ပေကျင်း၊ဧပြီ ၁၄
အာရှခေတ်မီတိုးတက်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှုကိုထဲထဲဝင်ဝင်ေဆာင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်ကပြောကြားခဲ့သည်။
အာရှသည် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် မြင့်မားသည့်တိုးတက်မှုအသစ်ဖြစ်ကြောင်းသမ္မတရှီကပြောကြားခဲ့ပြီး ဒေသတစ်ခုလုံး ပြန်လည်ရှင်သန်လာရေးအတွက်အစပျိုးချိန်တွင် မကြုံဖူးသည့်စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်နေရသည်ဟုသူက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးကိုစဥ်ဆက်မပြတ်အောင်၊ တည်ငြိမ်အောင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ချစ်ခင်ရင်းနှီးမှု၊ရိုးသားမှု၊အပြန်အလှန်အကျိုးရှိမှုနှင့် အားလုံးပါဝင်မှု အခြေခံမူကိုဆက်လက်ထိန်းသိမ်းမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာကြီးကို အခွင့်အလမ်းများကို ၎င်း၏ မြင့်မားသော စံနှုန်းများနှင့်အညီ ပိုမို၍ ဆက်လက်ပံ့ပိုးသွားဦးမည်ဖြစ်ပြီး ၎င်း၏အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုများဖြင့်လည်း နိုင်ငံ အားလုံး၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုပေးသွားမည်ဟုလည်း သမ္မတရှီကပြောကြားခဲ့သည်။
Source : ရှင်းဟွာ