Sunday, March 30, 2025

ငလျင်ဘေးအတွက် အိန္ဒိယက ဆေးဘက်ဆိုင်ရာ အထူးအဖွဲ့...

အိန္ဒိယနိုင်ငံသည် ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ ဆေးဘက်ဆိုင်ရာ အထူးအဖွဲ့တစ်ဖွဲ့ စေလွှတ်သွားမည်ဖြစ်ကြောင်း စနေနေ့က သတင်းထုတ်ပြန်ချက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။         လက်ရွေးစင် ဆေးတပ်မဟာ တစ်ခုဖြစ်သော Shatrujeet...

ငလျင်ကြောင့် ပျက်စီးမှု အမြင့်ဆုံးဖြစ်ခဲ့သည့် မန္တလေးမြို့မှ...

မတ်လ (၂၈) ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်းအားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမြင့်မားခဲ့သည့် ကယ်ဆယ်ရေးအင်အားနည်းနေပြီး အပျက်အစီးများအောက် ပိတ်မိနေသူအားလုံးကို ကယ်ဆယ်ထုတ်နိုင်ခြင်းမရှိသေးဘဲ အချို့ကိုသာ ကယ်ထုတ်နိုင်သေးကြောင်း...

လမ်းများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သဖြင့် မြန်မာငလျင်ဘေး...

လမ်းများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သောကြောင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို အဟန့်အတားဖြစ်စေလျက်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA) က စနေနေ့တွင် ပြောကြားခဲ့သည်။           သောကြာနေ့က...

မြန်မာ့ငလျင်ဘေးဒဏ်အား ကူညီကယ်ဆယ်မှုများပြုလုပ်ရန် ထိုင်းတော်ဝင်ကြည်းတပ်၏ အထူးတပ်ဖွဲ့ဝင်(၅၅)ဦးကိုစေလွှတ်ခဲ့

ပြီးခဲ့သည့် မတ် ၂၈ ရက်မွန်းတည့်ပိုင်းကလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ‌ေ-သဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် ကူညီကယ်ဆယ်မှုများပြုလုပ်နိုင်ရန် ထိုင်းနိုင်ငံမှ ထိုင်းတော်ဝင်ကြည်းတပ်ဖွဲ့၏ အထူးတပ်ဖွဲ့ဝင် (၅၅)ဦးကို...
HomeNewsLocal Newsအမြန်လမ်းတွင် PK Express...

အမြန်လမ်းတွင် PK Express ကားနှင့် ၆ ဘီးကုန်တင်ကားတို-က် (၄)ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ မတ် ၂၆ ရက်နံနက်အစောပိုင်း ၃ နာရီ ၁၀ မိနစ်ခန့်က PK Express ကားနှင့် ၆ ဘီးကုန်တင်ကားတို့တို-က်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၆၀/၆ နှင့် ၆၀/၇ ကြားတွင် PK Express ကားနှင့် ၆ ဘီးကုန်တင်ကားတို့တို-က်မိကာ လူည-ပ်နေသဖြင့် ဘောနီအမြန်လမ်းနယ်မြေမီးသတ်စခန်းနှင့် ဉသျှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် PK Express ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသား(၃)နှင့် ၆ ဘီးကုန်တင်ကားပေါ်မှ အမျိုးသား(၁)ဦးတို့တွင် ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရနှင့်မစိုးရိမ်ရ)များရရှိခဲ့၍ စေတနာရှင်လူမှုကူညီရေးအသင်းက မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ မတ် ၂၅ ရက်နံနက်အစောပိုင်း ၄ နာရီခန့်ကလည်း အမြန်လမ်းမကြီး၏ မြို့ချောင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၈၅/ ၁ နှင့် ၈၅/၂ ကြားတွင် ညာဘက်နောက်ဘီးပွင့်ထွက်မှုကြောင့် အတားအဆီးများ၊ အချက်ပြမီးများဖွင့် ၍ရပ်တန့်ထားသော အဝေးပြေးခရီးသည်တင်ကားနောက်ပိုင်းအား Toyota Hilux Revo ကား၏ ကားမောင်းသူအိပ်ငိုက်ကာ အရှိန်မထိန်းနိုင်ဘဲဝင်ရောက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် Toyota Hilux Revo ကားပေါ်တွက်လိုက်ပါလာသည့် အမျိုးသား(၄)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ မြို့ချောင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့မှ မြို့ချောင်းတိုင်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဘေးအတွက် အိန္ဒိယက ဆေးဘက်ဆိုင်ရာ အထူးအဖွဲ့ စေလွှတ်မည်             

အိန္ဒိယနိုင်ငံသည် ငလျင်ဒဏ်သင့် မြန်မာနိုင်ငံသို့ ဆေးဘက်ဆိုင်ရာ အထူးအဖွဲ့တစ်ဖွဲ့ စေလွှတ်သွားမည်ဖြစ်ကြောင်း စနေနေ့က သတင်းထုတ်ပြန်ချက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။         လက်ရွေးစင် ဆေးတပ်မဟာ တစ်ခုဖြစ်သော Shatrujeet Brigade Medical Responders မှ အဖွဲ့ဝင် ၁၁၈ ဦးပါ အဖွဲ့သည် မရှိမဖြစ်လိုအပ်သော ဆေးပစ္စည်းကိရိယာများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့်အတူ မြန်မာနိုင်ငံသို့ မကြာမီ ထွက်ခွာမည်ဟု ဆိုသည်။ Airborne Angels Task Force သည် သဘာဝဘေးဒဏ်သင့်ဒေသများတွင် ခေတ်မီ ဆေးဝါးကုသမှုနှင့် ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးရန် ပစ္စည်းကိရိယာများ...

ငလျင်ကြောင့် ပျက်စီးမှု အမြင့်ဆုံးဖြစ်ခဲ့သည့် မန္တလေးမြို့မှ Sky Village တွင် ကယ်ဆယ်ရေး အင်အားနည်းနေပြီး ပိတ်မိနေသူ (၄၀) ကျော်သာ ကယ်ထုတ်နိုင်သေး

မတ်လ (၂၈) ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်းအားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမြင့်မားခဲ့သည့် ကယ်ဆယ်ရေးအင်အားနည်းနေပြီး အပျက်အစီးများအောက် ပိတ်မိနေသူအားလုံးကို ကယ်ဆယ်ထုတ်နိုင်ခြင်းမရှိသေးဘဲ အချို့ကိုသာ ကယ်ထုတ်နိုင်သေးကြောင်း သိရသည်။ လက်ရှိတွင် တိုင်းမီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူများ ဦးစီးသည့် ကယ်ဆယ်ရေးအဖွဲ့များနှင့် အရပ်ဘက် လူမှုကူညီရေး အဖွဲ့အစည်းအချို့ အဆိုပါနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း အပျက်အစီးအင်အားနှင့် လူအင်အား မမျှတသည့်အခြေအနေကို တွေ့ရသည်။ " အသက်ရှင်လျက်နဲ့ (၄၈) ဦးကယ်ထုတ်နိုင်ခဲ့ပြီး ‌ေ-သဆုံး (၁၀) ဦး ထုတ်ပြီးပါပြီ။ အောက်မှာ ဆက်ပြီးတော့ ကယ်ထုတ်စရာတွေ ရှိနေပါသေးတယ်။ တရုတ်က...

လမ်းများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သဖြင့် မြန်မာငလျင်ဘေး လူသားချင်းစာနာမှုလုပ်ငန်းများ အဟန့်အတားဖြစ်ရ       

လမ်းများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သောကြောင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို အဟန့်အတားဖြစ်စေလျက်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA) က စနေနေ့တွင် ပြောကြားခဲ့သည်။           သောကြာနေ့က လှုပ်ခတ်ခဲ့သော ၇ ဒဿမ ၇ အဆင့်ရှိငလျင်ကြောင့် အဓိက တံတားများနှင့် လမ်းများ အပါအဝင် အရေးကြီးသည့် အခြေခံအဆောက်အအုံများ ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့သဖြင့် အကူအညီလိုအပ်သော ဒေသများသို့ လူသားချင်းစာနာမှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ခက်ခဲသွားကြောင်း OCHA က ပြောဆိုသည်။         ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်း ပျက်စီးမှုကြောင့် ဝန်ဆောင်မှုများ ပြတ်တောက်ခဲ့ပြီး အက်ကွဲကြောင်းဖြစ်ပေါ်မှုများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071