Sunday, December 1, 2024

မုံရွာမြို့ ပထမလယ်တီ ဆရာတော်ဘုရားကြီး၏ (၁၁၄)နှစ်...

မုံရွာမြို့၊ ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄)နှစ် မြောက် မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲအဖြစ်လယ်တီမဟာသရဏဂုမ်တော်ကြီး ပါဠိတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် မဟာလယ်တီကျောက်စာတိုက် ဓမ္မစေတီများကို ဆီမီး (၅၀၀၀)ထွန်းညှိပူဇော်ကြမည်ဖြစ်ကြောင်းသိရသည်။ ကောဇာသက္ခရာဇ် ၁၃၈၆...

မူဆယ်မြို့ ဆင်ဖြူဂိတ်မှ အေးခဲအသားအပါအဝင် အခြားလူသုံးကုန်ပစ္စည်းများ...

တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ အတွင်းသို့ တရုတ်နိုင်ငံဘက်မှ မီးဖိုချောင်းသုံးအသီးအနှံနှင့် သားငါးများကို ယမန်နေ့ နိုဝင်ဘာ (၃၀)ရက်မှ စတင်၍ သယ်ဆောင်ခွင့်ပြုပြီဖြစ်‌သော်လည်း အေးခဲအသားအပါအဝင်...

သံမဏိ စိုးလင်းဦး ယာဉ်မတော်တဆမှုကြောင့် ဆက်ဆန်နှင့်...

မြန်မာ့လက်ဝှေ့အကျော်အမော် သံမဏိစိုးလင်းဦးသည် ယမန်နေ့ နိုဝင်ဘာ (၃၀) ရက် ညနေပိုင်းအချိန်က ယာဉ်မတော်တဆမှုဖြစ်ပွားကာ ဆေးရုံတက်ကုသမှုခံယူနေရကြောင်း ၎င်း၏ ဒို့ရိုးရာ လက်ဝှေ့ ကလပ်က...

ဆောင်းနှမ်း ဧက၅သိန်းခွဲကျော် စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ပျိုးမည်

ဆောင်းသီးနှံ ဧက (၅)သိန်းခွဲကျော်ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နာဂဒေသ အပါအဝင် ခရိုင် (၁၃) ခရိုင်တွင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးစိုက် ပျိုးရေး ဦးစီးဌာန မှ...
HomeNewsLocal Newsအမျိုးသားအားကစားပွဲတော်တွင် လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ...

အမျိုးသားအားကစားပွဲတော်တွင် လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ အားကစားနည်း(၆)မျိုး၌ဝင်ရောက်ယှဥ်ပြိုင်မည်

နေပြည်တော်တွင်ကျင်းပမည့် ပဉ္စမအကြိမ် အ မျိုးသားအားကစားပွဲတော်တွင် လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ အားကစားနည်း(၆)မျိုး၌ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဘောလုံး(အမျိုး သား)၊ ဖူဆယ်(အမျိုးသား)၊ ဘောလီဘော(အ မျိုးသား၊ အမျိုးသမီး)၊ ပိုက်ကျော်ခြင်း(အမျိုး သား)၊ ပြေးခုန်ပစ်(အမျိုးသား၊အမျိုးသမီး)နှင့် ဂေါက်သီးရိုက်(အမျိုးသား)အားကစားနည်းတို့၌ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမား(၁၁၃) ဦး ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကိုယ်စားပြုအားကစားသမားများသည် ဇမ္ဗူသီ ရိမြို့နယ်ရှိ အမှတ်(၈)အခြေခံပညာအထက် တန်းကျောင်းတွင် လေ့ကျင့်မှုများပြုလုပ်လျက်ရှိရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းမှ ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ကြံ့ခိုင်မှုကောင်းမွန်အောင် ကျန်းမာ ရေးနှင့် နေထိုင်စားသောက်ရေးဂရုစိုက်နေထိုင်ရန်၊ ဝန်ကြီးဌာနဂုဏ်ကိုဆောင်နိုင်သည့် အားက စားသမားများအဆင့်မှ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများအဆင့်အထိဖြစ်အောင် မလျှော့သော ဇွဲ၊ လုံ့လ၊ အားမာန်၊ အားက စားစိတ်ဓာတ်တို့ဖြင့် အားကြိုးမာန်တက်ကြိုး စားယှဉ်ပြိုင်သွားကြရန်မှာကြားပြီး ချီးမြှင့်ထောက်ပံ့ငွေများနှင့် အင်အားဖြည့်အစားအစာများကိုပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုံရွာမြို့ ပထမလယ်တီ ဆရာတော်ဘုရားကြီး၏ (၁၁၄)နှစ် မြောက် မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲကျင်းပမည်

မုံရွာမြို့၊ ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄)နှစ် မြောက် မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲအဖြစ်လယ်တီမဟာသရဏဂုမ်တော်ကြီး ပါဠိတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် မဟာလယ်တီကျောက်စာတိုက် ဓမ္မစေတီများကို ဆီမီး (၅၀၀၀)ထွန်းညှိပူဇော်ကြမည်ဖြစ်ကြောင်းသိရသည်။ ကောဇာသက္ခရာဇ် ၁၃၈၆ ခု၊ နတ်တော်လဆန်း (၁၃)ရက် ၊ဒီဇင်ဘာလ (၁၃) ရက်တွင် ကျရောက်သော ကျေးဇူးတော်ရှင် ပထမလယ်တီ ဆရာတော်ဘုရားကြီး၏ (၁၁၄)နှစ် မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် နတ်တော်လဆန်း (၁၁) ရ က် ၊ (၁၂) ရက်နှင့် (၁၃) ရက်များတွင် နေ့စဉ် နံနက် (၇)နာရီမှ ည...

မူဆယ်မြို့ ဆင်ဖြူဂိတ်မှ အေးခဲအသားအပါအဝင် အခြားလူသုံးကုန်ပစ္စည်းများ သယ်ဆောင်ခွင့်မပြု

တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ အတွင်းသို့ တရုတ်နိုင်ငံဘက်မှ မီးဖိုချောင်းသုံးအသီးအနှံနှင့် သားငါးများကို ယမန်နေ့ နိုဝင်ဘာ (၃၀)ရက်မှ စတင်၍ သယ်ဆောင်ခွင့်ပြုပြီဖြစ်‌သော်လည်း အေးခဲအသားအပါအဝင် အခြားလူသုံးကုန်ပစ္စည်းများနှင့် ကန့်သတ်ကုန်ပစ္စည်းများသယ်ဆောင်ခွင့်မပြုဘဲ စစ်ဆေးတွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း ဆင်ဖြူဂိတ် စစ်ဆေးရေးအဖွဲ့က ယနေ့တွင် အသိပေးထားသ ည်။ ယနေ့ ဒီဇင်ဘာ (၁) ရက် ဆင်ဖြူဂိတ်မှတဆင့် တရုတ်ပြည်ဘက်သို့ ဝင်ထွက်သွားလာကြမည့် ယာဉ်နှင့်ဆိုင်ကယ်များအနေဖြင့် ခွင့်ပြုမိန့်ပါရှိရမည့်အပြင် သတ်မှတ်ကုန်ပစ္စည်းများကိုသာ သယ်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ အလားတူ အိမ်စီးကား၊ လက်တွန်းလှည်းနှင့် စက်ဘီးများဖြင့် သယ်ဆောင်ခွင့်မပြုဘဲ ဆိုင်ကယ်ဖြင့်သယ်ဆောင်ရာတွင် သတ်မှတ်ကုန်ပစ္စည်းများ...

သံမဏိ စိုးလင်းဦး ယာဉ်မတော်တဆမှုကြောင့် ဆက်ဆန်နှင့် ပွဲပျက်

မြန်မာ့လက်ဝှေ့အကျော်အမော် သံမဏိစိုးလင်းဦးသည် ယမန်နေ့ နိုဝင်ဘာ (၃၀) ရက် ညနေပိုင်းအချိန်က ယာဉ်မတော်တဆမှုဖြစ်ပွားကာ ဆေးရုံတက်ကုသမှုခံယူနေရကြောင်း ၎င်း၏ ဒို့ရိုးရာ လက်ဝှေ့ ကလပ်က ယနေ့ ဒီဇင်ဘာ (၁) ရက်တွင် အသိပေး ကြေညာထားသည်။ အဆိုပါ ယာဉ်မတော်တဆမှုကြောင့် လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၂၄) ရက်တွင် ကျင်းပမည့် ONE 170 ပွဲစဉ်၌ မွေထိုင်းဖိုက်တာ ဆက်ဆန်နှင့် ထိုးမည့်ပွဲစဉ်အား ၎င်းဘက်မှ ဖျက်သိမ်းလိုက်ရပြီဖြစ်ကြောင်းလည်း အသိပေးထားသည်။ "မနေ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071