Friday, April 25, 2025

မန္တလေး Golden City အဆောက်အအုံအတွင်းမှ...

ယနေ့ ဧပြီ(၂၅)ရက် နံနက်ပိုင်းက မန္တလေးမြို့ လမ်း (၃၀)၊ လမ်း(၇၀) နှင့် (၇၁)လမ်းကြားရှိ Golden City အဆောက်အုံအား ဖယ်ရှားရှင်းလင်းရေးလုပ်ဆောင်စဉ်...

ငလျင်ဒဏ်သင့်ဒေသများတွင် ယာယီစာသင်ကျောင်းများ ဆောက်လုပ်မည်

မတ် (၂၈) ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် စာသင်ကျောင်းများ ပြိုကျပျက်စီးသွားသည့် ဒေသများတွင် ယာယီစာသင်ကျောင်းများ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ ဇွန်လ (၂) ရက်တွင် ၂၀၂၅...

ရုရှားသည်ယူကရိန်းသို့ဒရုန်း ၁.၅ သန်းကျော် လွှတ်ခဲ့–ပူတင်

မော်စကို၊ ဧပြီ ၂၃ ရုရှားသည် ယမန်နှစ်တွင် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့များသို့ ဒရုန်းအစင်းရေ ၁.၅ သန်းကျော်ကို ပေးအပ်ခဲ့ကြောင်း သမ္မတဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး စစ်တပ်၏...

ငလျင်အပြီး ဘိလပ်​မြေစက်ရုံမှ ဘိလပ်မြေတန်ချိန် (၆၀,၀၀၀)...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသဖြင့် တည်ဆောက်ရေးလုပ်ငန်းသုံးစက်ရုံများအနေဖြင့် စက်စွမ်းအားပြည့်လည်ပတ်၍ ကုန်ထုတ်လုပ်မှသာ ဈေးနှုန်းတည်ငြိမ်မှုရှိမည်ဟု စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက မှာကြားသည်။ ၎င်းမှ ဧပြီ ၂၄ ရက်နံနက်ပိုင်းက မန္တလေးတိုင်း၊...
HomeNewsLocal Newsအာဆီယံဥက္ကဋ္ဌ နှင့် နစက...

အာဆီယံဥက္ကဋ္ဌ နှင့် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ထိုင်းနိုင်ငံတွင် တွေ့ဆုံမည်

အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားသော မလေးရှားနိုင်ငံ ဝန်ကြီးချုပ်သည် ယခုသီတင်းပတ်အတွင်းတွင် ထိုင်းနိုင်ငံ၌ နစက ဥက္ကဌ ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။

ဆေးဝါးအကူအညီများ ပေးအပ်ခြင်းအပါအဝင် အကူအညီ ပေးအပ်ရေးကို လွယ်ကူချောမွေ့စေရန် အစည်းအဝေးကိုပြုလုပ်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဒတုခ် စရီ အန်ဝါ အီဘရာဟင် က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းနှင့် ကီလာနတန် ရေကြီးမှုအခြေအနေများ၊ အထူးသဖြင့် စုန်ဂါရီဂိုလိုခ်-ရန်တော်ပန်ဂျန် ပဋိပက္ခအရေးပြဿနာများကို ဖြေရှင်းရန်အတွက် အန်ဝါက အာဆီယံ အလွတ်သဘောကော်မတီ အကြံပေး သက်ဆင်ရှင်နာဝပ် နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုန်ထန် ရှင်နာဝပ် တို့နှင့်လည်း ဘန်ကောက်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အာဆီယံ-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူညီမှု အချက်ငါးချက် ဟာ ဆက်ပြီး ရှိနေပေမယ့် လက်ရှိကြုံတွေ့နေရတဲ့ ပြင်းထန်တဲ့ငလျင်ဘေးဒဏ်ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလွယ်ကူချောမွေ့စွာ ပေးနိုင်စေဖို့ ခုတွေ့ဆုံမှုက ရည်ရွယ်ပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ လစဉ်အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ပါသည်။

မည်သို့ဆိုစေ အာဆီယံ ဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်သည် ဗိုလ်ချုပ်မှူးကြီးကို အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် တိုက်တွန်းသွားမည် ဟု သိရသည်။

နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ပြီးခဲ့သည့် ဧပြီ (၄) ရက်နေ့တွင် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် BIMSTEC ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး
BIMSTEC အဖွဲ့ဝင်နိုင်ငံအကြီးအကဲများဖြစ်သည့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် H.E.Ms.Paetongtarn Shinawatra ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြံပေးပုဂ္ဂိုလ်ချုပ် Dr. Muhammad Yunus ၊ ဘူတန်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Tshering Tobgay ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi ၊ နီပေါနိုင်ငံဝန်ကြီးချုပ် H.E.Mr. KP Sharma Oli ၊ သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် H.E. Dr. Harini Amarasuriya နှင့် တွေ့ဆုံခဲ့သေးသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေး Golden City အဆောက်အအုံအတွင်းမှ ရုပ်အလေ-ာင်း (၂) လေ-ာင်း ထပ်မံတွေ့ရှိ

ယနေ့ ဧပြီ(၂၅)ရက် နံနက်ပိုင်းက မန္တလေးမြို့ လမ်း (၃၀)၊ လမ်း(၇၀) နှင့် (၇၁)လမ်းကြားရှိ Golden City အဆောက်အုံအား ဖယ်ရှားရှင်းလင်းရေးလုပ်ဆောင်စဉ် ရုပ်အလေ-ာင်း (၂) လေ-ာင်း ထပ်မံတွေ့ရှိခဲ့ကြောင်း ‌ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။ အဆိုပါ ရုပ်အ‌လေ-ာင်း (၂)လေ-ာင်းအနက် တစ်လေ-ာင်းမှာအသ-က် (၆၀)ဝန်းကျင်ခန့်ရှိ အမျိုးသမီးရုပ်အလေ-ာင်းတစ်လေ-ာင်းနှင့် ကျန်တစ်လေ-ာင်းမှာ ၎င်းနှင့်ဆွေမျိုးတော်စပ်သည်ဟု ယူဆရသည့် ရုပ်အလေ-ာင်းတစ်လေ-ာင်းဖြစ်ပြီး ရုပ်အလေ-ာင်း (၃) လေ-ာင်းရှာဖွေရန်ကျန်ရှိသည်ဟုဆိုသည်။ ထိုအဆောက်အအုံ ရှာဖွေရှင်းလင်းရေးလုပ်ငန်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မန္တလေး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းနှင့် ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးမီးသတ်တပ်ဖွဲ့ဝင်များကပူပေါ င်း...

ငလျင်ဒဏ်သင့်ဒေသများတွင် ယာယီစာသင်ကျောင်းများ ဆောက်လုပ်မည်

မတ် (၂၈) ကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် စာသင်ကျောင်းများ ပြိုကျပျက်စီးသွားသည့် ဒေသများတွင် ယာယီစာသင်ကျောင်းများ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ ဇွန်လ (၂) ရက်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများအားလုံး ပြန်ဖွင့်မည်ဖြစ်ပြီး ငလျင်ဒဏ်ခံကျောင်းများအနေဖြင့် (၂)သုတ်တက်စနစ်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုနည်းတူ ငလျင်ဒဏ်ကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း ဇွန် (၁၆) ရက်မှ (၂၁) ရ က်အထိ ပြန်လည်ကျင်းပသွားမည်လည်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့သည့် အင်အားပြင်ငလျင်ဒဏ်ကြောင့် စာသင်ကျောင်းပေါင်း (၂,၀၀၀) ကျော်...

ရုရှားသည်ယူကရိန်းသို့ဒရုန်း ၁.၅ သန်းကျော် လွှတ်ခဲ့–ပူတင်

မော်စကို၊ ဧပြီ ၂၃ ရုရှားသည် ယမန်နှစ်တွင် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့များသို့ ဒရုန်းအစင်းရေ ၁.၅ သန်းကျော်ကို ပေးအပ်ခဲ့ကြောင်း သမ္မတဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး စစ်တပ်၏ များပြားလာနေသော လိုအပ်ချက်များကို ဖြည့်ဆည်းရန် မလုံလောက်သေးကြောင်း ထပ်မံပြောကြားခဲ့သည်။ "မျက်မြင်ထိန်းချုပ်နိုင်သော FPV အမျိုးအစား ဒရုန်းအစင်းရေ (၄,၀၀၀) ခန့်အပါအဝင် ရှေ့တန်းသို့ အမျိုးအစားစုံ ဒရုန်းတစ်သန်းခွဲကျော်ကို ပေးပို့ခဲ့သည်" ဟု ရုရှားနိုင်ငံ မော်စကိုမြို့ရှိ စစ်ဘက်-စက်မှုလုပ်ငန်းကော်မရှင် အစည်းအဝေးတွင် ပူတင်က ပြောကြားခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာန၏ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးဂုဏ်ပြုပြီး ထုတ်လုပ်မှုကို မြှင့်တင်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071