Sunday, November 24, 2024

သူအသတ်ခံရလျှင် သမ္မတလည်း လုပ်ကြံခံရလိမ့်မည်–ဆာရာ

သူ အသတ်ခံခဲ့ရပါက သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကို လုပ်ကြံသတ်ဖြတ်ခိုင်းမည်ဖြစ်ကြောင်း ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာ ဒူတာတေးက စနေနေ့တွင် ပြောကြားလိုက်သည့်အတွက် သင့်တော်သည့် အရေးယူဆောင်ရွက်မှုကိုချက်ချင်းလုပ်သွားမည်ဟု...

ဥရောပနှင့် အာဆီယံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအပါအဝင်...

ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DASE) နှင့် ဘရပ်ဆဲလ်မြို့အခြေစိုက် အီးယူဆိုင်ရာ အာဆီယံသံအမတ်ကြီးများမှ ဒေသနှစ်ခုအကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွ က်မှုနှင့်...

နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ...

မြန်မာတစ်နိုင်ငံလုံးအနှံတွင် လာမည့် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၆ ရက်အတွင်း ချိန်ခါမဟုတ် မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲက အသိပေးခဲ့သည်။ အားကောင်းသော...

တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်(၁၀၅)မြို့နယ်မှ Grade-5 ကျောင်းသား(၆၀၄၄)ဦးကို...

တိုင်းနှင့်ပြည်နယ်များရှိ မြို့နယ်(၁၀၅)မြို့နယ်မှ Grade-5 ကျောင်းသား(၆၀၄၄)ဦးကို အရှေ့ တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှုတိုင်းတာစစ်ဆေးရေးစံ(SEA-PLM)စစ်ဆေးအကဲဖြတ်ခြင်းသုတေသနလုပ်ငန်း၏ ပင်မစစ်ဆေးခြင်းပြုလုပ်မည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက ပြောသည်။ ၎င်းမှ ယမန်နေ့ နိုဝင်ဘာ...
HomeNewsLocal Newsအလယ်တန်းပြဆရာမကို ဓားဖြင့်ထိုးပြီး ဆိုင်ကယ်လုယက်သူနှစ်ဦးအနက်...

အလယ်တန်းပြဆရာမကို ဓားဖြင့်ထိုးပြီး ဆိုင်ကယ်လုယက်သူနှစ်ဦးအနက် တစ်ဦးကိုဖမ်းမိခဲ့

မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် ယမန်နေ့ နိုဝင် ဘာ ၂၃ ရက်နံနက် ၁၁ နာရီကျော်ခန့်က အလယ် တန်းပြကျောင်းဆရာမတစ်ဦးကို ဓားဖြင့်ထိုး၍ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

အမရပူရမြို့နယ်၊ ကြည့်မြင်တိုင်ကျေးရွာရှိ အ.ထ.က(ခွဲ)မှ အလယ်တန်းပြကျောင်းဆရာမတစ်ဦးအား အမျိုးသားနှစ်ဦးမှ တပ်ကြီးကျေး ရွာ၊ အိုးတုတ္တန်းတိုးဂိတ်အကျော်၌ဓားဖြင့်ထိုး၍ ကျောင်းဆရာမစီးလာသည့် ဆိုင်ကယ်အားလုယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

” ဓားနဲ့ထိုးခံရတဲ့အတွက် ကျောင်းဆရာမက အခင်းဖြစ်နေရာမှာဘဲ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်။ ဖြစ်စဥ်ကို လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ရဲတပ်ဖွဲ့ကလာစစ်ပြီး ပြစ်မှုကျူးလွန်တဲ့လူနှစ်ယောက်ကိုဖမ်းမိဖို့လုပ်ခဲ့ကြတယ်”ဟု လုံခြုံ ရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအ တွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သဖြင့် အမရပူရမြို့နယ်၊ တပ်ကြီးကွင်းကျေးရွာရှိ ယာခင်းတစ်ခုအတွင်းမှ ခန့်ဇင်လင်း(၂၀)နှစ်အား ဖမ်း ဆီးရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူအား ထပ်မံဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သူအသတ်ခံရလျှင် သမ္မတလည်း လုပ်ကြံခံရလိမ့်မည်–ဆာရာ

သူ အသတ်ခံခဲ့ရပါက သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကို လုပ်ကြံသတ်ဖြတ်ခိုင်းမည်ဖြစ်ကြောင်း ဖိလစ်ပိုင် ဒုတိယသမ္မတ ဆာရာ ဒူတာတေးက စနေနေ့တွင် ပြောကြားလိုက်သည့်အတွက် သင့်တော်သည့် အရေးယူဆောင်ရွက်မှုကိုချက်ချင်းလုပ်သွားမည်ဟု မားကို့စ်၏ ရုံးက ကတိပြုခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၏ သြဇာအကြီးဆုံး နိုင်ငံရေးမိသားစုနှစ်ခုအကြား အကွဲအပြဲ ကြီးမားကျယ်ပြန့်လာသည့် လက္ခဏာရပ်အဖြစ် နံနက်အစောပိုင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဒူတာတေးက သူ လူသတ်သမားတစ်ဦးနှင့် စကားပြောခဲ့ကြောင်းနှင့် သူသာ အသတ်ခံခဲ့ရပါက မားကို့စ်၊ သူ့ဇနီးနှင့် ဖိလစ်ပိုင်အောက်လွှတ်တော် ဥက္ကဌတို့ကို သတ်ဖြတ်ရန် သူ့ကို ညွှန်ကြားခဲ့ကြောင်း ပြောဆိုခဲ့သည်။ “ကျွန်မ လူတစ်ယောက်နဲ့ စကားပြောထားပါတယ်၊...

ဥရောပနှင့် အာဆီယံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအပါအဝင် အခြားဘုံစိန်ခေါ်မှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေး

ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DASE) နှင့် ဘရပ်ဆဲလ်မြို့အခြေစိုက် အီးယူဆိုင်ရာ အာဆီယံသံအမတ်ကြီးများမှ ဒေသနှစ်ခုအကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွ က်မှုနှင့် အခြားဘုံစိန်ခေါ်မှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံ ဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DASE) ၏ ၂၀၂၄ -၂၀၂၉ သက်တမ်းအတွက် ဥက္ကဋ္ဌသစ်ဖြစ်သည့် ဥရောပပါလီမန်အမတ် Mr. Wouter Beke ဦးဆောင်သော DASE အဖွဲ့ဝင်များနှင့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီဝင် အီးယူဆိုင်ရာ အာဆီယံ သံအမတ်ကြီးများအကြား မိတ်ဆက်...

နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၆ ရက်အတွင်း တစ်နိုင်ငံလုံးအနှံ ချိန်ခါမဟုတ်မိုးရွာသွန်းနိုင်

မြန်မာတစ်နိုင်ငံလုံးအနှံတွင် လာမည့် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၆ ရက်အတွင်း ချိန်ခါမဟုတ် မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲက အသိပေးခဲ့သည်။ အားကောင်းသော အပူပျံတက်တိမ်တိုက်များ သည် ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း၏အရှိန်နှင့်အတူ ဖြစ်ထွန်းမှုပိုမိုအားကောင်းနိုင်ပြီး မြန်မာနိုင်ငံဘက်သို့လွှင့်စင်လာနိုင်ပြီး အနောက်နှင့် မြောက်ဘက်မှလာသော ကုန်းတွင်းလေအေးများ၊ အရှေ့မြောက်ဘက်မှလာသော အရှေ့မြောက်မုတ်သုံလေအေးများနှင့်တွေ့ဆုံမှုကြောင့် တစ်နိုင်ငံလုံးတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် ချိန်ခါမဟုတ် မိုးသည်းထန်စွာရွာသွန်းနိုင်ခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။ အဆိုပါ ဖြစ်စဉ်များကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071