မော်စကိုသည် ဝါရှင်တန်နှင့် နျူလက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှုများအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အမေရိကန်၏ မဟာမိတ်များဖြစ်ကြသည့် ဗြိတိန်နှင့် ပြင်သစ်တို့ကိုလည်း ယင်းဆွေးနွေးပွဲအတွက် ထည့်သွင်းစဉ်းစားရန် အဆင်သင့်ရှိကြောင်း ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒမီထရီပက်စ်ကော့ဗ်က ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါကိစ္စရပ်များကို ဆွေးနွေးလိုသည့် ဝါရှင်တန်၏ ဆန္ဒနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ပြောကြားချက်အပေါ် မှတ်ချက်ပေးရန် သတင်းထောက်များမှ မေးမြန်းရာတွင် ပက်စ်ကော့ဗ်က “ကျွန်ုပ်တို့၏နိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ ပြည်သူများအတွက် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို အမြန်ဆုံးစတင်ရန် ကျွန်ုပ်တို့ စိတ်ဝင်တစားရှိနေပါသည်”ဟု ပြန်လည်ဖြေကြားသည်။
“လက်ရှိအခြေအနေမှာ၊ နျူကလီးယားစွမ်းရည်အားလုံးကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ အထူးသဖြင့် ပြင်သစ်နဲ့ ဗြိတိန်တို့ရဲ့ နျူကလီးယားစွမ်းရည်ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဆွေးနွေးဖို့မဖြစ်နိုင်ပါဘူး” ဟုလည်းသူက ဖြည့်စွက်ပြောကြားသည်။