အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့အား အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကသီးခြား စီ အသီးသီး သွားရောက် တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn အား မတ်လ (၁၂) ရက်တွင် သွားရောက်တွေ့ဆုံခဲ့သည်။
ထို့ပြင် အာဆီယံလူမှု-ယဉ်ကျေးမှုဆိုင်ရာ ဒုတိယအတွင်း ရေးမှူးချုပ် ဦးစံလွင်အား မတ်လ (၁၁) ရက်တွင် လည်း ကောင်း အသီးသီး သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသ ည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တွေ့ဆုံစဉ် ၂၀၂၅ ခုနှစ်၊ မေလတွင် ကျင်းပမည့် (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင် ဆောင်ရွက်နေမှုများ၊ အာဆီယံအသိုက်အဝန်း ထူ ထောင်ရေးနှင့် ဒေသတွင်းပေါင်းစည်းရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် အာဆီယံ ဒုတိယအတွ င်းရေးမှုးချုပ်တို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ အာဆီယံ အစိမ်းရောင် စီးပွားရေးဗဟိုဌာန (ASEAN Institute for Green Economy-AIGE) တည်ထောင်ရေးနှင့် ပြန်လည်လုပ်ငန်းလည်ပတ်ရေးကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး AIGE ဗဟိုဌာန အပြည့်အဝလုပ်ငန်းလည်ပတ်ရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။