Friday, January 10, 2025

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် (၂)ရက်အတွင်း မီးလောင်မှု (၂)ကြိမ်ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် (၂) ရက်အတွင်း မီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ (၉) ရက်၊...

တက္ကဆပ်စ်၌လေယာဉ်ခရီးစဉ် ၁,၆၅၀ ထက်မနည်းဖျက်သိမ်းရ

ဟူစတန်၊ဇန်နဝါရီ 9 အမေရိကန်နိုင်ငံ တက္ကဆပ်စ်ပြည်နယ်၌ ဆောင်းရာသီမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၁,၆၅၀ ထက်မနည်း ကိုဖျက်သိမ်းခဲ့ရကြောင်း FlightAware မှ သတင်းထုတ်ပြန်ချက်များအရသိရသည်။ ကြာသပတေးနေ့နံနက်ပိုင်းအထိ ပြည်နယ်၏ အဓိကလေဆိပ်များတွင်...

သောင်းနှင့်ချီရှိနေသည့် ဗန်းမော်ဒေသခံ တိုက်ပွဲရှောင်များ အရေးပေါ်...

ဗန်းမော်မြို့တိုက်ပွဲအတွင်း အခြေအနေအရပ်ရပ်ကြောင့် အဝေးနေရာများသို့ မပြောင်းရွှေ့နိုင်ဘဲ ပတ်ဝန်းကျင်အနီးတစ်ဝှက်တွင် ခိုလှုံနေကြရသည့် ဒေသခံ (၁၀,၀၀၀)ကျော်အတွက် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။ ယင်း...

သီလဝါအိမ်ရာရှိ အခန်းများကို ယခုလအတွင်း အတိုးနှုန်းသက်သာစွာဖြင့်...

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကတာဝန်ယူ တည်ဆောက်နေသော သီလဝါအိမ်ရာရှိ အခန်းများကို အတိုးနှုန်းသက်သာစွာဖြင့် ယခုလအတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။ သီလဝါအိမ်ရာတွင် ကျန်ရှိသော (၆) ခန်းတွဲ (၅)...
HomeInternationalအာဆီယံဥက္ကဋ္ဌ၏ မြန်မာအရေး အာရုံစိုက်မှုကို...

အာဆီယံဥက္ကဋ္ဌ၏ မြန်မာအရေး အာရုံစိုက်မှုကို ကမ္ဘောဒီးယားထောက်ခံ

ကမ္ဘောဒီးယားသည် မြန်မာအကျပ်အတည်းကို ဦးစားပေးဖြေရှင်းရန် ယခုနှစ် အာဆီယံသဘာပတိဖြစ်သည့် မလေးရှားကို အပြည့်အဝ ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ လန်ကာဝီမြို့တွင် ဇန်နဝါရီ ၁၈ ရက်မှ ၁၉ ရက်အထိ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) Retreat ကျင်းပရန်ရှိသည်။

မလေးရှားနိုင်ငံသည် ယခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေပြီး ၁၉၆၇ ခုနှစ်က အဖွဲ့ကြီးကို စတင်တည်ထောင်ပြီးနောက် ပဉ္စမအကြိမ်အဖြစ်ဥက္ကဋ္ဌတာဝန်ယူခြင်းဖြစ်သည်။

အာဆီယံဥက္ကဋ္ဌအဖြစ် မလေးရှားသည် မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းခြင်းအပါအဝင် အဓိကစိန်ခေါ်မှုများအတွက် ဦးစားပေးအဖြေရှာရမည်ဟု အန်ဝါက ယမန်နေ့က ပြောကြားခဲ့ကြောင်း The New Straits Times က ဖော်ပြခဲ့သည်။

“ကမ္ဘောဒီးယားအနေနဲ့ အာဆီယံရဲ့ လက်ရှိဥက္ကဋ္ဌနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ မြန်မာနိုင်ငံက ပုံမှန်အခြေအနေကိုပြန်ရောက်ဖို့ အာဆီယံမိသားစုကို ကူညီပေးဖို့ ကမ္ဘောဒီးယားက အဆင်သင့်ရှိပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ Chum Sounry က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်းအတွက် ငြိမ်းချမ်းသောအဖြေကို ရှာဖွေရာတွင် အထောက်အကူဖြစ်စေသော အဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း ကမ္ဘောဒီးယားနိုင်ငံက ချီးကျူးဂုဏ်ပြုကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပြီး အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ရှာဖွေရာတွင် အထောက်အကူဖြစ်စေရန် သက်ဆိုင်သူအများအပြားနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အလိုအပ်ဆုံးသူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ရန် Sounry က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဟွန်ဆန်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုမှ ပထမဆုံးသော နိုင်ငံ့ခေါင်းဆောင် ဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ .

Ref:ခမာတိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် (၂)ရက်အတွင်း မီးလောင်မှု (၂)ကြိမ်ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် (၂) ရက်အတွင်း မီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ (၉) ရက်၊ ည (၈) နာရီ၊ (၂၅) မိနစ်ခန့်က မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့် (၂ )လမ်းတွင် မီးလောင်မှု ဖြစ်ပွား၍ မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(ရန်ကုန်)မှအသင်းဝင်များက ပူးပေါင်းငြှိမ်းသ -တ်ခဲ့ကြပြီး ည (၈) နာရီ (၂၈) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုဖြစ်စဉ်အပြီး ယနေ့...

တက္ကဆပ်စ်၌လေယာဉ်ခရီးစဉ် ၁,၆၅၀ ထက်မနည်းဖျက်သိမ်းရ

ဟူစတန်၊ဇန်နဝါရီ 9 အမေရိကန်နိုင်ငံ တက္ကဆပ်စ်ပြည်နယ်၌ ဆောင်းရာသီမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၁,၆၅၀ ထက်မနည်း ကိုဖျက်သိမ်းခဲ့ရကြောင်း FlightAware မှ သတင်းထုတ်ပြန်ချက်များအရသိရသည်။ ကြာသပတေးနေ့နံနက်ပိုင်းအထိ ပြည်နယ်၏ အဓိကလေဆိပ်များတွင် လေယာဉ်ခရီးစဉ်ပေါင်း ၁၃,၀၀၀ ကျော် ကြန့်ကြာနှောင့်နှေးခဲ့ကြောင်းလည်း FlightAware မှထုတ်ပြန်ကြေငြာခဲ့သည်။ ဆောင်းမုန်တိုင်းကြောင့် တက္ကဆပ်စ်မှ တောင်ပိုင်း ကာရိုလိုင်းနားပြည်နယ်အထိ မိုင် 800 ခန့် ဆီးနှင်းများကျဆင်းကာ ရေခဲလျက်ရှိပြီး အပူချိန်များလည်း တဟုန်ထိုးကျဆင်းလျက်ရှိကြောင်းသိရသည်။ ဗုဒ္ဓဟူးနေ့‌ညနေက တက္ကဆပ်စ် ပြည်နယ်၌ ကျောင်းများယာယီပိတ်ထားကြောင်းကြေငြာခဲ့ပြီး ကြသပတေးနှင့်သောကြာနေ့များတွင် Dallas-Fort Worth ရှိကျောင်းများ ပိတ်ထားမည်ဟုကြေငြာခဲ့သည်။ မုန်တိုင်းအရှိန်ကြောင့် လျှပ်စစ်ဓါတ်အားပြတ်တောက်နိုင်ချေမရှိကြောင်း တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောကြားခဲ့သော်လည်း...

သောင်းနှင့်ချီရှိနေသည့် ဗန်းမော်ဒေသခံ တိုက်ပွဲရှောင်များ အရေးပေါ် အကူအညီများလိုအပ်နေ

ဗန်းမော်မြို့တိုက်ပွဲအတွင်း အခြေအနေအရပ်ရပ်ကြောင့် အဝေးနေရာများသို့ မပြောင်းရွှေ့နိုင်ဘဲ ပတ်ဝန်းကျင်အနီးတစ်ဝှက်တွင် ခိုလှုံနေကြရသည့် ဒေသခံ (၁၀,၀၀၀)ကျော်အတွက် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။ ယင်း ဒေသခံစစ်ဘေးရှောင်များမှာ ဗန်းမော်မြို့ပြင်နေရာအသီးသီးနှင့် ဧရာဝတီတစ်ဖက်ကမ်းမြစ်ကြောင်း တလျှောက်ရှိကျေးရွာများဖြစ်သည့် မြလယ်၊ စင်ခန်း၊ ကွေ့ကြီး၊ ဟန်ထက်၊ မာန်မကောက်၊ ကောင်းတုန်၊ ဆူးပုပ်ကုန်း၊ မာန်တဲ၊ မုန်းခေါင်၊ လိုင်ကာ၊ မုန်းဒိန်ပါ စသည့်ကျေးရွာများသို့ တိမ်းရှောင်နေကြခြင်းဖြစ်သည်ဟု စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူများထံက သိရသည်။ ၎င်းတို့အနေအဖြင့် စစ်ရှောင်များ၏ အဓိကလိုအပ်ချက်များဖြစ်သည့် နေရာ ထိုင်ခင်း၊ အစားအသောက်၊ ရာသီဥတုဒဏ်ခံနိုင်သည့် အမိုးအကာ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071