အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ကျောင်းသူ ၂၂ သိန်းကျော်အား ကိုဗစ်(၁၉)ရော ဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးဖြစ်
အခြေခံပညာကျောင်းများအား စတင်ဖွင့်လှစ်ခဲ့သည့် ဇွန် ၂ ရက်မှစတင်၍ ဇွန် ၁၀ ရက်အထိ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ကျောင်းသူ ၂၂၂၅၉၅၅ ဦးအား ကိုဗစ်(၁၉)ရော ဂါကာကွယ် ပထမအကြိမ်ထိုးနှံပေးပြီးဖြစ် ကြောင်း နစက ၏ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထိုးနှံပေးနိုင်ခဲ့သဖြင့် ရည်မှန်းဦးတည်အုပ် စု၏ ၆၁ ဒသမ ၄၇ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်သည်ဟု သိရသည်။
ထို့ပြင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်း သား၊ကျောင်းသူများအား ထိုးနှံပေးခဲ့သည့် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးသည် Sinophan အ မျိုးအစားဖြစ်ကာ လူကြီးများအားထိုးနှံပေးသည့် ဆေးပမာဏနှင့်အတူတူပင်ဖြစ်ကြောင်း သိရသည်။
ထို့အတူ နစက ၏ကျန်းမာရေးဝန်ကြီးဌာနမှ ကျောင်းမနေသည့် အသက် ၅ နှစ်မှ ၁၅ နှစ်အထိ ကလေးငယ်များအား ကျောင်းတက်နေသည့် ကလေးများအား ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးထိုးနှံပြီးပါက ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ကျောင်းသူ ရည်မှန်းဦးရေမှာ ၃ ဒသမ ၆၂ သန်းခန့်ရှိကာ အသက် ၅ နှစ်မှ ၁၅ နှစ်အထိ ကျောင်းနေပြင်ပကလေးငယ် ရည်မှန်းဦးရေမှာ ၁ သန်းခန့်ရှိကြောင်း သိရသည်။