Monday, April 14, 2025

ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ငလျင်ဒဏ်သင့်သူများအတွက် ပထမအကြိမ်အဖြစ် အလှူငွေ...

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ နေ ပြည်တော်နှင့် စစ်ကိုင်းတိုင်းတို့မှ ငလျင်ဒဏ်သင့်သူများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးအသင်းတို့ထံသို့ ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ပထမအကြိမ်အဖြစ် အလှူငွေများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက...

ငလျင်ကြီး၏ ၁၆ရက်​မြောက်​နေ့၌ မန္တလေးမြို့တွင် အ​ဆောက်အအုံတစ်ခုမြေထဲကျွံကျမှုဖြစ်

မန္တလေးမြို့တွင် ယနေ့ ဧပြီ ၁၃ ရက်နေ့လည်ပိုင်းက ငလျင်လှုပ်ခတ်နေချိန်မဟုတ်ဘဲ ဆေးရုံသုံးပစ္စည်းအရောင်းဆိုင်၏မြေညီထပ် မြေကြီးထဲကျွံကျသွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။ မန္တ​လေး ငလျင်ကြီး ပြီး​နောက် ငလျင်ငယ်များစွာ...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၇) နှစ်မြောက်...

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ဆုတောင်းပြည့်ရွှေမော်ဓောစေတိီတော်မြတ်ကြီး၏ (၂၆၀၇)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ဧပြီ ၇ ရက်မှ ဧပြီ ၁၆ ရက်အထိ ၁၀ ရက်တိုင်ဆင်ယင်ကျင်းပလျက်ရှိသည်။ ထိုသို့...

ယနေ့ ဧပြီ ၁၃ ရက်...

မြန်မာ့ရိုးရာအစဥ်အလာနှင့်အညီ သပြေခက်ဖြင့်ရေပက်ဖျန်းကာ သင်္ကြန် ပွဲတော်ကိုဆင်နွှဲကြခြင်းဖြစ်ပြီး ဘိုး၊ဘွားများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းလှီးဖြတ်ပေးခြင်းကုသိုလ်ပြုလုပ်နေမှုအစီစဉ်များလည်းပါဝင်သည်။ နစက ဥက္ကဋ္ဌ က ဘိုးဘွားများကိုသင်္ကြန်လက်ဆောင်များပေးအပ်ပြီး စတုဒိသာမဏ္ဍပ်တွင် စတုဒိသာကျွေးမွေးနေမှုများကိုပါကြည့်ရှုအားပေးခဲ့သည်။ ယခုနှစ် နေပြည်တော်လမ်းလျှောက်...
HomeNewsLocal Newsအမေရိကန်သည်လူသားချင်းစာနာမှုအကူအညီကိုအလုံးအရင်းဖြင့်မပေးတော့

အမေရိကန်သည်လူသားချင်းစာနာမှုအကူအညီကိုအလုံးအရင်းဖြင့်မပေးတော့

အမေရိကန်ပြည်ထောင်စုသည် လူသားချင်းစာနာထောက်ထားမှု အကူအညီကို အလုံးအရင်းဖြင့်ပေးနေသော ဝန်ထုပ်ဝန်ပိုးကို ထမ်းတော့မည်မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဧပြီ ၄ ရက်တွင် ပြောကြားလိုက်ပြီး အခြား ချမ်းသာသော နိုင်ငံများအနေဖြင့် ငလျင်ဒဏ်သင့်မြန်မာအတွက် အကူအညီများ ကို တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည်။

“ကျွန်တော်တို့က ကမ္ဘာ့အစိုးရ မဟုတ်ပါဘူး၊ လူသာချင်းစာနာမှု အကူအညီတွေကို သူများတွေ ပေးသလိုပဲ ပေးသွားမှာပါ၊ ကျွန်တော်တို့ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်သွားပါမယ်” ဟု ရူဘီယိုက ဘရပ်ဆဲလ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ၎င်း၏ ရာထူးသက်တမ်း ပထမရက်တွင်ပင် အမေရိက၏ နိုင်ငံရပ်ခြားအကူအညီအားလုံးကို ရက် ၉၀ ယာယီဆိုင်းငံ့မိန့် ထုတ်ခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်နှင့် ကမ္ဘာတစ်ဝန်း နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အမေရိကန်အေဂျင်စီ၏ အစီအစဉ်အများအပြားကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် အသက်ကယ် အစားအစာနှင့် ဆေးဝါး အကူအညီပေးပို့မှုများကို ထိခိုက်စေကာ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ကယ်ဆယ်ရေးလုပ်ငန်းများကို ပရမ်းပတာဖြစ်စေခဲ့သည်။

ကမ္ဘာတစ်ဝန်း လူသားချင်းစာနာမှု အကူအညီများ၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းကို အမေရိကန်ပြည်ထောင်စုက ဝင်ထမ်းပေးသင့်သည်ဆိုသော မျှော်လင့်ချက်သည် မမျှတကြောင်းနှင့် ကမ္ဘာတွင် ပေးကမ်းလို့ရသည့် ချမ်းသာသောနိုင်ငံများစွာရှိနေကြောင်းကို အထူးအားဖြင့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကို ကိုးကား၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့က ကမ္ဘာမှာ အချမ်းသာဆုံးနိုင်ငံတစ်ခုပါ၊ ဒါပေမဲ့ ကျွန်တော်တို့ အရင်းအမြစ်တွေက အကန့်အသတ်မရှိနေတာမျိုး မဟုတ်ဘူး၊ ကျွန်တော်တို့မှာ နိုင်ငံတော်ကြွေးမြီ ကြီးကြီးမားမားလဲ ရှိနေပါတယ်၊ ဦးစားပေးရမယ့် အခြားအရာများစွာလဲ ရှိပါတယ်၊ ဒါတွေအားလုံးကို ပြန်စဥ်းစားရမယ့်အချိန်ရောက်နေပါပြီ၊ ဒါကြောင့် ကျွန်တော်တို့ ရှိနေပါမယ်၊ တတ်နိုင်သလောက် ကူညီပေးမှာပါ၊ ကျွန်တော်တို့မှာ ဂရုစိုက်ရမယ့် အခြားအရာတွေလည်း ရှိနေပါတယ်” ဟု သူက ပြောသည်။

ထို့အပြင် “တရုတ်က အရမ်းချမ်းသာတဲ့ နိုင်ငံပါ၊ အိန္ဒိယလည်း ချမ်းသာပါတယ်၊ ကမ္ဘာမှာ အခြားနိုင်ငံတွေလည်း များစွာရှိတဲ့အတွက် လူတိုင်း ကဝင်ကူသင့်ပါတယ်” ဟု ဆက်လက်ပြောဆိုခဲ့သည်။

မတ် ၂၈ ရက်က ပြင်းအား ၇ ဒဿမ ၇ ရှိ ငလျင်လှုပ်ခတ်ခဲ့သော ငလျင်သည် မြန်မာနိုင်ငံတွင် ရာစုနှစ်တစ်ခုအတွင်း အပြင်းထန်ဆုံး ငလျင်ဖြစ်ခဲ့ပြီး ဆေးရုံများ၊ လူနေတိုက်တာ အဆောက်အအုံများ ပြိုကျကာ အစားအစာ၊ ရေနှင့် အမိုးအကာများ ပြတ်တောက်ခဲ့ရသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ငလျင်ဒဏ်သင့်သူများအတွက် ပထမအကြိမ်အဖြစ် အလှူငွေ သိန်းပေါင်း (၁၅၀၀) ကျော်လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ နေ ပြည်တော်နှင့် စစ်ကိုင်းတိုင်းတို့မှ ငလျင်ဒဏ်သင့်သူများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးအသင်းတို့ထံသို့ ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ပထမအကြိမ်အဖြစ် အလှူငွေများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ကျိုက်ထီးဆောင်းဆရာတော်ကြီးနှင့် ငါးသုံးလီတပည့် ဒကာ၊ ဒကာမများစုပေါင်း၍ မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးမြို့ရှိ မစိုးရိမ်တိုက်သစ်အတွက် အလှူတော်ငွေကျပ်သိန်း(၃၀၀)၊ ငလျင်ဒဏ်သင့်သူများကုသမှုခံယူနေကြသည့် မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးအရိုးအထူးကုဆေးရုံကြီးရှိ လူနာ(၄၀၀)ဦးအတွက် အလှူငွေကျပ်သိန်း(၄၀၀)၊ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ အလှူတော်ငွေကျပ်သိန်း(၁၀၀)တို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ အလှူတော်ငွေကျပ်သိန်း(၁၅၀)၊ ကျန်းမာရေးဝန်ကြီးဌာနသို့ အလှူတော်ငွေကျပ်သိန်း(၃၀၀)၊ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသည့် ငလျင်ဒဏ်သင့်လူနာ(၁၀၀)ဦးအတွက် အလှူတော်ငွေကျပ်(၁၀၀)သိန်း၊...

ငလျင်ကြီး၏ ၁၆ရက်​မြောက်​နေ့၌ မန္တလေးမြို့တွင် အ​ဆောက်အအုံတစ်ခုမြေထဲကျွံကျမှုဖြစ်

မန္တလေးမြို့တွင် ယနေ့ ဧပြီ ၁၃ ရက်နေ့လည်ပိုင်းက ငလျင်လှုပ်ခတ်နေချိန်မဟုတ်ဘဲ ဆေးရုံသုံးပစ္စည်းအရောင်းဆိုင်၏မြေညီထပ် မြေကြီးထဲကျွံကျသွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။ မန္တ​လေး ငလျင်ကြီး ပြီး​နောက် ငလျင်ငယ်များစွာ လှူပ်​​နေသည်မှာ ယ​နေ့ ဆိုလျှင် ၁၆ ရက်ပင်ရှိလာ​နေပြီဖြစ်သည်။ မန္တလေးမြို့၊ ၂၆ လမ်း၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြားရှိ ရီရှင်း ဆေးရုံသုံးပစ္စည်းအရောင်းဆိုင်၏မြေညီထပ်မှာ နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်က ငလျင်လှုပ်ခတ်နေချိန်မဟုတ်ဘဲ မြေကြီးထဲသို့ကျွံကျသွားခဲ့ကြောင်း သိရသည်။ " အဲဒီ ဆေးရုံသုံးပစ္စည်းအရောင်းဆိုင်ကပိတ်ထားတာပါ။ လူနေထိုင်တာမရှိပါဘူး။ နောက်ပြီး ပစ္စည်းတွေကိုရွှေ့နေကြတာသိပ်မကျန်တော့ဘူး။...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၇) နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ သံဃာတော်အပါး (၅၀၀)ကို ဆွမ်းဆန်စိမ်းလောင်းလှူ

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ဆုတောင်းပြည့်ရွှေမော်ဓောစေတိီတော်မြတ်ကြီး၏ (၂၆၀၇)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ဧပြီ ၇ ရက်မှ ဧပြီ ၁၆ ရက်အထိ ၁၀ ရက်တိုင်ဆင်ယင်ကျင်းပလျက်ရှိသည်။ ထိုသို့ ဆင်ယင်ကျင်းပလျက်ရှိရာ ဧပြီ ၁၂ ရက်ညနေပိုင်းက သံဃာတော်အပါး(၅၀၀)အား စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များက ဆွန်းဆန်စိမ်းများလောင်းလှူပူဇော်ခဲ့ကြသည်။ ရွှေမော်‌ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၇)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် ဧပြီ ၁၁ ရက်နံနက်ပိုင်းက စေတီတော်မြတ်ကြီးအား အနေကဇာတင်ခြင်းနှင့် တစ်နေ့တာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းတို့ကိုပြုလုပ်ခဲ့ကြပြီး ဧပြီ ၁၂ ရက်(တန်ခူးလပြည့်နေ့)နံနက်ပိုင်းကလည်း စေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးတင်လှူပူဇော်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071