ဗိုလ်တထောင်ခရိုင်တွင် ယနေ့ ဒီဇင်ဘာ ၃၀ ရက်နံနက်ပိုင်းကကျင်းပသည့် ၂၀၂၅ ခုနှစ် (၇၇) နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တတိယအကြိမ်မြောက် Micro မာရသွန်ပြိုင်ပွဲသို့ အ သက်(၈၂)နှစ်အရွယ်အပါအဝင် ပြိုင်ပွဲဝင် (၁၁၆၇)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တတိယအကြိမ်မြောက် Micro မာရသွန်ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းတက်ရောက်၍ ဝန်ကြီးများရုံး၏ သိမ်ဖြူလမ်းဝင်ပေါက်(၁)နှင့် (၂)ကြားနေရာမှစကာ ပြိုင်ပွဲဝင်များအား ေ-သနတ်ပစ်ဖောက်ပြီးတာလွတ်ပေးခဲ့သည်။
ပြိုင်ပွဲအား ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွန်ပံ့ပိုးမှုဖြင့် ဗိုလ်တထောင်မြို့နယ်၊ အ မှတ်(၉)ရပ်ကွက်၊ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံးတွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အသက်(၈)နှစ်မှ(၁၂) နှစ်အထိ(အမျိုးသား/အမျိုးသမီး)၊ အသက်(၁၃) နှစ်မှ(၁၈)နှစ်အထိ(အမျိုးသား/အမျိုးသမီး)အ သက်(၁၈)နှစ်အထက်(အမျိုးသား/အမျိုးသမီး) ပွဲစဉ်များအဖြစ် ထည့်သွင်းယှဉ်ပြိုင်စေခဲ့ကြောင်း သိရသည်။
ထိုသို့ ယှဉ်ပြိုင်စေပြီးနောက် တာဝန်ရှိသူများက အသက်အကြီးဆုံးပြိုင်ပွဲဝင်(၄)ဦးအနက် အသက်(၈၂ )နှစ်ရှိ ဒေါ်တင်ပုအား ငွေကျပ်(၂)သိန်း ၊ အသက်(၆၀)နှစ်နှင့်အထက် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးတို့အား တစ်ဦးလျင် ငွေကျပ် (၇)သောင်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့ပြင် သက်ဆိုင်ရာပြိုင်ပွဲအလိုက် စတင်တာလွှတ်ချိန်မှ ပန်းဝင်ခဲ့သူများနှင့် ပထမ၊ ဒုတိယ၊ တတိယနှင့် သတ်မှတ်အဆင့်ရရှိသူများကိုလည်း တာဝန်ရှိသူများက ဆုများအသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြသည်။