အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ G20 တွင်ရှားရှားပါးပါး တွေ့ဆုံမည်
ဝါရှင်တန်၊ဇူလိုင်၅
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် ဘာလီ၌ ယခုသီတင်းပတ်မှာ ကျင်းပမည့် G20 အစည်းဝေး၏ပြင်ပတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ရှားရှားပါးပါး တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဌာနက အင်္ဂါနေ့ (ဇူလိုင် ၅ ရက်) တွင် ပြောကြားခဲ့သည်။
အောက်တိုဘာလတွင် နောက်ဆုံးတွေ့ဆုံခဲ့ပြီး ထိုင်ဝမ်ကိစ္စအပြင်အခြားသောပြသနာများကြောင့် တင်းမာမှုများ မြင့်မားနေချိန်တွင် ဝမ်နှင့်ဘလင်ကန် တို့တွေ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်လကစ၍ ဆွေးနွေးပွဲများသည် ပိုမိုတိုးတက်လာပုံရပြီး စင်ကာပူနိုင်ငံ၌ ပြုလုပ်ခဲ့သည့် အစည်းဝေးတွင်လည်း နှစ်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်များနှင့် တွေ့ဆုံခဲ့သေးသည်။
မတ်လတုန်းက ယူကရိန်းအရေးကို အဓိကထားဆွေးနွေးရန်အတွက် ရှီနှင့် ဘိုင်ဒင်တို့ ဖုန်းဖြင့် စကားပြောခဲ့ရာတွင် ဘေဂျင်းက ရုရှားကိုထောက်ခံခြင်းအားမေရိကန်အနေဖြင့် ရှုတ်ချသော်လည်း ယူကရိန်း စစ်ပွဲအတွက် အမေရိကန်အနေဖြင့်အထောက်အပံ့ကိုအနည်းငယ်သာပေးသည်ကိုတွေ့ရသည်။
နိုင်ငံခြားရေးဝန်ကြီးများဖြစ်သည့်ဘလင်ကန် နှင့်ဝမ် တို့၏ နောက်ဆုံးဆွေးနွေးပွဲမှာ ရောမမြို့၌ အောက်တိုဘာလက ပြုလုပ်ခဲ့သည့်အစည်းဝေးဖြစ်သည်။
Source: AFP