ပေကျင်း၊ဒီဇင်ဘာ ၄
နောက်တက်မည့်အမေရိကန်အစိုးရသစ်သည် တရုတ် – အမေရိကန်ဆက်ဆံရေးကို တည်ငြိမ်အောင် ကိုင်တွယ်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ယိသည် သမ္မတနှင့် အမေရိကန်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အမျိုးသားကော်မတီအမှုဆောင်အရာရှိချုပ် ဆူဆန်အေးလီးယက်ထ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ်ယခု ကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အပြန်အလှန်လေးစားရေး၊ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့်နှစ်ဘက်အကျိုးရှိစေမည့်ပူးပေါင်းဆောင်ရွက်မှုအခြေခံမူများနှင့်အညီ အမေရိကန်ပြည်ထောင်စုနှင့်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် အမြဲဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။
တရုတ်၏ရည်ရွယ်ချက်ဖြစ်သည့် နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်စေရေးနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး သည် ဘိုင်ဒင်နှင့်ရှီတို့တွေ့ဆုံစဥ်ကတိပြုခဲ့သည့်အတိုင်းပြောင်းလဲသွားမည်မဟုတ်ကြောင်းလည်း ဝမ်ကထပ်လောင်းပြောကြားခဲ့သည်။
အလားတူပင် အမေရိကအနေဖြင့်လည်း အဆိုပါကတိကို မဖောက်ဖျက်ဘဲ ထိန်းသိမ်းစေလိုကြောင်းဝမ်ကပြောကြားခဲ့ပြီး လာမည့်အစိုးရသစ်သည်လည်း နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်စေရန် ကိုင်တွယ်နိုင်လိမ့်မည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့သည်။
Source : ရှင်းဟွာ