ကျန်းမာရေးဝန်ကြီးဌာနမှ နေပြည်တော်တွင်ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ဝင်ရောက်ယှဥ်ပြိုင်မည့် အားကစားသမားများ၏ ကျန်းမာရေးအတွက်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးဆပ် ကော်မတီမှ ကျန်းမာရေးဝန်ထမ်းများက ယနေ့ ဒီဇင်ဘာ ၄ ရက်တွင် ရွာတော်နှင့် Gold Camp တည်းခိုရေးစခန်းများနှင့် မသန်စွမ်းသူများတည်းခိုနေထိုင်သည့် လယ်ဝေးမြို့နယ်အားက စားရုံတို့၌ အစားအသောက်များအား ကျန်းမာ ရေးနှင့်ညီညွတ်မှုရှိစေရေးအတွက် ချက်ပြုတ်ကျွေးမွေးမည့် အစားအသောက်များကိုစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တည်းခိုရေးစခန်းအတွင်းရှိ ရေကန်များအား ကလိုရင်းခပ်ခြင်း၊ သောက်သုံးရေများအား ရေသန့်ဆေးပြားများခပ်ခြင်း၊ အိမ်သာများအား Sodium Hypochlorite ဆေးဖြန်းခြင်း၊ ဈေးဆိုင်များတွင်ရောင်းချသည့် အစားအသောက်များအား ကျန်းမာရေးနှင့်ညီညွတ်မှုရှိ/မရှိ စစ်ဆေးခြင်းများကိုလည်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ ကျန်းမာရေးဆပ်ကော်မတီမှ ကျန်းမာ ရေးဝန်ထမ်းများမှ ထိခိုက်ဒဏ်ရာရရှိခြင်း၊ ရောဂါဖြစ်ပွားမှုရှိခြင်းများဖြစ်ပေါ်လာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရန်ပြင်ဆင်မှုများလည်းပြုလုပ်ထားကြောင်း သိရသည်။