ဖနောင်ပင်၊ဇန်နဝါရီ ၁၆
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုးလ်ခွန်သည် မလေးရှား နိုင်ငံ၌ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ် သဘောဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလက လာအို၌ကျင်းပခဲ့သည့် ၄၄ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနှင့် ၄၅ ကြိမ်မြောက် အာဆီယံဆက်စပ်ထိပ်သီးအစည်းအဝေးများ၏တိုးတက်မှုများအပါအဝင် ၂၀၂၅ ခုနှစ်အတွက် အာဆီယံဥက္ကဌအဖြစ်တာဝန်ယူမည့် မလေးရှားနိုင်ငံဆိုင်ရာကိစ္စများ ကို အဓိကဆွေးနွေးမည်ဟုသိရသည်။
ယခုအလွတ်သဘောဆွေးနွေးမှုကို အားလုံးပါဝင်ရေး နှင့်ရေရှည်တည်တံ့ခိုင်မြဲရေးဟူသော ခေါင်းစဉ်ဖြင့်အဓိကထားဆွေးနွေးသွားမည်ဖြစ်သည်ဟုလည်းသတင်း ထုတ်ပြန်ချက်အရသိရသည်။
နိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံပြင်ပဆက်ဆံရေးသာမက ဒေသတွင်းနှင့်နိုင်ငံတကာဘုံအကျိုးစီးပွားဆိုင်ရာကိစ္စရပ်များအတွက်လည်း ဆွေးနွေးသွားမည်ဟုသိရသည်။
ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက အဆိုပါအလွတ်သဘောဆွေးနွေးမှုအပြင် အာဆီယံမိတ်ဖက်နိုင်ငံအချို့နှင့်တွေ့ဆုံကာ နှစ်ဖက်ဆက်ဆံရေးမြှင့်တင်နိုင်ရန်တွေ့ဆုံဆွေးနွေးမည်ဟုလည်းဖော်ပြထားသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊အင်ဒိုနီးရှား၊လာအို၊မလေးရှား၊မြန်မာ၊ ဖိလစ်ပိုင်၊စင်္ကာပူ၊ထိုင်းနှင့် ဗီယက်နမ်တို့ပါဝင်သည်။
Source : ရှင်းဟွာ