Home News Local News အာဆီယံ၏ တူညီဆန္ဒ (၅)ချက်အပေါ် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတွင် ရှင်းလင်းဆွေးနွေး

အာဆီယံ၏ တူညီဆန္ဒ (၅)ချက်အပေါ် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတွင် ရှင်းလင်းဆွေးနွေး

0
85

အာဆီယံ၏ တူညီဆန္ဒ (၅)ချက်အပေါ် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့မှ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို မလေးရှားနိုင်ငံ၊ လန်ကာဝီမြို့၌ ဇန်နဝါရီ (၁၉) ရက်က ပြုလုပ်ခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်း‌ရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့မှလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ၂၀၂၅ ခုနှစ်အတွင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မည့် အစီအစဉ်များ ဆွေးနွေးခဲ့ကြပြီး၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက အာဆီယံမိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေး၊ အာဆီယံ၏ ပြင်ပဆက်ဆံရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများနှင့် အာဆီယံ၏ တူညီဆန္ဒ(၅) ချက် အကောင်ထည်ဖော်မှု အခြေ အနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်မှလည်း အာဆီယံ၏ တူညီဆန္ဒ (၅)ချက်အပေါ် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ (၁၈)ရက်က ပြုလုပ်ခဲ့သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းအစည်းအဝေးတွင် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ရေးဆွဲမှုအခြေအနေ၊ အာဆီယံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုအခြေအနေနှင့် အာဆီယံဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရေးအခြေအနေတို့ အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံမှလည်း အာဆီယံ-ရုရှား ဆက်ဆံရေး ညှိနှိုင်းမှုတာဝန်များ ဆောင်ရွက်ကာ နှစ်ဖက်ဆက်ဆံရေး မြှင့်တင်နိုင်မည့် နည်းလမ်းများရှာဖွေသွားရန်ရှိကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here