Home News Local News အာဆီယံကော်မတီ(တိုကျို)၏ ဥက္ကဋ္ဌ အဖြစ် မလေးရှားနိုင်ငံသံအမတ်ကြီးမှ တာဝန်ယူဆောင်ရွက်မည်

အာဆီယံကော်မတီ(တိုကျို)၏ ဥက္ကဋ္ဌ အဖြစ် မလေးရှားနိုင်ငံသံအမတ်ကြီးမှ တာဝန်ယူဆောင်ရွက်မည်

0
52

အာဆီယံကော်မတီ(တိုကျို)၏ ဥက္ကဋ္ဌ အဖြစ် မလေးရှားနိုင်ငံသံအမတ်ကြီးမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ဇွန်လအထိ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း အာဆီယံကော်မတီ (တိုကျို)အစည်းအဝေး၏ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားမှ သိရသည်။

တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို) ၏ လက်ရှိ ဥက္ကဋ္ဌ လာအိုနိုင်ငံသံအမတ်ကြီး H.E. Mrs. Phongsamouth ANLAVAN မှ မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Shahril Effendi Abd Ghany သို့ အာဆီယံကော်မတီ (တိုကျို) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဒီဇင်ဘာ (၁၈)ရက်က တိုကျိုမြို့ရှိ Sunshine Cruise Restaurant တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အခမ်းအနားနှင့် နေ့လယ်စာစားပွဲသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်သည် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အခမ်းအနားသို့ ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် အာဆီယံ အတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn လည်း အထူးဧည့်သည်တော်အဖြစ် ပါဝင်တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် လာအိုနိုင်ငံသံအမတ်ကြီး H.E. Mrs. Phongsamouth ANLAVAN ၊ မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Shahril Effendi Abd Ghany နှင့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr. Kao Kim Hourn တို့က မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် လာအိုနိုင်ငံသံအမတ်ကြီး H.E. Mrs. Phongsam outh ANLAVAN မှ အာဆီယံ ကော်မတီ (တိုကျို)၏ ဥက္ကဋ္ဌအမှတ်အသား “တူ” ကို မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Shahril Effendi Abd Ghany ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အာဆီယံကော်မတီ (တိုကျို) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို တိုကျိုမြို့အခြေစိုက် မလေးရှားသံရုံးမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ မှ စတင်၍ ဇွန်လအထိ တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here