အသက် ၇၄ အရွယ်မှာပင်စင်လစာ၁ သိန်းကျော် နဲ့တစ်ဦးတည်းရပ်တည်နေရတဲ့သရုပ်ဆောင် ဦးချစ်စရာ
သရုပ်ဆောင် ဦးချစ်စရာအနေနဲ့ အခုလက်ရှိမှာ အသက် ၇၄ နှစ်ရှိနေပြီး ဆေးပင်စင်လစာ ၁ သိန်းကျော်ထဲက တစ်ယောက်ထဲရပ်တည်နေရသူဖြစ်ပြီး ဘယ်ဘက်မျက်လုံးကွယ်ကာ ညာဘက်မျက်လုံးမှာလည်း ရေတိမ်ဖြစ်နေလို့ကုသနေရတာဖြစ်ပါတယ်။
အဆိုပါအကြောင်းနဲ့ ပတ်သက်ပြီး ဦးချစ်စရာက ” လေးချစ်ရဲ့ဘဝမှာ အနုပညာကိုအရမ်းချစ်ပြီးဝါသနာပါလို့လုပ်ခဲ့တယ် အနုပညာလုပ်နေရင်းတစ်ဖက်မှာလည်း အဝေးသင်တက္ကသိုလ်မှာ ရုံးအလုပ်လုပ်ခဲ့ပြီး ကြားရက်တွေမှာလည်းအားရင်အားသလိုရိုက်ကူးရေးလုပ်တယ်။ အဲ့နောက်ပိုင်း မျက်လုံးဘယ်ဘက်ခြမ်းက အာရုံကြောအားနည်းမှုကြောင့်မျက်လုံးကွယ်သွားတယ်မမြင်ရတော့ဘူး ညာဘက်မျက်လုံးကတော့ ရေတိမ်ဖြစ်နေပြီးကုနေရတယ်။ ဆီးချိုကလည်းရှိနေတော့ ပင်စင်တင်တဲ့အခါမှာ ဆေးပင်စင်ရတယ်။ နာမကျန်းပင်စင်ဆိုတော့ တစ်လကိုတစ်သိန်းရတယ် မိန်းမကရုံးဝန်ထမ်းဆိုတော့ သူဆုံးသွားချိန်မှာ ပင်စင်ရတယ်သူ့ပင်စင်က ၆ သောင်းပါ အဲ့တော့အားလုံးပေါင်း ၁သိန်း ၆ သောင်းနဲ့ ရပ်တည်နေရတယ်” လို့ပြောပါတယ်။
ဦးချစ်စရာဟာလူရွှင်တော်သရုပ်ဆောင်အနေနဲ့ အနုပညာအလုပ်တွေကိုလုပ်ခဲ့တာဖြစ်ပြီး အခုလက်ရှိမှာ မျက်လုံးတိမ်စွဲကာ မျက်လုံးဘယ်ဘက်ခြမ်းအမြင်အာရုံပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။
အခုလက်ရှိဦးချစ်စရာအနေနဲ့ အမှတ် ၁၈ လက်ခုတ်ပင်လမ်း ၁ ရပ်ကွက် ကမာရွတ်မြို့နယ်မှာ နေထိုင်နေတာဖြစ်ပြီး တူ၊တူမတွေက လာရောက်စောင့်ရှောက်ပေးနေတယ်လို့သိရပါတယ်။