ဟူစတန်၊ဇန်နဝါရီ ၆
အမေရိကန်နိုင်ငံတောင်ပိုင်း လူဝီစီယားနားပြည်နယ်တွင် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် နိုင်ငံအတွင်း ပထမဆုံးအနေဖြင့် လူသေဆုံးမှုရှိခဲ့ကြောင်း လူဝီစီယားနားကျန်းမာရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
သေဆုံးသူသည် အသက် ၆၅ နှစ်ေကျာ်ပြီး စီးပွားဖြစ်မဟုတ်သော်လည်း အိမ်ေနာက်ေဖးခြံ၌မွေးထားသည့် တိရစ္ဆာန်များ၊ငှက်များနှင့်ထိတွေ့မှုရှိခဲ့ကြောင်း ဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
လူနာ၏မိသားစု၊မိတ်ဆွေများနှင့်ထပ်တူ ချစ်ခင်ရသူတစ်ဦး ဆုံးရှုံးရမှုအတွက် ဝမ်းနည်းကြေကွဲရပါကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ထို့ပြင် လူနာ၏ ကိုယ် ရေးကိုယ်တာ ကို လေးစားသည့်အနေနှင့်ရော မိသားစုကိုပါ လေးစားခြင်းတို့ကြောင့် သေဆုံးသူနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြမည်မဟုတ်ဟုလည်းဆိုခဲ့သည်။
ပြည်သူလူထုသည် လက်ရှိတွင် ရောဂါအန္တရာယ် နည်းပါးနေသေးသော်လည်း ငှက်များ၊ ကြက်များ၊နွားများနှင့်ထိတွေ့မှု ရှိသူများက အန္တရာယ်ပိုများသည် ဟုလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Source : ရှင်းဟွာ