ရန်ကုန်တိုင်းအတွင်း၌ အလုပ်အကိုင်အခွင့်အလမ်း(၁၀၁၆)ဦးရရှိမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃)ခုကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းတက်ရောက်ခဲ့သည့် ဇန်နဝါရီ ၂၈ ရက်နံနက်ပိုင်းကကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးမှ ခွင့်ပြုပေးခဲ့သည်။
ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂) ခုတို့ဖြစ်သည့် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ အဆင်သင့်ဖျော်စပ်ပြီးသော ကွန်ကရစ်များရောင်းချသည့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းတို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၃)ခု၏ မတည်ငွေရင်းပမာဏမှာ ငွေကျပ်(၈၀၀)သန်း၊ အမေရိကန်ဒေါ်လာ(၅ ဒဿမ ၉၃၁)သန်းဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်း(၁၀၁၆)ဦးရရှိမည်ဖြစ်သည်။