Monday, March 31, 2025

စစ်ကိုင်းမြို့တွင် ပြိုကျပျက်ဆီးနေသောလေးကျွန်းမြေအုတ်ကျောင်းနှင့်ဇိနောဓဏတိုက်သစ်ကျောင်းတိုက်တို့တွင် ကူညီကယ်ဆယ်ရေးများဆောင်ရွက်

ငလျင်လှုပ်ခတ်မှုကြောင့်စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုတ်ကျောင်း ပြိုကျပျက်စီးရာမတ်လ(၃၁)ရက်က စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် စစ်ကိုင်းမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဇိနောဓဏတိုက်သစ်ကျောင်းတိုက်အဆောက်အဦး ပြိုကျ၍ ပိတ်မိနေသူများကို...

မြန်မာ့ငလျှင်ကို ထိပ်တန်းအ​ရေး​ပေါ်သတ်မှတ်လာ

မတ်၂၈ ငလျင်သည် ဘူမိဗေဒပြတ်ရွေ့များ သိသာထင်ရှားမှုက ကီလို ၁၀၀ နှင့် ၁၅၀ ကြား ​ရွေ့​လောက်သည်ဟု ဂျပန်ပညာရှင်များ သုံးသပ်ကြသည်။ ပြတ်ရွေ့တစ်ခုမှာ...

သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် အမျိုးသမီးရုပ်အလော-င်း တွေ့ရှိ၊ ယနေ့...

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်Sky Villa Condo ငလျင်ဒဏ်ကြောင့် ပြိုကျမှုဖြစ်စဉ်အတွင်း (၃)ရက်ကြာ ပိတ်မိနေသည့် သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ရုပ်အလော-င်းအား ယနေ့ မတ်လ(၃၁)ရက်တွင်ရှာဖွေတွေ့ရှိခဲ့ပြီး၊ ယနေ့တွင်ပင်...

မြန်မာငလျင်သည်ထိပ်တန်းအဆင့် အရေးပေါ်အခြေအနေဖြစ်၊ အရေးပေါ် ရန်ပုံငွေရှာ‌ဖွေ-ကမ္ဘာ့ကျန်းမာရေးအဖွဲ့

မြန်မာငလျင်ဘေးသည် ထိပ်တန်းအဆင့် အရေးပေါ်အခြေအနေတစ်ခုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မတ်လ ၃၀ ရက် နေ့တွင် ပြောကြားလိုက်ပြီး အသက်ကယ်ဆယ်ရန်နှင့် လာမည့် ရက် ၃၀...
HomeArticlesအ​မေရိကန်ဘဏ်ပြိုခြင်းနှင့်မြန်မာပြည် အဆက်အစပ်

အ​မေရိကန်ဘဏ်ပြိုခြင်းနှင့်မြန်မာပြည် အဆက်အစပ်

အ​မေရိကတွင် ဘဏ်၂ခုပြိုလဲသည့်အ​​ပေါ် သက်​ရောက်မူက ဘယ်သူ​တွေခံစားရနိုင်လဲ၊မြန်မာကကော ဘယ်​လောက် ရိုက်ခတ်ခံရနိုင်လဲစိတ်ဝင်စား​နေကြသည့်အတွက် ​ပေါ်ပြုလာနယူးစ်က ​မေးသင့်သူများအား​မေးမြန်းကာ ရလာသည့်အ​ဖြေအချို့အားစုစည်း​ဖော်ပြလိုက်ပါသည်။​ဖြေဆို​ပေးသူများ၏ရူ့​​ထောင့် မတူကြသည့်အ​လျောက် အ​ဖြေ​များကကွဲပြားလျက်ရှိ​နေဆဲဖြစ်သည်။

“ပြည်တွင်းမှာ USD အဝင်က အကန့်အသတ်ဖြစ်​နေတယ်၊ USD reserved က ​တောင့်တင်း တဲ့အ​နေထားရှိမရှိအတိအကျမသိရဘူး။ ဗဟိုဘဏ် ကလည်း USD ထုတ်​ရောင်းပြီး ​ပေါက်​စျေးကို မလွှမ်းမိုးနိုင်​သေးဘူး။ Dem​and အရ ​ရွှေကပထမ၊ ​ဒေါ်လာက ဒုတိယ​နေရာက မကျ​သေးဘူး။ အစားထိုး ​စျေးကစားရတဲ့ ​မြေနဲ့ကားက ခရီးမ​ပေါက်​သလိုဖြစ်​နေတယ်။ မြန်မာကျပ် များများကိုင်တဲ့ အ​လေ့အထ ​လျော့ကျ​နေ​သေးလို့၊ ​ဒေါ်လာထိုးကျမယ့် အ​နေအထား မြန်မာပြည်မှာ ​တွေ့ရဖို့ ဖြစ်တန်​ခြေ နည်းပါးတယ်လို့ မြင်ပါတယ်”ဟု သု​တေသနသမားတစ်ဦးက သူ၏ ယူဆချက်ကိုရှင်းပြသည်။

ကုန်သည်ကြီးတစ်ဦးက “အခုအကြပ်အတည်းမှာ ​ဒေါ်လာအားပျော့သွားနိုင်ဖွယ်ရှိပြီး၊ ရွှေစျေးအခိုက်တန့်မြင့်လာမည့်အခြေအနေဖြစ်မယ်လို့ထင်တယ်။ ပို့ကုန်တင်ပို့မှုအားကောင်းတဲ့ကာလလည်းဖြစ်လို့ မြန်မာငွေအပေါ်သက်ရောက်မှုအနေနဲ့​တော့ ဒေါ်လာနှင့်လဲလှယ်ရာမှာ ကျပ်တန်ဖိုးပိုခိုင်မာလာမည့်အလားအလာလို့သုံးသပ်မိပါတယ်”ဟုဆိုသည်။

သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက​တော့”မြန်မာနိုင်ငံအတွက် အကျိုးသက်ရောက်မှု သိပ်မရှိသေးဘူးလို့ ထင်ပါတယ်၊ ဒါပေမယ့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုက စလာ​နေပါပြီ။နေရာတိုင်းမှာ ရှယ်ယာဈေးတွေ ကျနေပါတယ်။သတိ​တော့ထား​နေရမှာပါ” ဟု၄င်း၏ရူ့​ထောင့်ကို​ပြောပြခဲ့သည်။

​ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက”ပထမဘဏ် SVB ကနည်းပညာထောက်ပံ့တဲ့ဘဏ်မို့အိန္ဒိယနည်းပညာကုမ္မဏီ​တွေကသက်ရောက်မူရှိနိုင်သလို၊ဂျာမနီ နည်းပညာကုမ္မဏီ​တွေလည်းထိနိုင်တယ်။ခုဆိုအိန္ဒိယမှာ အရေးပေါ်အစည်းအဝေးတွေခေါ်နေပြီ။ဒုတိယဘဏ်ကျ​တော့နယူး​ယောက်ကစီးပွားရေးဘဏ်​ပေါ့။
Federal Reserve ဗဟိုဘဏ်က သူတို့ဘဏ်​တွေရဲ့စည်းကမ်းထိမ်းသိမ်း​ရေးဆိုပေမယ့် ခုသူကဝင်ရောက်မစွက်ဖက်ဘဲ ဒေသအစိုးရက ဝင်ကိုင်တွယ်တာတွေ့ရတယ်။ SVB ဘဏ်ကိုပြန်ဖွင့်ခိုင်းတာမျိုးပေါ့။မြန်မာပြည်နဲ့အမေရိကန်ဘဏ်တွေနဲ့ တိုက်ရိုက်အဆက်အဆံမရှိဘူး။ အဆက်အဆံမရှိတဲ့အတွက် တိုက်ရိုက်သက်ရောက်မှုအနေနဲ့ မြန်မာပြည်မှာ ဘာမှထူးထူးခြားခြားမဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံက အ​မေရိကန်ရဲ့ ဆန်ရှင်နိုင်ငံ​တွေထဲကနံပါတ်၆​လောက်ဖြစ်နေတယ်။အမေရိကန်နဲ့လည်း တိုက်ရိုက်စီးပွားကူးသန်းတာမရှိဘူး။ ဒါ့ကြောင့် ဒါနဲ့ပတ်သတ်ပြီး ထိခိုက်မှုမရှိနိုင်ပါဘူး။မြန်မာနိုင်ငံနဲ့တိုက်ရိုက်ကြီးမပတ်သက်​ပေမယ့် အိန္ဒိယကို​တော့ဂယက်ရိုက်လိမ့်မယ်။ဒါတဦးထဲကိုယ်ပိုင်အမြင်ကိုပဲ​ပြောပြတာပါ။”

​ဒေါ်လာ​စျေးမကျ နိုင်​လောက်ဘူး။အ​မေရိကဘဏ်​တွေရဲ့ ပိုင်ဆိုင်မူAssessts က ပိုများနေလို့ဟုယူဆသူ​တွေရှိသလိုဆန့်ကျင်ဖက်သုံးသပ်သူများက”​ဒေါ်လာဈေးကျနိုင်သလို ၊ အ​ပေါင်ဆုံးတွေများမှာမို့ အ​မေရိကမှာ အိမ်ခြံမြေဈေးကျနိုင်တယ်။Deposit အပ်​ငွေသမားတွေ ပြန်အမ်းတဲ့အခါ ​ငွေကိုအမ်းရမှာ၊ဒီအချိန် သူ့ Assesstsကလဲ ဗိုက်နာဈေးပဲရမယ်ထင်တယ် ၊အစိုးရအာမခံ FDIC ကသူ့ကို ဘယ်လောက် back up လုပ်ပေးမှာလဲ ဆိုတာပေါ်တော့ မူတည်တာပေါ့”ဟု​ဆွေး​နွေးကြသည်။

အ​မေရိကတွင်​နေထိုင်သူတစ်ဦးက”
ဒီမှာငွေကြေးဖောင်းပွလွန်းနေတာကအရှိတရားပါပဲ ၊မရှိမဖြစ်သုံးတဲ့ပစ္စည်း၊အစားအသောက်က ဈေးကြီးတော့ ထိတော့ထိနိုင်တယ် ၊ဒါပေမယ့်ဆင်ပိန်ကျွဲပါ၊ဆက်သွားနိုင်မှာပါ၊ မြန်မာနဲ့မဆိုင်​လောက်ပေမယ့် ကိုယ့်လူမျိုး​တွေက ညောင်ဦးကမ်းပါးပြိုတာကို စမ္ပာနဂိုရ် နွားမပေါင်ကျိုးတာနဲ့ချိတ်ဆက်နိုင်ကြတော့ ​ဒေါ်လာဆွဲတင်ချင်သူတွေလဲရှိနိုင်ပါတယ်”ဟု​ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းမြို့တွင် ပြိုကျပျက်ဆီးနေသောလေးကျွန်းမြေအုတ်ကျောင်းနှင့်ဇိနောဓဏတိုက်သစ်ကျောင်းတိုက်တို့တွင် ကူညီကယ်ဆယ်ရေးများဆောင်ရွက်

ငလျင်လှုပ်ခတ်မှုကြောင့်စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုတ်ကျောင်း ပြိုကျပျက်စီးရာမတ်လ(၃၁)ရက်က စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် စစ်ကိုင်းမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဇိနောဓဏတိုက်သစ်ကျောင်းတိုက်အဆောက်အဦး ပြိုကျ၍ ပိတ်မိနေသူများကို မတ်လ (၃၁) ရက်နေ့က စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြန်မာ့ငလျှင်ကို ထိပ်တန်းအ​ရေး​ပေါ်သတ်မှတ်လာ

မတ်၂၈ ငလျင်သည် ဘူမိဗေဒပြတ်ရွေ့များ သိသာထင်ရှားမှုက ကီလို ၁၀၀ နှင့် ၁၅၀ ကြား ​ရွေ့​လောက်သည်ဟု ဂျပန်ပညာရှင်များ သုံးသပ်ကြသည်။ ပြတ်ရွေ့တစ်ခုမှာ ကျောက်သားများ အလျားလိုက်ဆန့်ကျင်ဖက် ရွေ့ပြီးငလျှင်လှိုင်းဖြစ်​စေခြင်းဖြစ်သည်။ ကြီးမားသော ပထဝီဝင်ပုံစံပြောင်းလဲမှုများကို ငလျှင်က ဖြစ်စေသည်ကိုတွေ့မြင်ရသည့်ချိန်လည်းဖြစ်သည်။ မြေမျက်နှာပြင်ကွဲခြင်းများအပြင်  မြေအောက်ရေစီးဆင်းမှုပြောင်းလဲမှု၊ သဲမြေအရည်ပျော်ခြင်း၊ ရွှံ့များတက်လာခြင်း၊ ​ရေထွက်လာခြင်း တို့လည်း​ဖြစ်​ပေါ်​နေ​ကြောင်း​ဒေသခံများ၏ လူမှုကွန်ယက်တွင်​တွေ့​နေရသည်။ အင်း​လေးသည်လည်း ငလျှင်​ကြောင့်မကြုံဖူး​သော ​နောက်ဆက်တွဲများဖြစ်​ပေါ်​နေ​ကြောင်းကြား​နေရသည်။ရွာငံရှိ နာမည်​ကျော်​ရေပြာအိုင်သည်လည်း ​​​ဗွက်​​ရေကဲ့သို့ ​နောက်​နေသည်။စစ်ကိုင်းဖက်က ပိုဆိုးသည်ဟုလည်းဆိုကြသည်။စစ်ကိုင်းတွင် ကယ်ဆယ်​ရေးမတွင်ကျယ်နိုင်​သေးသဖြင့် လူ​သေ အပုပ်နံ့များ ထွက်​လာ​နေ​ကြောင်းလည်း ​ပြောကြသည်။​နေပြည်​တော်လည်း ခုချိန်ထိ အပြင်တွင်သာ...

သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် အမျိုးသမီးရုပ်အလော-င်း တွေ့ရှိ၊ ယနေ့ မီးသဂြိုဟ်ပြီးစီးဟုဆို

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်Sky Villa Condo ငလျင်ဒဏ်ကြောင့် ပြိုကျမှုဖြစ်စဉ်အတွင်း (၃)ရက်ကြာ ပိတ်မိနေသည့် သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ရုပ်အလော-င်းအား ယနေ့ မတ်လ(၃၁)ရက်တွင်ရှာဖွေတွေ့ရှိခဲ့ပြီး၊ ယနေ့တွင်ပင် မီးသဂြိုဟ် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သုခဒိုင်းမွန်းစိန်တိုက်နှင့် နီးစပ်သူတစ်ဦးက ပေါ်ပြူ လာနယူးစ်ကိုပြောသည်။ အသက်(၅၀)အရွယ်ခန့်ရှိသူ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေအား ယနေ့တွင် မန္တလေးမြို့ ကြာနီကန်သုဿန်၌ မီးသဂြိုဟ်၍ အရိုးပြာကို ဂူသွင်းမြှပ်နှံသွားမည်ဖြစ်ကြောင်း ဆိုသည်။ " သဂြိုဟ်ပြီးပါပြီ။ မီးသဂြိုဟ်ပြီးရင် ဂူသွင်းမှာပါ။ ကြာနီကန် မှာ"ဟု ၎င်းက ရှင်းပြသည်။ ယနေ့တွင် သုခဒိုင်းမွန်းစိန်တိုက်၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွင်လည်း ဝမ်းနည်းကြောင်းအထိမ်းအမှတ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071