Wednesday, December 18, 2024

စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်း

နစက မှ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်းခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၈ ရက်က အမိန့်အမှတ် ၅၄/၂၀၂၄ ဖြင့်ထုတ်ပြန်ခဲ့သည်။ အဆိုပါ...

တပ်မတော်အရာရှိ ဆရာဝန်ဆေးမှူးများသည် နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြင့်မားစေရန် တစ်ဖက်တစ်လမ်းက...

တပ်မတော်အရာရှိ ဆရာဝန်ဆေးမှူးများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးစွမ်းပကား မြင့်မားရေးတွင် အထောက်အကူပြုလျက်ရှိသည်ကို နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှ ယနေ့ ဒီဇင်ဘာ ၁၈...

ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဥက္ကဋ္ဌအဖြစ်ဦးဆောင်မည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်း

နစက ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး အဖြစ် ယနေ့တွင် ပြောင်းလဲခန့်အပ်ခြင်းခံခဲ့ရသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှ ဥက္ကဋ္ဌအဖြစ်ဦးဆောင်မည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အား ယနေ့ ဒီဇင်ဘာ ၁၈...

ဒု-ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများခန့်အပ်တာဝန်ပေး

နစက မှ ဒု-ဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး (၂)ဦးကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၈ ရက်က နစက အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက လက်မှတ်ရေးထိုး...
HomeNewsFootballအာဆီယံဖလား တတိယအကျော့ ပွဲစဉ်မြန်မာအသင်း...

အာဆီယံဖလား တတိယအကျော့ ပွဲစဉ်မြန်မာအသင်း (၃)ဂိုးသွင်းယူ အနိုင်ရလဒ်ထွက်ပေါ်

အားပေးရကြိုးနပ်ဟု ကွင်းအတွင်းလာရောက်ကြည့်ရှု့သည့် ပရိတ်သတ်တစ်ဦး ရင်ဖွင့်

အာဆီယံဖလား တတိယအကျော့ပွဲစဉ်အား မြန်မာ-လာအို အသင်းတို့ ယနေ့ ဒီဇင်ဘာ (၁၈)ရက် ညနေ(၅)အချိန်တွင် ရန်ကုန်မြို့ ၊ သုဝဏ္ဏအမျိုးသားအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက (၃)ဂိုး(၂)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။

ယနေ့ ပွဲစဉ်တွင် ကျောနံပါတ်(၇) လွင်မိုးအောင်က အဖွင့်ဂိုး(၁)ဂိုး စတင် သွင်းယူခဲ့ပြီး ၊ ကျောနံပါတ် (၇ ) ဝင်းနိုင်ထွန်းက(၂)ဂိုး အသီးသီးသွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။

ပွဲစဉ်အတွင်း ယခင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ပွဲစဉ်အတွင်း ပါဝင်ခြင်းမရှိသည့် မြန်မာ့လက်ရွေးစင်အသင်း၏ အမာခံ တိုက်စစ်မှူး ဝင်းနိုင်ထွန်း ပြန်လည်ပါဝင်ကစားခဲ့သည်ကိုတွေ့ရသည်။

ယနေ့ ပွဲထွက်လူစာရင်းတွင် ဟိန်းဖြိုးဝေ၊ သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ နန္ဒကျော်၊ လွင်မိုးအောင် ၊ သီဟဇော်၊ မောင်မောင်လွင် ၊ အောင်ကောင်းမာန်၊ သီဟထက်အောင်၊ ဇော်ဝင်းသိန်း၊ ဇင်ညီညီအောင် တို့ ပါဝင်လာသည်။

မြန်မာ-လာအိုပွဲစဉ် အနိုင်ရလဒ်အတွက် ကွင်းအတွင်း လာရောက် အားပေးရကြိုးနပ်သည်ဟု မြန်မာအသင်းပရိတ်သတ်တစ်ဦးက ပြောသည်။

“အားပေးကျိုးနပ်တယ်ဗျာ။ မအားတဲ့ကြားကနေ လာအားပေးတာ”ဟု ပရိတ်သတ်တစ်ဦးက ဆိုသည်။

အာဆီယံ မစ်ဆူဘီရှီဖလား ပြိုင်ပွဲအုပ်စု (ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ် (၄)မှတ်ဖြင့် အုပ်စုတွင်းထိပ်ဆုံးနေရာတွင် ရပ်တည်နေပြီး၊ ဗီယက်နမ်က ရမှတ်(၃)မှတ်ဖြင့် ဒုတိယ၊ ဖိလစ်ပိုင်က ရမှတ်(၁)မှတ်ဖြင့် တတိယ၊ မြန်မာရမှတ် (၁)မှတ်ဖြင့် စတုတ္ထနေရာနှင့် လာအိုအသင်းက ရမှတ်(၁)မှတ်ဖြင့် ပဉ္စမ နေရာတွင် အသီးသီးရပ်တည်နေကြသည်။

မြန်မာလက်ရွေးစင်အသင်းနေဖြင့် အုပ်စုတွင်း သုံးပွဲကစားထားသည့်အနက် အင်ဒိုအသင်းအား ရှုံးနိမ့်ထားပြီး၊ ဖိလစ်ပိုင်အသင်းမား သရေကစားနိုင်ခဲ့သဖြင့် တစ်ပွဲရှုံး၊ တစ်ပွဲသရေနှင့် တစ်ပွဲအနိုင် ရလဒ်ထွက်ပေါ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်း

နစက မှ မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်းခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၈ ရက်က အမိန့်အမှတ် ၅၄/၂၀၂၄ ဖြင့်ထုတ်ပြန်ခဲ့သည်။ အဆိုပါ စက်မှုဖွံ့ဖြိုးရေးကော်မရှင်အား ဒု-ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးမှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ ဒု-ဥက္ကဋ္ဌအဖြစ် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်း၊ အတွင်းရေးမှူးအဖြစ် စက်မှုဝန်ကြီးဌာန ဒု-ဝန်ကြီးဦးရင်မောင်ညွှန့်တို့က ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် အဖွဲ့ဝင်များတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးခင်မောင်ရီ၊ ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမျိုးသန့်၊ ဒု-ဝန်ကြီးများဖြစ်သည့် ဗိုလ်ချုပ်တိုးရီ၊ ဒေါ်သန်းသန်းလင်း၊ ဒေါက်တာဝါဝါမောင်၊ ဦးမြင့်စိုး၊...

တပ်မတော်အရာရှိ ဆရာဝန်ဆေးမှူးများသည် နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြင့်မားစေရန် တစ်ဖက်တစ်လမ်းက အထောက်အကူပြုကြောင်း တပ်ချုပ်ပြောကြား

တပ်မတော်အရာရှိ ဆရာဝန်ဆေးမှူးများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးစွမ်းပကား မြင့်မားရေးတွင် အထောက်အကူပြုလျက်ရှိသည်ကို နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှ ယနေ့ ဒီဇင်ဘာ ၁၈ ရက်နံနက်ပိုင်းက ပြုလုပ်သည့် တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။ တပ်မတော်အရာရှိ ဆရာဝန်ဆေးမှူးများ၏ ကျွမ်းကျင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုများသည် တပ်မတော်သားများ၏ ကျန်းမာကြံ့ခိုင်ရေးအတွက် အလွန်အရေးကြီးသည့်တာဝန်တစ်ရပ်ဖြစ်ပြီး တပ်မတော်အင်အား တောင့်တင်းခိုင်မာရေးအတွက်အခြေခံလိုအပ်ချက်ဖြစ်သည်ဟု ပြောသည်။ " တပ်မတော်အရာရှိ ဆရာဝန်ဆေးမှူးတွေဟာ နိုင်ငံတော်ကာကွယ်ရေးစွမ်းပကားမြင့်မားစေဖို့အတွက်လည်း တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါတယ်။ တိုက်ပွဲဝင်စစ်သည်တိုင်း တိုက်စွမ်းရည်မြင့်မားရေးအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးဟာ...

ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဥက္ကဋ္ဌအဖြစ်ဦးဆောင်မည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဖွဲ့စည်း

နစက ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး အဖြစ် ယနေ့တွင် ပြောင်းလဲခန့်အပ်ခြင်းခံခဲ့ရသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်းမှ ဥက္ကဋ္ဌအဖြစ်ဦးဆောင်မည့် လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အား ယနေ့ ဒီဇင်ဘာ ၁၈ ရက်က နစက၏အမိန့်အမှတ် ၅၅/၂၀၂၄ ဖြင့် ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။ နစက အနေဖြင့် ယင်းကော်မရှင်အား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သီးခြားထုတ်ပြန်သွားမည်ဟု ဆိုသည်။ ကော်မရှင်၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းမှ ဒု-ဥက္ကဋ္ဌ (၁)၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်မှ ဒု-ဥက္ကဋ္ဌ(၂)၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအေးကျော်က အတွင်းရေးမှူး၊ စွမ်းအင်ဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071