ဒီဇင်ဘာလအတွင်း ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်အားကစားသမားပေါင်း (၄၆၇) ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကို အားကစားနည်း (၂၄)နည်းဖြင့် ပြိုင်ပွဲဝင်အားကစားသမား (၄၆၇) ဦး၊ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များအင်အား (၁၅၃)ဦး၊ စုစုပေါင်းအင်အား (၆၂၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲဝင် အားကစားသမားများကို ယခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်တွင် ထူးချွန်ဆုရ လက်ရွေးစင်အားကစားသမားများဖြစ်ပြီး ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန်အောက်တိုဘာလ (၁)ရက်မှ နိုဝင်ဘာလ(၁)ရက်အထိ တစ်လကြာစခန်းသွင်း လေ့ကျင့်သင်ကြားပေးထားကြောင်းလည်း သိရသည်။
ကျင်းပတော့မည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀) ခန့် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရပြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၉) ရက်နှင့် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၂၀) ရက်တို့တွင် ကျင်းပသွားမည် ဖြစ်ကာ ပြိုင်ပွဲများကို ဒီဇင်ဘာ (၂) ရက်ကစ၍ နေပြည်တော်ရှိ အားကစားကွင်းများ၊ အားကစားရုံများတွင် ကျင်းပသွားမည် ဖြ စ်ကြောင်း သိရသည်။