်ရှိ TikTok အသုံးပြုသူ သန်း ၁၇၀ တို့သည် နာမည်ကြီးဗီဒီယိုမျှဝေသည့်အက်ပ်ကို သုံး၍မရတော့ချေ။

ယမန်နေ့ည ၁၁ နာရီ မတိုင်မီတွင် “ဆောရီး TikTok ကို သုံး၍ မရနိုင်‌တော့ပါ” ဟူသည့် မက်ဆေ့ချ်ဖြင့် အမေရိကန်အသုံးပြုသူများကို နှုတ်ဆက်ခဲ့ပြီးနောက် TikTok ဝက်ဘ်ဆိုက်သို့ ဝင်ရောက်၍မရတော့ခြင်းဖြစ်သည်။

ထို့အပြင် Apple နှင်က Google တို့ကလည်း သူတို့၏ App Store များမှနေ၍ အမေရိကန်နေပြည်သူများ download လုပ်၍မရစေရန် TikTok အက်ပ်ကို ဖယ်ရှားခဲ့ကြသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တိကျသေချာသည့် အာမခံချက်မပေးလျှင် ဇန်နဝါရီ ၁၉ရက် တနင်္ဂနွေနေ့တွင် အမေရိကန်ရှိ သုံးစွဲသူ သန်း ၁၇၀ အတွက် ဝန်ဆောင်မှုများကို ယာယီရပ်ဆိုင်းမည်ဟု TikTok က သောကြာနေ့က ကြေညာခဲ့သည်။

ဘိုင်ဒင် ၏ အစိုးရအဖွဲ့က နိုင်ငံတစ်ဝန်းတွင် ရေပန်းစားသော TikTok ဗီဒီယိုပလက်ဖောင်းကို တားမြစ်ရန် ရည်ရွယ်သည့် ဥပဒေကို ချက်ချင်းပြဋ္ဌာန်းမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း TikTok မှ ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် ဧပြီလအတွင်းက ဂျိုးဘိုင်ဒင် သည် အခြေအမြစ်မရှိသော အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ကိုးကားပြီး ရက်ပေါင်း ၂၇၀ အတွင်း ByteDance ကုမ္ပဏီ၏ TikTok အက်ပ်ကို အမေရိကန်ကုမ္ပဏီတစ်ခုသို့ ရောင်းချရန် လိုအပ်သည့် ဥပဒေကြမ်းကို လက်မှတ်ရေးထိုးခဲ့သည်။

အကယ်၍ ကုမ္ပဏီက လိုက်နာရန် ပျက်ကွက်ပါက Apple နှင့် Google ကဲ့သို့သော အက်ပ်စတိုးအော်ပရေတာများသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ရက် မှစ၍ ၎င်းတို့၏ ပလက်ဖောင်းများမှ TikTok ကို ဖယ်ရှားရန် အဆိုပါ ဥပဒေကြမ်းတွင် ပြဌာန်းထားသည်။

ယင်းဥပဒေကြမ်းကို ဘိုင်ဒင်အစိုးရအဖွဲ့က မပြဌာန်းသေးဟုဆိုသော်လည်း သောကြာနေ့အစောပိုင်းတွင်၊ အမေရိကန်တရားရုံးချုပ်သည် TikTok ၏ ပိုင်ရှင်ဖြစ်သည့် ByteDance ကုမ္ပဏီအနေဖြင့် အဆိုပါအက်ပ်ကိုအမေရိကန်ကုမ္ပဏီတစ်ခုထံရောင်းချရန်နှင့် ထိုသို့မရောင်းချပါက ByteDance ကုမ္ပဏီသည် ရွေးကောက်ခံသမ္မတ Donald Trump ၏ကျမ်းသစ္စာမကျိန်ဆိုမှုမတိုင်မီတစ်ရက်အလို တနင်္ဂနွေနေ့မှ စတင်ကာ TikTok အား အမေရိကန်နိုင်ငံတစ်ဝှမ်းတားမြစ်ပိတ်ပင်မှုကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း သတိပေး‌ကြေညာခဲ့သည်။

ထို့နောက် TikTok နှင့်ပတ်သက်သည့် ကိစ္စအဝဝကို နောက်တက်လာမည့် သမ္မတ ထရမ့်၏ အစိုးရလက်သို့ လွှဲပြောင်းပေးခဲ့မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထရမ့်၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ TikTok ၏ CEO လည်း တက်ရောက်မည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်ကမြေအောက်ရေတပ်စခန်းကို ထုတ်ဖော်ပြသ

တေရန်၊ဇန်နဝါရီ ၁၉ အီရန်နိုင်ငံ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ရေတပ်သည် တိုက်ခိုက်ရေးရေယာဉ်များ အများအပြားထားရှိနိုင်သော မြေအောက်‌ေရတပ်အခြေစိုက်စခန်းတစ်ခုကို ထုတ်ဖော်ပြသလိုက်ကြောင်း IRGC ၏ တရားဝင်သတင်းထုတ်ပြန်ချက် Sepah News ကဖော်ပြခဲ့သည်။ IRGC ရေတပ်သင်္ဘောများအတွက် ပြုလုပ်ထားသည့်အချို့သောစခန်းများထဲမှ တစ်ခုဖြစ်သည့် အဆိုပါ အခြေစိုက်စခန်းကို IRGC တပ်မှူးချုပ် ဟူစိန်ဆလာမီ နှင့် ရေတပ်ဒုတိယဗိုလ်မှူးကြီး အလီရီဇာတန်ဆရီတို့ တက်ရောက်သည့် အခမ်းအနားတွင်ပြသခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ အခမ်းအနား ၌ အမှာစကား ပြောကြားရာတွင် IRGC ၏ ရေတပ်သည် မတူညီသည့်တိုက်ပွဲများ၊ဒုံးကျည်ပစ်လွှတ်ခြင်းနှင့် မိုင်းချရေယာဉ်များထားရှိရာ မြေအောက်အဆောက်အအုံများစွာ ဖြင့် ဆောင်ရွက်နေပြီးယခုပြသခဲ့သည့်...

ခြေတုလက်တု ပြုပြင်ရန်ှနှင့် အသစ်ပြုလုပ်ရန် လိုအပ်သူ (၂၀၀)ခန့်ကို နယ်လှည့်လုပ်ဆောင်ပေး

ပဲခူးတိုင်း၊ တောင်ငူမြို့အပါအဝင် ရေတာရှည်နှင့် ဆွာမြို့နယ်တို့ရှိ ခြေတုလက်တု ပြုပြင်ရန်နှင့် အသစ်ပြုလုပ်ရန်လိုအပ်သူ (၂၀၀)ခန့်ကို နယ်လှည့်လုပ်ဆောင်ပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းထံမှ သိရသည်။ နယ်လှည့်ဆောင်ရွက်ပေးမှုအား မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ (၁၄) ရက်မှ ဇန်နဝါရီလ (၁၆)ရက်အထိ ဆွာမြို့၊ ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ခြေတုလက်တု ဆောင်ရွက်ရာ၌ ဆွာမြို့တွင် အသေးစား ခြေတု၊ လက်တု ပြုပြင်ရန် လိုအပ်သူ(၃၅)ဦး၊ ရေတာရှည် မြို့နယ်တွင် အသေးစားခြေတု၊...

ထိုင်း – မြန်မာ နှစ်နိုင်ငံ ပူးပေါင်းကာ အွန်လိုင်းငွေလိ–မ်ဂိုဏ်းများ နှိမ်နှင်းရန် သဘောတူ

လတ်တလောရေပန်းအစားဆုံးဖြစ်နေသည့် ထိုင်း - မြန်မာ နယ်စပ်က အွန်လိုင်းငွေလိ--မ်ဂိုဏ်များကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်နှိမ်နှင်းသွားရန် သဘောတူခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ဖော်ပြလာသည်။ ဇန်နဝါရီ (၁၇) ရက်က ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းဝေးသို့ မြန်မာနိုင်ငံဘက်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Prasert Jantararauangtong နှင့် တွေ့ဆုံကာ သဘောတူညီမှုရယူခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ်၏ ဖော်ပြချက်အရ သိရသည်။ ထိုင်း -...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071