Tuesday, November 26, 2024

အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နို ဝင်ဘာ ၂၈...

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၀)ခု၌ မိုးရွာသွန်းနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။ မိုးဇလမှ...

ညောင်ဦးမြို့နယ်၌ စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြင်းစီးအားကစားပွဲတော်ကို ၂၀၂၄ နှစ်...

အမျိုးသားအားကစားပွဲတော်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးဝန်ကြီးဌာနအပြင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့်...

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးဝန်ကြီးဌာနအပြင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ပူးပေါင်း၍...

မော်လမြိုင် စက်သုံးဆီဆိုင်မီးလောင်မှုမှ ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်တွင်...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်မီးလောင်မှုမှ ထိခိုက်ဒဏ်ရာရပြီး ရန်ကုန်တွင် ဆေးကုသမှု ခံယူနေသည့် ဆီဆိုင်ပိုင်ရှင်သည် နိုဝင်ဘာလ (၂၃) ရက်က ကွယ်လွန်သွားခဲ့ကြောင်း ဘိုဘိုဝင်း...
HomeInternationalအာဖဂန်ပြန်လည်တည်ဆောက်ရေး အမေရိက ကူညီသင့်--ရုရှား

အာဖဂန်ပြန်လည်တည်ဆောက်ရေး အမေရိက ကူညီသင့်–ရုရှား

ရုရှား၏ သြဇာကြီးမားသော လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂီရှိုဂူက မော်စကိုသည် အာဖဂန်တွင် ရေရှည်ငြိမ်းချမ်းရေးရရှိရေးအတွက် အကူအညီပေးလိုသည်ဟု အာဖဂန်နစ္စတန်၏ တာလီဘန်ခေါင်းဆောင်များကို တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း ရုရှားသတင်းဌာနများကရေးသား ဖော်ပြကြသည်။

အာဖဂန်တွင် နှစ်ပေါင်းများစွာ စစ်ရေးပါဝင်ပတ်သက်မှုရှိခဲ့သော အမေရိက အနေဖြင့် အာဖဂန်နစ္စတန်ပြန်လည်တည်ဆောက်ရေးတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်သင့်သည်ဟုလည်း ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သည့် ရှိုဂူက ပြောကြားလိုက်သည်။

ကဘူးလ်အစိုးရကို အမေရိက၏ ပိတ်ဆို့ဒဏ်ခတ်မှု ဖိအားများမှ ပြေလျော့စေရေးအတွက် ၎င်းတို့ကို ကူညီရန် တာလီဘန်ခေါင်းဆောင်များက တောင်းဆိုခဲ့သည်ဟု ရုရှားသတင်းဌာနများက ဆိုခဲ့သည်။

ရှိုဂူခေါင်းဆောင်သော ရုရှားကိုယ်စားလှယ်အဖွဲ့သည် မြို့တော်ကဘူးလ်တွင် အာဖဂန်ဒုတိယဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးအပါအဝင် အစိုးရအကြီးတန်းအရာရှိများနှင့် ဆွေးနွေးမှုများလုပ်ခဲ့သည်။

မိမိတို့ နှစ်နိုင်ငံအကြား အပြုသဘောဆောင်သော နိုင်ငံရေးဆွေးနွေးပွဲများ ထူထောင်ရေး အသင့်ရှိနေသည်ကို အတည်ပြုလိုကြောင်းနှင့် ရည်မှန်းချက်များသည် အာဖဂန်နိုင်ငံသားများအကြား ရန်ပြေငြိမ်းရေးလုပ်ငန်းစဉ်အတွက် တွန်းအားဖြစ်စေလိမ့်မည်ဖြစ်ကြောင်း သူက ပြောဆိုခဲ့သည်ဟု သတင်းများတွင် ဖော်ပြသည်။

၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် သမ္မတဗလာဒီမာ ပူတင်သည် အာရှနှင့် အနောက်ကမ္ဘာမဟုတ်သော နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ဦးတည်လာခဲ့သည်။

အမေရိက,က အာရှတွင် တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များ ဖြန့်ကျက်လာခဲ့ပါက ရုရှားသည်လည်း အလားတူလုပ်ဆောင်သွားရန စဉ်းစားမည်ဖြစ်သည်ဟု တနင်္လာနေ့တွင် မော်စကိုက ပြောဆိုခဲ့သည်။

Ref: တီဘီအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နို ဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခု၌ မိုးရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၀)ခု၌ မိုးရွာသွန်းနိုင်သည်ဟု မိုးဇလကအသိပေးခဲ့သည်။ မိုးဇလမှ ယနေ့ နိုဝင်ဘာ ၂၆ ရက်ည ၇ နာရီက အားကောင်းသောမုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၅/၂၀၂၄)အဖြစ် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အားကောင်းသော မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော် မြောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင်(၇၇၀)မိုင်ခန့်ကို ဗဟိုပြုနေကာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်(၃၅)မိုင်နှုန်းခန့်ဖြစ်ပြီး လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိ၍ အဝါရောင်အဆင့်သတ်မှတ်ထားသည်ဟု မိုးဇလကအသိပေးခဲ့သည်။ ထိုသို့ မြန်မာနိုင်ငံဘက်သို့ရောက်ရှိနိုင်ခြင်းမရှိသော်လည်း အားကောင်းသောမုန်တိုင်းငယ်အ ရှိန်ကြောင့်...

ညောင်ဦးမြို့နယ်၌ စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် စတုတ္ထအကြိမ်မြောက် ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြင်းစီးအားကစားပွဲတော်ကို ၂၀၂၄ နှစ် ဒီဇင်ဘာလ (၃၀)ရက်တွင် TUYIN VALLEY ECO-FARM (တုရင်တောင်ခြေ)၌ကျင်းပမည်ဖြစ်၍ ပြိုင်ပွဲဝင်အားကစားသမားနှင့် မြင်းသည် ဒီဇင်ဘာလ (၂၀) ရက်တွင် ရောက်ရှိရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်တစ်ဦးလျှင် ပြိုင်ပွဲဝင်ကြေး တစ်သိန်းကျပ် တိတိနှင့်အတူ ပြိုင်ပွဲဝင်ခွင့်လျှောက်လွှာတွင် အချက်အလက်များအားဖြည့်စွက်၍ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်သို့ ဒီဇင်ဘာ (၁၀) ရက် နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ပြီး အရည်အချင်းစစ်ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များ ပြည့်မီရန်လည်းလိုအပ်မည်ဖြစ်သည်။ ထို့ပြင် ပြိုင်ပွဲဝင်မြင်းများအား...

အမျိုးသားအားကစားပွဲတော်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးဝန်ကြီးဌာနအပြင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် ကြက်ခြေနီအသင်းတို့ကို ပူးပေါင်း၍ စုဖွဲ့ထားရှိ

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကျန်းမာရေးဝန်ကြီးဌာနအပြင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ပူးပေါင်း၍ စုဖွဲ့ထားရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ ထို့ပြင် အရေးပေါ်ကုသမှုဆေးပညာ အထူးကုဆရာဝန်များ၊ အရိုးအထူးကုဆရာဝန်များ၊ အကြောအဆစ် အထူးကုဆရာဝန်များပါ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး အားကစားသမားများ တားမြစ်ဆေးသုံးစွဲမှု စစ်ဆေးရေးလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းကလည်း တိုင်းဒေသကြီး/ ပြည်နယ်များမှ အားကစားပွဲတော်၌ ပါဝင်ယှဉ်ပြိုင်ရန် နေပြည်တော် တည်းခိုရေးစခန်းသို့ ရောက်ရှိနေသည့် အားကစားသမားများ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဖွင့်လှစ်ထားသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071