Tuesday, March 11, 2025

မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်း ချမ်းရေးနှင့်...

မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်း ချမ်းရေးနှင့် တည်ငြိမ်ရေးကိုပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒု- ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊...

ရန်ကုန်တွင် ပြည်ထောင်စုအဆင့် MSME ကုန်စည်ပြပွဲနှင့်...

ပြည်ထောင်စုအဆင့် MSME ကုန်စည် ပြပွဲနှင့် ပြိုင်ပွဲအား ရန်ကုန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တွင် ပြည်ထောင်စုအဆင့် MSME ကုန်စည်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပနိုင်ရေး...

တပေါင်းလ ရုံးပိတ်ရက်ရှည် ကာလအတွင်း ရန်ကုန်-မော်လမြိုင်...

တပေါင်းလ ရုံးပိတ်ရက်ရှည် ကာလအတွင်း ရန်ကုန်-မော်လမြိုင် အစုန်အဆန် အထူးရထားခရီးစဥ်အား AAR တွဲဆိုင်းများဖြင့် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား(မော်လမြိုင်)ဘူတာကြီးက ယနေ့တွင် အသိပေးထားသည်။ ထိုသို့...

ရုပ်ရှင် ထူးချွန်ဆုရ ဇာတ်ကားများကို ရုပ်ရှင်ရက်သတ္တပတ်အတွင်း...

မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်၌ ရုပ်ရှင်ထူးချွန်ဆုရကားများကို ရန်ကုန်ရှိ မြဝတီမီဒီယာစင်တာ၌ ရွေးချယ်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။ ယင်းသို့ ပြသခြင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့ကို...
HomeInternationalအမေရိကန်နှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်ဌာနကအာရှနိုင်ငံများအား...

အမေရိကန်နှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်ဌာနကအာရှနိုင်ငံများအား စွမ်းအင် ကုန်ကြမ်း ထုတ်လုပ်ပို့​ဆောင်​ရေး မျိုးစုံရှိဖို့တိုက်တွန်း

အမေရိကန်နှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်ဌာနကအာရှနိုင်ငံများအား စွမ်းအင် ကုန်ကြမ်း ထုတ်လုပ်ပို့​ဆောင်​ရေး မျိုးစုံရှိဖို့တိုက်တွန်း

ဆစ်ဒနီ၊ ဇူလိုင် ၁၂ ရက်

အမေရိကန်နှင့် နိုင်ငံတကာ စွမ်းအင်အေဂျင်စီတို့က အာရှနိုင်ငံများအား တရုတ်နှင့် ရုရှား နိုင်ငံများ၏ စွမ်းအင်နှင့် အရေးပါသော တွင်းထွက်ပစ္စည်းများကိုသာ မမှီခိုရန် တိုက်တွန်းခဲ့သည်။

အပြည်ပြည်ဆိုင်ရာ စွမ်းအင်ဌာန (IEA) အမှုဆောင်ဒါရိုက်တာ ဖာတီ ဘီရိုနှင့် အမေရိကန် စွမ်းအင်ဝန်ကြီး ဂျန်နီဖာ ဂရန်ဟောမ်  တို့က ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများမှ ဖြစ်ပေါ်လာသော လက်ရှိစွမ်းအင်အကျပ်အတည်းကြောင့် အင်ဒို-ပစိဖိတ်နိုင်ငံများအား ရုပ်ကြွင်းလောင်စာဆီမှ အခြားစွမ်းအင်များဆီသို့ ပြောင်းလဲအသုံးပြုဖို့ပိုအာရုံစိုက်စေလိုကြောင်း ပြောကြားခဲ့သည်။

သို့ရာတွင် ထိုသို့ပြောင်းလဲရန်အတွက် အာရှနိုင်ငံများသည် တရုတ်၏ နေရောင်ခြည်စွမ်းအင်သုံး နည်းပညာနှင့် ရုရှား၊ ကွန်ဂိုဒီမိုကရကန်တစ် သမ္မတနိုင်ငံကဲ့သို့သော နိုင်ငံများ၏ အရေးပါသော ဓာတ်သတ္တု တွင်းထွက်ပစ္စည်းများအပေါ် မှီခိုအားထားခြင်းမှ ရုန်းထွက်ရန် လိုအပ်မည် ဖြစ်သည်။  ၎င်းဓာတ်သတ္တု တွင်းထွက်များသည် လျှပ်စစ်ကားများနှင့် ဘက်ထရီများထုတ်လုပ်ရာတွင် လိုအပ်သည့်အရာများဖြစ်သည်။

အဆိုပါဆွေးနွေးပွဲကို ဩစတြေးလျအစိုးရနှင့် IEA တို့က ပူးတွဲကျင်းပလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ယခုလက်ရှိ ကမ္ဘာလုံးဆိုင်ရာ နေရောင်ခြည်သုံးနည်းပညာအတွက် လိုအပ်သော ကုန်ကြမ်းထောက်ပံ့မှု ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ၂၀၂၅ ခုနှစ်တွင် ၉၅ ရာခိုင်နှုန်းအထိ တိုး၍ ပိုင်ဆိုင်လာမည်ဖြစ်ကြောင်း ဘီရိုက ပြောကြားခဲ့သည်။

၎င်းနှင့် ဂရန်ဟောမ် တို့က ရုရှားမှ လောင်စာစွမ်းအင်ထောက်ပံ့မှု ဆုံးရှုံးခြင်းကို သင်ခန်းစာယူ၍ နည်းပညာ သို့မဟုတ် လောင်စာတစ်ခုအတွက် နိုင်ငံတစ်နိုင်ငံအပေါ်ကိုသာ မှီခိုနေခြင်းကို ရှောင်ရှားသင့်ကြောင်း ပြောကြားခဲ့သည်။

ဂရန်ဟောမ် နှင့် သြစတြေးလျစွမ်းအင်ဝန်ကြီး ခရစ် ဘိုဝမ် တို့သည် နှစ်နိုင်ငံအကြား စွမ်းအင်သုတေသနလုပ်ငန်းတွင် အတူတကွလုပ်ဆောင်ရန်အပါအဝင် ဟိုက်ဒရိုဂျင်ထုတ်လုပ်ရန်အတွက် ရေရှည်စွမ်းအင် သိုလှောင်မှုနှင့် အီလတ်ထရိုလိုင်ဇာ ပစ္စည်းများ၏ ကုန်ကျစရိတ်များကို လျှော့ချရန် သဘောတူညီချက်တစ်ရပ်ကို အင်္ဂါနေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်း ချမ်းရေးနှင့် တည်ငြိမ်ရေးကိုပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်း ချမ်းရေးနှင့် တည်ငြိမ်ရေးကိုပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးအတွက် ဒု- ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း တို့ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ မစ္စတာ တိန့်ရှီးကျွင်း အား ယနေ့ မတ် ၁၀ ရက်နံနက် ၁၀ နာရီက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဥ် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေးရှေ့ရှုကာ နှစ်ဖက်အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးကို အလေးထားဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-တရုတ်...

ရန်ကုန်တွင် ပြည်ထောင်စုအဆင့် MSME ကုန်စည်ပြပွဲနှင့် ပြိုင်ပွဲကျင်းပမည်

ပြည်ထောင်စုအဆင့် MSME ကုန်စည် ပြပွဲနှင့် ပြိုင်ပွဲအား ရန်ကုန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တွင် ပြည်ထောင်စုအဆင့် MSME ကုန်စည်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၄)တွင် ပြုလုပ်ခဲ့‌ ကြောင်း သိရသည်။ MSME ဒေသတွင်း ထုတ်ကုန်ပြပွဲပြိုင်ပွဲများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် သာမက ဒေသအသီးသီးမှ လုပ်ငန်းရှင်အချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှု၊ ရိုင်းပင်းကူညီမှု၊ ရိုးရာဓလေ့ယဉ်ကျေးမှုများ၊ ဗဟုသုတများဖလှယ်ရရှိမှု၊ ဈေးကွက်ချိတ်ဆက်နိုင်မှု စသည့် အကျိုးများစွာရှိသည့် ပြပွဲ၊ ပြိုင်ပွဲတစ်ခုဖြစ်သည်။ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကကျောရိုးဖြစ်သည့် MSME...

တပေါင်းလ ရုံးပိတ်ရက်ရှည် ကာလအတွင်း ရန်ကုန်-မော်လမြိုင် အစုန်အဆန် အထူးရထားခရီးစဥ်အား AAR တွဲဆိုင်းများဖြင့် ပြေးဆွဲမည်

တပေါင်းလ ရုံးပိတ်ရက်ရှည် ကာလအတွင်း ရန်ကုန်-မော်လမြိုင် အစုန်အဆန် အထူးရထားခရီးစဥ်အား AAR တွဲဆိုင်းများဖြင့် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား(မော်လမြိုင်)ဘူတာကြီးက ယနေ့တွင် အသိပေးထားသည်။ ထိုသို့ ပြေးဆွဲပေးရာ၌ မတ်လ(၁၁)ရက် တွင် မော်လမြိုင်ဘူတာကြီးမှ နံနက် (၉) နာရီ (၁၀)မိနစ်အချိန် ထွက်ခွာမည့် အစုန်အထူးရထားသည်ရန်ကုန်ဘူတာကြီးသို့ ညနေ (၅)နာရီ(၅၅)မိနစ်တွင်ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အလားတူ မတ်လ (၁၂)ရက်နေ့ ရန်ကုန်ဘူတာကြီးမှ နံနက် (၉)နာရီ (၁၅)မိနစ်အချိန် ထွက်ခွာလာမည့် အဆန်အထူး ရထားသည် မော်လမြိုင်ဘူတာသို့ ညနေ (၆)နာရီတွင် လည်းကောင်း၊မတ်လ(၁၅)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071