အာရှအတွက်ဖြစ်လာမည့် ရုရှား၏ရေနံစိမ်း
ဒိုဟာ၊ဇွန် ၂၁
ရုရှားရေနံစိမ်းနှင့် ထုတ်ကုန်များသည် ၂၀၂၃ ခုနှစ်တွင် အာရှဈေးကွက်များသို့ ဦးတည်သွားမည်ဖြစ်ပြီး ဥရောပအနေဖြင့် ဒီဇယ်ဝယ်ယူရန်အတွက် အရှေ့အလယ်ပိုင်းသို့ပိုဦးတည်သွားမည်ဖြစ်ကြောင်း Vitol ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Russell Hardy က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
၎င်းက ” ဝယ်လိုအားနည်းသွားသည့်တိုင်စွမ်းအင်စျေးကွက်ကဆက်လက်မြဲနေဦးမည်” ဟုဆိုခဲ့သည်။
“ဝယ်လိုအားနည်းသွားပေမဲ့ ဈေးကွက်အများကြီးကျုံ့သွားဖို့တော့မမြင်ဘူး၊၂၀၁၉ ခုနှစ်တုန်းကလို ဓာတ်ဆီနဲ့လေယာဉ်ဆီ၀ယ်လိုအားအဆင့်ကိုပြန်မရောက်သေးပါဘူး။ယေဘုယျအားဖြင့်တော့ ဈေးနှုန်းသင့်တင့်အောင်လုပ်နေရတုန်းပါပဲ” ဟု ဒိုဟာ ၌ Bloomberg ကတာဝန်ယူကျင်းပသော ကာတာစီးပွားရေးဖိုရမ်တွင် မစ္စတာ Hardy ကပြောကြားခဲ့သည်။
“လူတိုင်း စိုးရိမ်ရမယ့် အရာတစ်ခုကတော့ တဟုန်ထိုးတက်နေတဲ့ ကုန်ဈေးနှုန်းတွေကြောင့်စီးပွားပျက်ကပ်တွေ ပိုဖြစ်လာနိုင်ချေရှိတာကိုပါပဲ” ဟုလည်းပြောကြားခဲ့သည်။
Source – Reuters