အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ၈ နိုင်ငံအား စက်တင်ဘာ ၁ ရက်မှစတင်၍ ပြည်ဝင်ခွင့်ဆိုင်ရာကန့်သတ်မှုများကို ပြန်လည်ဖြေလျော့ပေး
အာဆီအဖွဲ့ဝင်နိုင်များအနက် ၈ နိုင်ငံအား မြန်မာ နိုင်ငံနှင့်နှစ်နိုင်ငံကြား သံတမန်၊အထူးနှင့်သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအ တွက် နှစ်နိုင်ငံပြည်ဝင်ဗီဇာကင်းလွတ်ခွင့်စာချုပ် ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်ဝင်ဗီ ဇာကင်းလွတ်ခွင့်အား ပြန်လည်ခွင့်ပြုပေးသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ဖိလစ်ပိုင်၊က မ္ဘောဒီးယား၊ထိုင်း၊စင်ကာပူ၊အင်ဒိုနီးရှား၊လာအို၊ဗီယက်နမ်နှင့်ဘရူနိုင်းနိုင်ငံတို့အား ပြန်လည်ဖြေလျော့ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ ခွင့်ပြုရာ၌ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ဖြင့် လာရောက်မည့် ခရီးသွားများသည် ကျန်းမာရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသည့် ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဟု နိုင်ငံခြားရေးဝန် ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် ကိုဗစ်(၁၉)ရော ဂါပိုးနှင့်မျိုးရိုးဗီဇပြောင်းရောဂါပိုးအနည်းငယ်ပြန်လည်တွေ့ရှိရသဖြင့် နှာခေါင်းစည်း(Mask) တပ်ရန်၊ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးနှင့်ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံကြရန် ကျန်းမာ ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။