အာလူးစိုက်တောင်သူများအနေဖြင့် အာလူးအထွက်နှုန်းနည်းပြီး စံချိန်တင်ဈေးရရှိခဲ့သော်လည်း စိုက်ပျိုးစရိတ်များခြင်းကြောင့် တွက်ချေမကိုက်ကြောင်း အာလူးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အဆက်မပြတ်ရွာသွန်းခဲ့သည့်မိုးကြောင့် အာလူးပင်ညှိုးရောဂါ ဖြစ်ပွားခဲ့ပြီး အာလူးအထွက်နှုန်းသည်လည်း ထက်ဝက်မှ သုံးပုံတပုံအထိ ကျသွားခဲ့ကြောင်း သိရသည်။
” ဒီနှစ်က မိုးများတဲ့အပြင် ရေပါကြီးတော့ အာလူးစိုက်ခင်းတွေကအကုန်ပျက်ကုန်တာ။ အဆင်မပြေဘူး။ သွင်းအားစုစရိတ်တွေကလည်းကြီးတော့ ဘယ်လိုမှအဆင်မပြေဘူး။ တအားရှုံးတယ်” ဟု ပင်းတယမြို့ရှိ အာလူးစိုက်တောင်သူတစ်ဦးကပြောသည်။
ပုံမှန်နှစ်မျာတွင် အာလူးမျိုး ပိဿာ (၁,၀၀၀)စိုက်ပျိုးပါက အာလူးအထွက်နှုန်း ပိဿာ (၈,၀၀၀)မှ (၁၀၀၀၀) ကျော်အထိ ထွက်သော်လည်း ယခုနှစ်မိုးရာသီတွင် ပိဿာချိန် (၃,၅၀ ဝ) လောက်သာ ထွက်ရှိတော့ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ လက်လီဈေးကွက်တွင် အာလူးအလတ် (၁)ပိဿာ ကျပ် (၁၀၀၀၀)နှင့် အသေး (၁) ပိဿာ ကျပ် (၈,၀၀၀) ပေါက်ဈေးရှိကြောင်း သိရသည်။