Friday, April 25, 2025

အနောက်နိုင်ငံများက တို-က်ခိုက်လျှင်နျူလက်နက်သုံးပိုင်ခွင့်ရှိ–ရုရှား

အနောက်နိုင်ငံများ၏ ရန်ပြုမှုကို ကြုံတွေ့ရလျှင် ရုရှားသည် နျူကလီးယားလက်နက်ကို သုံးပိုင်ခွင့်ရှိသည်ဟု မော်စကို၏ ထိပ်တန်းလုံခြုံရေးအရာရှိ ဆာဂီရှိုဂူက အင်တာဗျူးတွင် ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် တာ့စ်သတင်းဌာနက...

ဘိလပ်မြေစျေးမြှင့်ပြီးရောင်းသည့် အရောင်းဆိုင် (၆၀)ကျော်ကို အရေးယူရန်ဆောင်ရွက်နေ

ဘိလပ်မြေဝယ်လိုအားမြင့်တက်နေချိန်တွင် စျေးကွက်အတွင်း၌ စျေးနှုန်းမြှင့်တင်ပြီးရောင်းချနေသည့် အရောင်းဆိုင်(၆၀)ကျော်ကို အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များသည် နေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၅၉)ဆိုင်နှင့် ဂိုထောင်(၁)လုံး၊ ရန်ကုန်တိုင်းရှိ မြို့နယ်(၃၄)မြို့နယ်မှ...

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကိုရေးသားထားသည့် စာကောင်းပေမွန်များကို...

စာကြည့်တိုက်များ၌ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကိုရေးသားထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်းထားရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄...

ငလျင်ဒဏ်ကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ပျက်စီးခဲ့မှုများကို နစက...

အလွန်အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး၏ ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄...
HomeInternationalအမေရိကအခြေစိုက် Samaritan's Purse...

အမေရိကအခြေစိုက် Samaritan’s Purse ကုသရေးအဖွဲ့ ရောက်ရှိ

ရန်ကုန်၊ဧပြီ ၈

အမေရိကအခြေစိုက် Samaritan’s Purse ကုသရေးအဖွဲ့ မြန်မာနိုင်ငံသို့ ‌ေရာက်ရှိလာပြီးဖြစ်ကာ အဆိုပါအဖွဲ့မှဆရာဝန်များ၊သူနာပြုများနှင့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များသည် မတ်လ ၂၈ ရက် ငလျင်နှင့် နောက်ဆက်တွဲငလျင်ကြောင့် ထိခိုက်သူများအတွက် အသက်ကယ်ခွဲစိတ်မှုများစတင်လုပ်ဆောင်နေပြီဖြစ်သည်ဟုသိရသည်။

၎င်းတို့အနေဖြင့် မကြာမီ တစ်ရက်လျှင် လူနာ ၂၀၀ အထိကုသပေးနိုင်မည့် အရေးပေါ်ကွင်းဆင်းဆေးရုံများကိုအမြန်တပ်ဆင်လျက်ရှိပြီး ၎င်းတို့တွင် အထူးကြပ်မတ်ကုသဆောင်၊ အရေးပေါ်ခန်း၊ဆေးပေးခန်း၊ဓာတ်ခွဲခန်းနှင့် ခွဲစိတ်မှုဒါဇင်ပေါင်းများစွာကို နေ့စဥ်ပြုလုပ်ပေးနိုင်မည့် ခွဲစိတ်ခန်းနှစ်ခုတို့ပါဝင်သည်ဟုဆိုသည်။

“လက်ရှိအချိန်မှာ လိုအပ်မှုကအရမ်းများနေပါတယ်။သေဆုံးသူ ၃,၅၀၀ ကျော်ရှိလာပြီး ဒဏ်ရာရသူက ထောင်ချီရှိနေပါတယ်။ဒေသတွင်းဆေးရုံတွေကလဲ လူအပြည့်အလျှံဖြစ်နေပါတယ်။လက်ရှိကို ကျွန်တာ်တို့ဆီမှာ အရိုးကျိုးထားတဲ့လူနာတွေလာ‌ စောင့် နေကြ တာ ရာကျော်နေပါပြီ” ဟုလည်းဆိုသည်။

၎င်းတို့သည် ယမန်နေ့က ဘိုးရင်း 747 ကုန်တင်လေယာဉ်ဖြင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ၁၀၄ တန်ကိုတင်ဆောင်ခဲ့ပြီး ၎င်းတို့တွင် ရေစစ်စနစ်ခြောက်ခု၊အရေးပေါ်အမိုးအကာပစ္စည်းများ၊ဆိုလာမီးများနှင့်တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများပါဝင်သည်ဟုလည်းသိရသည်။

Source : Samaritan’s Purse

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနောက်နိုင်ငံများက တို-က်ခိုက်လျှင်နျူလက်နက်သုံးပိုင်ခွင့်ရှိ–ရုရှား

အနောက်နိုင်ငံများ၏ ရန်ပြုမှုကို ကြုံတွေ့ရလျှင် ရုရှားသည် နျူကလီးယားလက်နက်ကို သုံးပိုင်ခွင့်ရှိသည်ဟု မော်စကို၏ ထိပ်တန်းလုံခြုံရေးအရာရှိ ဆာဂီရှိုဂူက အင်တာဗျူးတွင် ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင် တာ့စ်သတင်းဌာနက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။          မကြာခင်အချိန်၌ သဘောတူညီချက်ရရန် တိုးတက်မှုတစ်စုံတရာမရှိခဲ့လျှင် ဝါရှင်တန်သည် ယူကရိန်းငြိမ်းချမ်းရေးအတွက် စေ့စပ်ပေးရန် ကြိုးပမ်းနေခြင်းမှ စွန့်ခွာသွားနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဒုတိယသမ္မတ ဂျေဒီဗန့်စ်တို့က သတိပေးခဲ့ပြီးနောက် ရှိုဂူ၏ ယခု ပြောဆိုချက် ထွက်လာခြင်းဖြစ်သည်။         ရုရှားကာကွယ်ရေးဝန်ကြီးအဖြစ် ဆယ်စုနှစ်တစ်ခုကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ပြီးခဲ့သည့်နှစ်က အစိုးရအဖွဲ့အပြောင်းအလဲတွင် သြဇာကြီးမားသော လုံခြုံရေးကောင်စီ၏ အကြီးအကဲဖြစ်လာသော ရှိုဂူက...

ဘိလပ်မြေစျေးမြှင့်ပြီးရောင်းသည့် အရောင်းဆိုင် (၆၀)ကျော်ကို အရေးယူရန်ဆောင်ရွက်နေ

ဘိလပ်မြေဝယ်လိုအားမြင့်တက်နေချိန်တွင် စျေးကွက်အတွင်း၌ စျေးနှုန်းမြှင့်တင်ပြီးရောင်းချနေသည့် အရောင်းဆိုင်(၆၀)ကျော်ကို အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များသည် နေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၅၉)ဆိုင်နှင့် ဂိုထောင်(၁)လုံး၊ ရန်ကုန်တိုင်းရှိ မြို့နယ်(၃၄)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၈၇)ဆိုင်နှင့် ပြည်ပမှ ဘိလပ်မြေတင်သွင်းရောင်းချသည့် ကုမ္ပဏီ(၃)ခု၊ မန္တလေးတိုင်းရှိ မြို့နယ်(၁၁)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၈၈)ဆိုင်တို့ကို စစ်ဆေးခဲ့ကြသည်။ ထို့ပြင် ပဲခူးတိုင်းရှိ မြို့နယ်(၃)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၁၉)ဆိုင်၊ စစ်ကိုင်းတိုင်းရှိ စစ်ကိုင်းမြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၄)ဆိုင်၊ ရှမ်းပြည်နယ်ရှိ မြို့နယ်(၃)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၅၉)ဆိုင်တို့ကို ဧပြီ ၂၃ ရက်ကကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ စစ်ဆေးရာမှ ဝယ်ရင်းဈေးထက် အမြတ် ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းမှ...

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကိုရေးသားထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်းထားရန်လို

စာကြည့်တိုက်များ၌ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကိုရေးသားထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်းထားရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄ ရက်နေ့လည်ပိုင်းက ငလျင်ဒဏ်ကြောင့်ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သော အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အားကြည့်ရှုစစ် ဆေးစဥ် မှာကြားခဲ့သည်။ နစက ဥက္ကဋ္ဌမှ ငလျင်ဒဏ်သင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အဆောက်အအုံနှင့် အဆောက်အအုံအတွင်းရှိ အလင်္ကာကျော်စွာ စည်သူ တက္ကသိုလ်မြတ်သူ စာစုများထားရှိသည့်အခန်း၊ အီလက်ထရွန်နစ်စာကြည့်တိုက်နှင့် စာဖတ်ခန်း၊ ဝန်ဇင်းမင်းရာဇာခန်းမ၊ စာအုပ်စင်ခန်းများ၊ ပေ၊ ပုရ ပိုက်ဌာနစိတ်နှင့် စာကြည့်တိုက်အတွင်း ထိခိုက်ပျက်စီးခဲ့မှုများ၊ စာအုပ်များကို အမျိုးအစားအလိုက် ထိန်းသိမ်းထားရှိမှုများကိုကြည့်ရှုစစ်ဆေးခဲ့သည်။ စာကြည့်တိုက်အတွင်းရှိစာအုပ်များအား စာပေအမျိုးအစားအလိုက်ခွဲခြား၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071