ပြန်ကြားရေး ဝန်ကြီးဌာန အမျိုးသား စာပေဆုစိစစ်ရွေးချယ်ရေးကော်မတီက ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ရရှိသူ စာပေပညာရှင် (၆) ဦးကို နိုဝင်ဘာ (၂၁) ရက်က ထုတ်ပြန်ထားသည်။
အမျိုးသားစာပေ တစ်သက်တာဆုရရှိသူများသည် ဒေါက်တာ မင်းတင်မွန် (ပါရဂူမင်းနန္ဒာ) ၊ ဆရာကြီး ဒေါက်တာ တိုးလှ၊ ဆရာကြီး ဦးညွန့်ဆွေ( မောင်ဆွေသက်)၊ ဆရာကြီး ဒေါက်တာ ကျော်ဝင်း (သမိုင်း)၊ ဆရာကြီး ဦးသန်းဆွေ (မောင်သန်းဆွေ ထားဝယ်) နှင့် ဆရာကြီး ဦးညွန့်တင် (မောင်ငြိမ်းသူ ကြို့ပင်ကောက်) တို့ဖြစ်ကြကြောင်း သိရသည်။
ယင်းဆုများကို မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံး အားထုတ်ရေးသား ပြုစုခဲ့သည့် ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့် အနေဖြင့်ရွေးချယ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနကဆိုသည်။
ထို့အပြင် အမျိုးသားစာပေဆု ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာ (ဂန္တဝင်)၊ စာပဒေသာဆု၊ မြန်မာ့ယဉ်ကျေးမှု နှင့် အနုပညာဆု၊ ကလေး စာပေဆု၊ လူငယ်စာပေဆု၊ ဘာသာပြန်(သုတ)၊ သုတပဒေသာ (ဝိဇ္ဇာ)၊ သုတပဒေသာ (ရိုးရိုးသိပွံ)၊ သုတပဒေသာ (အသုံးချသိပ္ပံ)၊ နိုင်ငံရေး စာပေဆု၊ အင်္ဂလိပ်ဘာသာ (သုတ)ဆု၊ ရသစာတမ်း(အက်ဆေး)ဆု၊ ရည်ညွှန်းစာပေဆု ရရှိသူများကိုလည်း ထုတ်ပြန်ကြေညာသလို ၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုတွေဖြစ်တဲ့ ဝတ္ထုရှည်၊ ဝတ္ထုတို (ပေါင်းချုပ်)၊ ကဗျာ (ပေါင်းချုပ်) ၊ သုတပဒေသာ (ဝိဇ္ဇာ)၊ သုတပဒေသာ (ရိုးရိုးသိပွံ) နှင့် (အသုံးချသိပ္ပံ)၊ စာပဒေသာဆု၊ မြန်မာ့ယဉ်ကျေးမှု နှင့် အနုပညာဆိုင်ရာ စာပေဆု၊ လူငယ်စာပေဆု၊ နိုင်ငံရေးစာပေဆု၊ ပြဇာတ်စာပေဆု၊ ဘာသာပြန်စာပေဆု၊ အင်္ဂလိပ်စာမူဆု ရရှိသူများကိုလည်း ထုတ်ပြန် ကြေညာထားသည်။
အမျိုးသားစာပေတစ်သက်တာဆုရှင်များ အနေဖြင့် တစ်ဦး လျှင် ကျပ်သိန်း (၁၀၀)ချီးမြှင့်သွားမည် ဖြစ်ကာ အမျိုးသား စာပေဆုများအတွက် တစ်ဆုလျှင် ကျပ်သိန်း (၃၀) ချီးမြှင့်သွားမည် ဖြစ်သည်ဟုလည်း သိရသည်။