ဂါဇာဒေသရဲ့ အဓိကဆေးရုံတစ်ခုဖြစ်တဲ့ အယ်ရှီဖာဆေးရုံဝန်းကျင်မှာ စနေနေ့က တိုက်ပွဲတွေ ပြင်းထန်နေပြီး လက်ရှိအချိန်အထိ ဆေးရုံစီးနင်းတို-က်ခို-က်မှုဖြစ်စဉ်အတွင်း လက်နက်ကိုင် ၁၇၀ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ပြီးဖြစ်တယ်လို့ အစ္စရေးက ပြောဆိုပါတယ်။ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနကတော့ ယင်းတို-က်ခို-က်မှုတွေအတွင်းမှာ လူနာ ၅ ဦးလည်း ေ-သဆုံးခဲ့တယ်လို့ ပြောဆိုပါတယ်။
ဂါဇာစီးတီးရှိ အယ်ရှီဖာဆေးရုံ ပြင်ပနဲ့ ဆေးရုံအနီးဝန်းကျင်မှာ အစ္စရေးတပ်တွေနဲ့ ၎င်းတို့တိုက်ခိုက်ရေးသမားတွေ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေတယ်လို့ ဟားမတ်စ်ရဲ့ လက်နက်ကိုင်အဖွဲ့နဲ့ အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့တွေက ပြောဆိုပြီး ဆေးရုံအတွင်းပိုင်းမှာ ၎င်းတို့နေရာယူထားခြင်းမျိုး မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
အစ္စရေးတပ်တွေဟာ တနင်္လာနေ့အစောပိုင်းမှာ အယ်ရှီဖာဆေးရုံကို စတင်ဝင်ရောက်စီးနင်းမှုလုပ်ခဲ့ပြီး ပြန့်ကျဲ ရှုပ်ထွေးနေတဲ့ ဆေးရုံအဆောက်အအုံတခွင် ပိုက်စိပ်တိုက်ရှာဖွေမှုတွေလုပ်ခဲ့ပါတယ်။ ဆေးရုံဟာ ဟားမတ်စ်နဲ့ အခြား ပါလက်စတိုင်း တို-က်ခို-က်ရေးသမားတွေ အခြေစိုက်နေရာအဖြစ် အသုံးပြုနေတဲ့ မြေအောက်ဥမင်တစ်ခုနဲ့ ချိတ်ဆက်မှုရှိနေတယ်လို့ အစ္စရေးစစ်တပ်က ပြောဆိုထားပါတယ်။
ဝိုင်းပိတ်ခံထားရတဲ့ အယ်ရှီဖာဆေးရုံအတွင်း ဒဏ်ရာရ ပါလက်စတိုင်း လူနာ ၅ ဦးဟာ သင့်လျော်တဲ့ စောင့်ရှောက်ကုသမှု၊ ရေနဲ့အစားအစာတွေ ခြောက်ရက်ကြာတိုင် မရခဲ့တာကြောင့် ေ-သဆုံးခဲ့ရကြောင်းနဲ့ အခြားလူနာတွေရဲ့ အခြေအနေဟာလည်း ပိုမိုဆိုးဝါးလာကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြောဆိုပါတယ်။
ဆေးရုံ စီးနင်းမှုအတွင်း စစ်သားနှစ်ဦး ေ-သဆုံးခဲ့ပြီဖြစ်တဲ့ အစ္စရေးစစ်တပ်ကတော့ ၎င်းတို့အနေနဲ့ အရပ်သားတွေ၊ လူနာတွေနဲ့ ဆေးရုံဝန်ထမ်းတွေ ထိခိုက်တာမျိုးမဖြစ်ရအောင် လုပ်ဆောင်ခဲ့ပြီး သူတို့တွေကို အစားအစာ၊ ရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုံလောက်စွာရရှိဖို့ ပံ့ပိုးပေးထားတယ်လို့ ဆိုခဲ့ပါတယ်။
Ref: CNA