၂၀၂၄ ခုနှစ်ပညာသင်နှစ်၏ အဝေးသင် ပထမအသုတ်၊ ဒု တိယအသုတ်၊ တတိယအသုတ်များအတွက် အထူးပြုဘာ သာရပ်နှင့် စာသင်နှစ်အလိုက် သင်တန်းကာလများ အပါအ ဝင် စာမေးပွဲအချိန်စာရင်းများကို ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်အသိပေးထားသည်။
အဝေးသင်ပထမအသုတ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် နောက်ဆုံးနှစ် အဝေးသင်သိပ္ပံ (သင်္ချာ၊ ဓာတုဗေဒ၊ ရူပ ဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ) အထူးပြုဘာသာရပ်များ၏ သ င်တန်းကာလမှာ ၂၀၂၄ ခုနှစ်ဇန်နဝါရီ (၁၃) ရက်မှ စက်တင် ဘာ (၁) ရက်အထိဖြစ်ပြီး စာမေးပွဲကာလများမှာ အောက် တိုဘာ (၁) ရက်မှ (၇)ရက်ထိ ဖြစ်ကြောင်း သိရသည်။
အဝေးသင် ဒုတိယသုတ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် နောက်ဆုံးနှစ် အဝေးသင်ဝိဇ္ဇာ (အင်္ဂလိပ်စာ၊ ဥပဒေ၊ ပ ထဝီဝင်၊ စိတ်ပညာ၊ ဒသနိကဗေဒ၊ အရှေ့တိုင်းပညာ) အ ထူးပြုဘာသာရပ်များ၏ အနီးကပ်သင်တန်းကာလမှာ အော က်တိုဘာ (၉) ရက်မှ (၂၁) ရက်အထိဖြစ်ပြီး စာမေးပွဲကာလများမှာ အောက်တိုဘာ(၂၄)ရက်မှ (၃၀) ရက်အထိဖြစ်ကြော င်း သိရသည်။
အလားတူ အဝေးသင် တတိယအသုတ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် နောက်ဆုံးနှစ် အဝေးသင်ဝိဇ္ဇာ (မြန်မာစာ၊ သမိုင်း၊ စီးပွားရေး၊ စီးပွားစီမံပညာ) အထူးပြုဘာသာ ရပ်များ၏ အနီးကပ်သင်တန်းကာလမှာ နိုဝင်ဘာလ (၁) ရ က်မှ (၁၁) ရက်ထိဖြစ်ပြီး စာမေးပွဲကာလများမှာ နိုဝင်ဘာ လ (၁၂) ရက်နေ့မှ (၂၀) ရက်ထိဖြစ်ကြောင်း သိရသည်။