မင်းရဲ့မျက်နှာ ငါ့ကိုမပြနဲ့။ မင်း ဟာ အရုပ်ဆိုးသူလို့ ပြောကြ တယ်။ ဒါကြောင့် မင်းရဲ့မျက်နှာ ငါ့ ကို မပြပါနဲ့ကွယ်။ ညနေဆည်းဆာ ချိန်ဟာ အကျည်းတန်သူတွေကို လှစေသတဲ့။ ညနေဆည်းဆာချိန် ရောက်လျှင် မင်းရဲ့မျက်နှာကို ဖုံး ကွယ်ထားဖို့ပင်။ ငါ အိပ်ပျော်သွား လျှင် ကောင်းမှာပဲ အခုလိုညဥ့်ယံထဲ။
ဒါပေမဲ့ ငါနိုးနေ လူတွေမသိအောင် လေ။ လူတစ်ယောက်ဟာ ရယ်မော လိုက်လျှင် လှသွားတတ်တယ်။ ဒါပေ မဲ့ မင်း မရယ်ပါနဲ့ကွယ်။ မင်းရှေ့က ငါဖြတ် သွားရင် ငါ့ကိုကျောပေးထား။ အဲဒီလို မင်းမျက်နှာကို ကွယ်ဝှက်ထား ရမယ်ကွဲ့။ မင်းဟာ အရုပ်ဆိုးသူ။ စိတ်ပျက်စရာကောင်းရဲ့။ ဒါပေမဲ့ မင်းရှိ နေရမယ်ကွဲ့။
ညဥ့်အမှောင်ထဲ မင်း လမ်းလျှောက်တဲ့အခါ မင်းကို ဘယ်သူမှ မမြင်တွေ့နိုင်ပါ။ ဒီလိုဆို သိပ်ကောင်းမှာပဲ။ အမှောင်ထုကြီး အကြောင်း ငါ စဉ်းစားကြည့်တဲ့အခါ မင်းတိတ်ဆိတ်နေပါ။
အို …အရုပ် ဆိုးသူငဲ့။ ငါ့ အမှောင်ထုကြီးဟာ မင်း အတွက်ကွဲ့။ ခြံထဲက သစ်ပင် တွေက ဆူးချွန်ချွန်တွေ ထွက်လာ တယ်။ ဒီအကြောင်းတွေ ဘယ်သူ့ကိုမှ လျှောက်မပြောလေနဲ့။ အရုပ်ဆိုး သူ ငဲ့။ ကြေး မုံရှေ့မှာရပ်ပြီး ငြိမ်သက်စွာ မင်းမျက်ရည်ကျကောင်းကျခဲ့ဖူးမှာ။ ကန်ရေပြင်ကိုငုံ့ကြည့်ပြီး မင်း ဝမ်းနည်းကောင်း ဝမ်းနည်းခဲ့ဖူးမှာ။
မင်းမျက်နှာကိုလက်နှစ်ဖက်နဲ့ ပွတ်သပ်ပြီး မင်းတိတ်ဆိတ်ကောင်း တိတ်ဆိတ်ခဲ့ဖူးမှာ။ မင်းဟာ အရုပ်ဆိုးသူ။ လူတွေက မင်းကို အလို မရှိကြဘူးလို့ စဉ်းစားခဲ့သူ။ အို ..အကျည်းတန် သူငဲ့။
ငါ့ကို ဧကရီ လို့မခေါ်နဲ့။ ငါ့ရှေ့မှာ မင်း ရောက်လာဖို့မလိုပါ။ ငါ့အမှောင်ထုကြီး ထဲမှာ မင်းကိုယ်မင်း ဖုံးကွယ်လို့ နေမြဲနေနိုင်တာ။
နေမျိုး