အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတ ကင်မလာဟဲရစ်၏ စင်ကာပူမှ ဗီယက်နမ်သို့ခရီးစဉ်သည် ကျန်းမာရေးကိစ္စတစ်ခုကြောင့် နှောင့်နှေးနေရခြင်းဖြစ်ကြောင်း သိရသည်။
ဟာဗားနားရောဂါ(Havana Syndrome) ဟူသည့် ရောဂါကြောင့်နှောင့်နှေးနေခြင်း ဖြစ်သည်ဆို၏။ မည်သူ အဆိုပါရောဂါ ခံစားနေရသည် ဆိုခြင်းကိုမူ အတိအကျမသိရချေ။
ဟာဗားနားရောဂါဆိုသည်မှာ ၂၀၁၆ နှစ် ၂၀၁၇ ခုနှစ်များက ကျူးဘားနိုင်ငံ ဟာဗားနားမြို့ရှိ ကနေဒါနှင့် အမေရိကန်သံရုံးမှ ဝန်ထမ်းများ ထူးဆန်းစွာဖြစ်ခဲ့သောရောဂါ တစ်မျိုးဖြစ်ပြီး၊ မိုက်ခရိုဝေ့ဗ်လှိုင်းဖြာထွက်မှုကို တိုက်ရိုက် ထိတွေ့သဖြင့် ဖြစ်တတ်သော လက္ခဏာမျိုးနှင့် အလားသဏ္ဍာန်တူသည်။ တရုတ်နိုင်ငံကွမ်ကျိူးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး မှ ဝန်ထမ်းများသည်လည်း ၂၀၁၈ ခုနှစ်က ထိုသို့ဖြစ်ခဲ့ ဖူးကြောင်းသိရသည်။
သတင်းဌာနအချို၏အဆိုအရမူ ယခု ဗီယက်နမ်မြို့တော်တွင် အလားတူဖြစ်ရပ်မျိုးဖြစ်နေကြောင်းသိရသည်။
ယင်းရောဂါကြောင့် တကယ်မဟုတ်သော အသံများကိုကြားယောင်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခဲခြင်း၊ ပျို့အန်ကာ မောပန်းနွန်းနယ်ခြင်း အစရှိသည့် ရောဂါလက္ခဏာများပေါ်ပေါက်တတ်ကြောင်းဆိုကြသည်။
အင်းဆက်ပိုးမွှားကြောင့်ဟု ဆေးလောကမှ အချို့ကဆိုကြသော်လည်း၊ သံတမန်အသိုင်းအဝိုင်းတွင်မူ အသံလွန်လှိုင်း လက်နက်ဖြင့် တိုက်ခိုက် မှုကြောင့်ဟူ၍ ဆိုကြသည်။
လက်ရှိတွင် ကင်မလာဟဲရစ်သည် စင်ကာပူတွင်ပင်ရှိသေးကြောင်းသိရသည်။
Ref: Kamala Harris trip delayed over possible ‘Havana syndrome’ case(BBC)