အာဆီယံ မစ်ဆူဘီရှီဖလားပြိုင်ပွဲအုပ်စု (အေ)တွင် စင်ကာပူအသင်း ဒုတိယနေရာဖြင့် ဆီမီးဖိုင်နယ်တက်ရောက်သွားခဲ့ပြီဖြစ်သည်။
ယမန်နေ့က အုပ်စု(အေ)အဆင့်ပွဲစဉ်များ နောက်ဆုံးကစားပြီးချိန်တွင် စင်ကာပူအသင်းသည် ထိုင်းအသင်းကိုသာ ရှုံးနိမ့်ခဲ့ပြီး အရှေ့တီမောအသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ကို အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။
ထို့ကြောင့် အုပ်စုအဆင့်ပွဲစဉ်များ ကစားပြီးချိန်တွင် ထိုင်းအသင်းက အုပ်စုတွင်းပထမ နှင့် စင်ကာပူအသင်းက အုပ်စုတွင်း ဒုတိယနေရာများဖြင့် ဆီးမီးဖိုင်နယ် တက်ရောက်ခဲ့ခြင်းဖြစ်သည်။
စင်ကာပူအသင်းအနေဖြင့် မလေးရှားအသင်းနှင့်ပွဲစဥ်၌ ဂိုးမရှိသရေရလဒ်အဆုံးသတ်ခဲ့သည့် အတွက် (၂)ပွဲနိုင်၊(၁)ပွဲသရေ၊(၁)ပွဲရှုံးဖြင့် စုစုပေါင်းရမှတ် (၇)မှတ်ရရှိခဲ့သည်။
စင်္ကာပူအသင်းသည် ဆီမီးဖိုင်နယ်အဆင့်ကို ၂၀၂၀ ခုနှစ် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ၌ နောက်ဆုံးတက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲတွင်လည်း ရေပန်းအစားဆုံးအသင်းတစ်သင်းဖြစ်သည့် မလေးရှားအသင်းကိုကျော်လွန်ကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ခြင်းဖြစ်သည်။